ခင်ပွန်းဖြစ်သူမှ ဇနီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့်စကားများကြရာ ဇနီးဖြစ်သူမှ… See more
ခင်ပွန်းဖြစ်သူမှ ဇနီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့်စကားများကြရာ ဇနီးဖြစ်သူမှ… See more
Zawgyi
ခင်ပွန်းဖြစ်သူမှ ဇနီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့်စကားများကြရာ ဇနီးဖြစ်သူမှ… See more
၎င်း၏ယောက္ဖဖြစ်သူ တစ်ရွာတည်းနေ ဦးဖေခင်(၄၉)နှစ်သည် ၄င်း၏နေအိမ်အရှေ့ခန်းတွင် ဦးခေါင်းမှသွေးများထွက်ကာသေဆုံးနေကြောင်းအုပ်စုအုပ်ချုပ်ရေးမှူးထံလာရောက်အကြောင်းကြားရာ ရပ်မိရပ်ဖ၊ပြည်သူ့စစ်ခေါင်းဆောင်၊အရန်မီးသတ်ခေါင်းဆောင်တို့နှင့်အတူ
ဦးဖေခင်၏အိမ်သို့သွားရောက်စစ်ဆေးရာ ဦးဖေခင်မှာ ၄င်း၏နေအိမ်အရှေ့ခန်းခန်းအိပ်ယာတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ယာအပေါ်နှုတ်ခမ်းပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ဝဲ ယာ အပေါ်မျက်ခုံးချိုင့်ဝင်ဒဏ်ရာ၊
ယာမျက်လုံးပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ နှဖူးပေါက်ပြဲဒဏ်ရာတို့ဖြင့် သွေးများကြားတွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရ၍ ၄င်း၏ဇနီးဒေါ်မိစိန် အား ၄င်း၏နေအိမ်တွင်မေးမြန်းရာပြောပြခြင်းမရှိသဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူ၍
ချော့မော့မေးမြန်းရာ ခင်ပွန်းဖြစ်သူ ဦးဖေခင်မှာမူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲတတ်သူဖြစ်ပြီး မူးယစ်ဆေးဝယ်ရန်ငွေတောင်းခံစဉ် ဒေါ်မိစိန်မှ မရှိကြောင်းပြောကာမပေးသဖြင့် ဦးဖေခင်မှပြသနာရှာကာ
ဒေါ်မိစိန်၏လည်ပင်းညှစ်ကာလက်သီးဖြင့်ထိုးသဖြင့် ဒေါ်မိစိန်မှ အရှည်တစ်ပေခွဲခန့်ရှိသစ်သားထင်းချောင်းဖြင့်ရိုက်လိုက်ရာ ဦးဖေခင်၏ဦးခေါင်းအားရိုက်မိကာသေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
ဦးဖေခင်အားမသေမချင်းဦးခေါင်းကိုထင်းချောင်းဖြင့်ရိုက်သူ ဒေါ်မိစိန်(၄၇)နှစ်၊ဗမာ/ဗုဒ္ဓ၊တောင်သူ၊သရက်ကုန်းကျေးရွာ၊နန်းမော်လိုက်အုပ်စု၊ဖောင်းပြင်မြို့နယ်နေသူအားအရေးယူပေးပါရန် နန်းမော်လိုက်အုပ်စုအုပ်ချုပ်ရေးမှူးဦးထိန်လင်းကတရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Unicode
ခင်ပွန်းဖြစ်သူမှ ဇနီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့်စကားများကြရာ ဇနီးဖြစ်သူမှ… See more
ဖောင်းပြင်မြို့နယ်၊နန်းမော်လိုက်အုပ်စု၊သရက်ကုန်းကျေးရွာတွင်ညနေ(၁ရး၁၅)အချိန်က မိန်းမဖြစ်သူကခင်ပွန်းဖြစ်သူအားသစ်သားထင်းချောင်းဖြင့်ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ သရက်ကုန်းကျေးရွာနေဦးဇော်မြင့်ဝင်းမှ
၎င်း၏ယောက္ဖဖြစ်သူ တစ်ရွာတည်းနေ ဦးဖေခင်(၄၉)နှစ်သည် ၎င်း၏နေအိမ်အရှေ့ခန်းတွင် ဦးခေါင်းမှသွေးများထွက်ကာသေဆုံးနေကြောင်းအုပ်စုအုပ်ချုပ်ရေးမှူးထံလာရောက်အကြောင်းကြားရာ ရပ်မိရပ်ဖ၊ပြည်သူ့စစ်ခေါင်းဆောင်၊အရန်မီးသတ်ခေါင်းဆောင်တို့နှင့်အတူ
ဦးဖေခင်၏အိမ်သို့သွားရောက်စစ်ဆေးရာ ဦးဖေခင်မှာ ၎င်း၏နေအိမ်အရှေ့ခန်းခန်းအိပ်ယာတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ယာအပေါ်နှုတ်ခမ်းပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ဝဲ ယာ အပေါ်မျက်ခုံးချိုင့်ဝင်ဒဏ်ရာ၊
ယာမျက်လုံးပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ နှဖူးပေါက်ပြဲဒဏ်ရာတို့ဖြင့် သွေးများကြားတွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရ၍ ၎င်း၏ဇနီးဒေါ်မိစိန် အား ၎င်း၏နေအိမ်တွင်မေးမြန်းရာပြောပြခြင်းမရှိသဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူ၍
ချော့မော့မေးမြန်းရာ ခင်ပွန်းဖြစ်သူ ဦးဖေခင်မှာမူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲတတ်သူဖြစ်ပြီး မူးယစ်ဆေးဝယ်ရန်ငွေတောင်းခံစဉ် ဒေါ်မိစိန်မှ မရှိကြောင်းပြောကာမပေးသဖြင့် ဦးဖေခင်မှပြသနာရှာကာ
ဒေါ်မိစိန်၏လည်ပင်းညှစ်ကာလက်သီးဖြင့်ထိုးသဖြင့် ဒေါ်မိစိန်မှ အရှည်တစ်ပေခွဲခန့်ရှိသစ်သားထင်းချောင်းဖြင့်ရိုက်လိုက်ရာ ဦးဖေခင်၏ဦးခေါင်းအားရိုက်မိကာသေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
ဦးဖေခင်အားမသေမချင်းဦးခေါင်းကိုထင်းချောင်းဖြင့်ရိုက်သူ ဒေါ်မိစိန်(၄၇)နှစ်၊ဗမာ/ဗုဒ္ဓ၊တောင်သူ၊သရက်ကုန်းကျေးရွာ၊နန်းမော်လိုက်အုပ်စု၊ဖောင်းပြင်မြို့နယ်နေသူအားအရေးယူပေးပါရန် နန်းမော်လိုက်အုပ်စုအုပ်ချုပ်ရေးမှူးဦးထိန်လင်းကတရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Credit
Leave a Reply
Your email address will not be published.