သမီးရည္းစားဘ၀မွာ ကိုယ္၀န္(၄)လရတာ ေကာင္ေလးကတာ၀န္မယူႏိုင္လို႕ ဘ၀ကိုအရံႈးေပးသြားတဲ့ ညီမငယ္ေလး 😓
သြားႏွင့္ေပအံုးေတာ့ ေလြးေရ
ခ်စ္သူရည္းစားဘဝမွာ ကိုယ္ဝန္ရၿပီး ၄ လအၾကာ ေကာင္ေလးကို ေျပာျပေတာ့ တာဝန္မယူဘဲ ဖ်က္ခ်ခိုင္းပါတယ္။
ေကာင္မေလးက မဖ်က္ခ်ဘဲ ေကာင္ေလးအိမ္မွာ ေမလ ၁၉ ရက္က သြားေနထိုင္ခဲ့ပါတယ္။
အဲညမွာပဲ ေကာင္ေလးက ရြာထိပ္ကေန ဓားကိုင္ၿပီး ဘယ္သူ႔ကိုမွ မေၾကာက္ေၾကာင္း တစ္ရြာလုံးကို ႀကိမ္းေမာင္းခဲ့သလို မိခင္ကလည္း ေကာင္မေလးေၾကာင့္ သူသား အဲလိုျဖစ္ေနတာဆိုၿပီးေတာ့ ျပစ္တင္ခဲ့ပါေသးတယ္။
ေနာက္တရက္ ေမလ ၂၀ ရက္မွာေတာ့ ေကာင္မေလးအေမက အိမ္ဘက္ ေခၚျပန္သြားပါတယ္။
အိမ္မွာ သမီးျဖစ္သူကို နားခိုင္းၿပီး ေစ်းဆိုင္သြားၿပီးအျပန္ အိမ္ထဲေရာက္ေတာ့ သမီးျဖစ္သူက ကိုယ့္ကိုကိုယ္ အဆုံးစီရင္သြားပါတယ္ 😓
သိရသေလာက္ ေကာင္ေလးဟာ တျခား ေကာင္မေလးကိုလည္း တင္ေတာင္းထားပါတယ္။
အခုေတာ့ အဲဒီေကာင္ေလးကို ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
ဒီျဖစ္ရပ္ဟာ တအာင္းေဒသ နမ့္ဆန္ၿမိဳ႕နယ္ ဟူးခင္ေက်းရြာအုပ္စုထဲမွာ ျဖစ္ပြားခဲ့တာပါ။
အရင္က ဒီလိုကိစၥ ၾကဳံလာရင္ ရပ္ရြာဓေလ့ထုံးတမ္းေတြနဲ႔သာ ေျဖရွင္းခဲ့ၾကတာ မ်ားပါတယ္။
ဒီေနာက္ပိုင္း အခုလို ျဖစ္စဥ္အပါအဝင္ သက္ငယ္ အဓမၼျပဳက်င့္မႈနဲ႔ ေဆြမ်ိဳးထဲက အဓမၼျပဳက်င့္မႈေတြ မၾကာခဏ ၾကားေနရပါတယ္။
ဒီလို ျပစ္မႈ က်ဴးလြန္သူေတြကို အျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္ရမွာပါ။
မိုင္းေကာင္းဆိုင္
ေမလ ၂၄ ရက္
unicode
သမီးရည်းစားဘဝမှာ ကိုယ်ဝန်(၄)လရတာ ကောင်လေးကတာဝန်မယူနိုင်လို့ ဘဝကိုအရှုံးပေးသွားတဲ့ ညီမငယ်လေး 😓
သွားနှင့်ပေအုံးတော့ လွေးရေ
ချစ်သူရည်းစားဘဝမှာ ကိုယ်ဝန်ရပြီး ၄ လအကြာ ကောင်လေးကို ပြောပြတော့ တာဝန်မယူဘဲ ဖျက်ချခိုင်းပါတယ်။
ကောင်မလေးက မဖျက်ချဘဲ ကောင်လေးအိမ်မှာ မေလ ၁၉ ရက်က သွားနေထိုင်ခဲ့ပါတယ်။
အဲညမှာပဲ ကောင်လေးက ရွာထိပ်ကနေ ဓားကိုင်ပြီး ဘယ်သူ့ကိုမှ မကြောက်ကြောင်း တစ်ရွာလုံးကို ကြိမ်းမောင်းခဲ့သလို မိခင်ကလည်း ကောင်မလေးကြောင့် သူသား အဲလိုဖြစ်နေတာဆိုပြီးတော့ ပြစ်တင်ခဲ့ပါသေးတယ်။
နောက်တရက် မေလ ၂၀ ရက်မှာတော့ ကောင်မလေးအမေက အိမ်ဘက် ခေါ်ပြန်သွားပါတယ်။
အိမ်မှာ သမီးဖြစ်သူကို နားခိုင်းပြီး စျေးဆိုင်သွားပြီးအပြန် အိမ်ထဲရောက်တော့ သမီးဖြစ်သူက ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ် 😓
သိရသလောက် ကောင်လေးဟာ တခြား ကောင်မလေးကိုလည်း တင်တောင်းထားပါတယ်။
အခုတော့ အဲဒီကောင်လေးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ တအာင်းဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စုထဲမှာ ဖြစ်ပွားခဲ့တာပါ။
အရင်က ဒီလိုကိစ္စ ကြုံလာရင် ရပ်ရွာဓလေ့ထုံးတမ်းတွေနဲ့သာ ဖြေရှင်းခဲ့ကြတာ များပါတယ်။
ဒီနောက်ပိုင်း အခုလို ဖြစ်စဉ်အပါအဝင် သက်ငယ် အဓမ္မပြုကျင့်မှုနဲ့ ဆွေမျိုးထဲက အဓမ္မပြုကျင့်မှုတွေ မကြာခဏ ကြားနေရပါတယ်။
ဒီလို ပြစ်မှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရမှာပါ။
မိုင်းကောင်းဆိုင်
မေလ ၂၄ ရက်
#Crd