သမီးလောကထဲတွင်ဆက်ရှိနေပါကဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်”ဟုစာရေးခဲ့ကာSee more

သမီးလောကထဲတွင်ဆက်ရှိနေပါကဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်”ဟုစာရေးခဲ့ကာSee more

Zawgyi

သမီးလောကထဲတွင်ဆက်ရှိနေပါကဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်”ဟုစာရေးခဲ့ကာSee more

သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၂) ရပ်ကွက်၊ ကွင်းချောင်းလမ်းသွယ် (၃) လမ်းနေ အသက် ၁၅ နှစ်အရွယ် မဟေမာန်ကျော် ကိုးတန်းကျောင်းသူသည် ယနေ့ မနက် ၇ နာရီဝန်းကျင်က နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်းတွင် အရှည် ၅ပေခန့်ရှိသည့် ချည်သဘက်နှင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရောက်သွားတော့ ခလေးမလေးက ကြမ်းပြင်ပေါ် ချထားပီ၊ သူမိဘတွေက အသက်မှီလိုမှီငြား သိသိခြင်း အောက်ကို ချလိုက်တာလို့ ပြောတယ်၊ အရင်ရောက်နေတဲ့ အိမ်နီးနားချင်းတွေကတော့ ခလေးမလေး ကြိုးဆွဲချတဲ့နားမှာ စာလေးတွေ ရေးထားခဲ့တာ တွေ့တယ်လို့ ပြောတယ်

စာထဲမှာတော့ ဒီလောကကြီးထဲမှာ မနေချင်တော့ဘူး၊သမီးရှိနေရင် အဖေနဲ့အမေလည်း ပိုက်ဆံကုန်မယ် ဆိုတဲ့စာသားအပါအဝင် စာရေးထားခဲ့တာ တွေ့ရတယ်” ဟု (၂) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းဦးက ပြောသည်

ကြိုးဆွဲချ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူအမှတ်(၂) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၂၂)ဖြင့် ဖွင့်လှစ်ထားပြီး ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ မင်းထက်ကျော်(တောင်ငူ) (သတင်းတမန်)

Credit

Unicode

သမီးလောကထဲတွင်ဆက်ရှိနေပါကဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်”ဟုစာရေးခဲ့ကာSee more

သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၂) ရပ်ကွက်၊ ကွင်းချောင်းလမ်းသွယ် (၃) လမ်းနေ အသက် ၁၅ နှစ်အရွယ် မဟေမာန်ကျော် ကိုးတန်းကျောင်းသူသည် ယနေ့ မနက် ၇ နာရီဝန်းကျင်က နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်းတွင် အရှည် ၅ပေခန့်ရှိသည့် ချည်သဘက်နှင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရောက်သွားတော့ ခလေးမလေးက ကြမ်းပြင်ပေါ် ချထားပီ၊ သူမိဘတွေက အသက်မှီလိုမှီငြား သိသိခြင်း အောက်ကို ချလိုက်တာလို့ ပြောတယ်၊ အရင်ရောက်နေတဲ့ အိမ်နီးနားချင်းတွေကတော့ ခလေးမလေး ကြိုးဆွဲချတဲ့နားမှာ စာလေးတွေ ရေးထားခဲ့တာ တွေ့တယ်လို့ ပြောတယ်၊

စာထဲမှာတော့ ဒီလောကကြီးထဲမှာ မနေချင်တော့ဘူး၊သမီးရှိနေရင် အဖေနဲ့အမေလည်း ပိုက်ဆံကုန်မယ် ဆိုတဲ့စာသားအပါအဝင် စာရေးထားခဲ့တာ တွေ့ရတယ်” ဟု (၂) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းဦးက ပြောသည်။

ကြိုးဆွဲချ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူအမှတ်(၂) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၂၂)ဖြင့် ဖွင့်လှစ်ထားပြီး ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ မင်းထက်ကျော်(တောင်ငူ) (သတင်းတမန်)

Credit


Leave a Reply

Your email address will not be published.