သားနှစ်ယောက်ရှင်ပြုကာနီးကျမှဇနီးဖြစ်သူကိုယောကျာင်္းဖြစ်သူမှအိပ်ခါနီးတွင် ဒေါသထွက်ကာSee more

သားနှစ်ယောက်ရှင်ပြုကာနီးကျမှဇနီးဖြစ်သူကိုယောကျာင်္းဖြစ်သူမှအိပ်ခါနီးတွင် ဒေါသထွက်ကာSee more

ားနှစ်ယောက်ရှင်ပြုကာနီးကျမှဇနီးဖြစ်သူကိုယောကျာင်္းဖြစ်သူမှအိပ်ခါနီးတွင် ဒေါသထွက်ကာSee more

အမှုမှ ပြစ်မှုကျူးလွန်သူ ဝင်းမြင့် အောင်(၃၈)နှစ်နှင့် သေဆုံးသူ မခင်စန်းဦး တို့သည် အကြင်လင်မယားဖြစ်ပြီး သား (၂)ဦးထွန်းကားခဲ့သည်။ ပင်လည်ဘူးမြို့နယ်၊ ကြိုးကြာဝင်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြသည်။ ဝင်းမြင့်အောင်သည် သားနှစ် ယောက်ကိုရှင်ပြုနိုင်ရန်အတွက်

လွန်ခဲ့ သည့် (၁)နှစ်ခန့်ကစတင်၍ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာသို့ သွားရောက်အလုပ် လုပ်ကိုင်ခဲ့ရာမှ သားနှစ်ယောက်အား ရှင် ပြုရန်အတွက် ကြိုးကြာဝင်းကျေးရွာသို့ ပြန်လည်ရောက်ရှိ ခဲ့သည်

ဝင်းမြင့်အောင်ကြိုးကြာဝင်းကျေးရွာ သို့ရောက်ရှိပြီး ညနေ တွင် သူငယ်ချင်းနှစ်ဦးနှင့် အရက်သောက် စဉ် ဇနီးဖြစ်သူ မခင်စန်းဦးသည် ကျေးရွာ တွင် ၄င်းမရှိသည့်အချိန်များ၌ အမျိုးသား တစ်ဦးနှင့် တွဲသွားတွဲလာပြုကြောင်း သတင်းကြား သိခဲ့ရသည်

မျက်စပိုးဝင်၊ ဆံတစ်ပင်တင်း ချစ် ခြင်းမယားဆိုသည့်စကားအတိုင်း ဇနီးဖြစ် သူ၏ သတင်းကို ကြားသိရစဉ် ဟုတ် သည်မဟုတ်သည်အပထား ဝင်းမြင့်အောင် တစ်ယောက် စိတ်ဆိုးဒေါသဖြစ်သွားခဲ့ရ သည်။

သို့ဖြစ်၍ ထိုသတင်းကြားလျှင်ကြား ချင်း အိမ်သို့ပြန်လာကာ အိပ်ခန်းထဲတွင် အိပ်နေသော ဇနီးမခင်စခန်းဦးအား ဆွဲထူ ခဲ့သည်။မင်စခန်းဦးအား ရုတ်တရက်ဖြစ်၍ လန့်သွားပြီးတွန်းပစ်ခဲ့ရာ ဝင်းမြင့်အောင် ကြမ်းပေါ်သို့ လဲကျသွားခဲ့သည်။

အရက် ကလည်းမူး၊ ဇနီးအပေါ်၌လည်း သံသယဝင် နေသည့် ဝင်းမြင့်အောင်သည် အနီးတွင် တွေ့ရှိရသည့် အရိုးအသွားတစ်ပေကျော်ခန့် ရှိသည့် ဓားဦးချွန်ဖြင့်မခင်စခန်းဦး၏ ရင်ဝ သို့တစ်ချက်ထိုးပြီး ကျေးရွာဘုန်းကြီး ကျောင်းသို့ သွားရောက်ခဲ့သည်။

မခင်စန်းဦး၏ အော်ဟစ်အကူအညီ တောင်းသံကြောင့် ဆွေမျိုးသားချင်းများ ရောက်ရှိလာပြီး ဆေးဝါးကုသရန် ပင်လည် ဘူးဆေးရုံသို့ ပို့အပ်စဉ် မခင်စန်းဦးသေဆုံး သွားခဲ့သည်။ထိုဖြစ်စဉ်အား မခင်စန်းဦး၏မောင် တော်စပ်သူ ကျော်မင်းခိုင်က တရားလိုပြု လုပ်၍

ပင်လည်ဘူးမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ရာ (ပ)၃၄ရာဇသတ် ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး ဝင်းမြင့် အောင်အား ကျေးရွာဘုန်းတော်ကြီးကျောင်း ၌ လက်ရဖမ်းဆီးနိုင်ခဲ့သည်။ဝင်းမြင့် အောင်က ၄င်း၏လွတ်လပ်သည့်သဘော ဆန္ဒအလျောက် ပင်လည်ဘူးမြို့နယ်တရားရုံး ၌ ပြစ်မှုကျူးလွန်မိကြောင်းဖြောင့်ချက်ပေး ခဲ့သည်။

#Crd


Leave a Reply

Your email address will not be published.