Zawgyi
အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို ဘုန်းကြီးကျောင်းမှာ ဥပုတ်စောင့်သွားမယ်ဟု အဖော်အဖြစ်ခေါ်ပြီးSee more
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာမှာ အဘိုးဖြစ်သူ အသက် ၈၀ ကျော်အရွယ်အမျိုးသားက အသက် ၁၀ နှစ်အရွယ် မြေးအရင်းဖြစ်သူ မိန်းကလေးကို ပြုကျင့်မှု နှစ်ကြိမ်ကျုးလွန်ခဲ့တယ်ဆိုပြီး ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။
ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲ့ကြီးကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိနေချိန်
၁၀နှစ်အရွယ်ရှိ သမီးဖြစ်သူကို တစ်ရွာတည်းနေ ယောက္ခမ ဦးနီ (၈၁ နှစ်)ဆိုသူက ဗောဓိကုန်းဘုန်းကြီးကျောင်းကို ဥပုတ်စောင့်သွားချိန် အဖော်အဖြစ်ထည့်ပေးဖို့ ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
နေ့လယ်ပိုင်းမှာတော့ ရွာထဲကအမျိုးသားတစ်ဦးဟာ နေအိမ်ကိုလာပြီး အဲ့ဒီအမျိုးသမီးရဲ့ သမီးကို ဦးနီက ပြုကျင့်နေတာမြင်တွေ့ကြောင်း
အသိပေးတဲ့အတွက် သမီးကိုခေါ်ယူမေးမြန်းတဲ့အခါ အရင်လက တစ်ကြိမ်၊အခုလ ၁၈ ရက်နေ့က တစ်ကြိမ်၊ နှစ်ကြိမ်ကျင့်ခဲ့တယ်ဆိုတာကို သိရပါတယ်။
crd VOM
Unicode
အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို ဘုန်းကြီးကျောင်းမှာ ဥပုတ်စောင့်သွားမယ်ဟု အဖော်အဖြစ်ခေါ်ပြီးSee more

crd