#NweNweTun #ရစ်ရစ် #နွယ်နွယ်ထွန်း
unicode
အိမ်ထောင်ရှိ အမျိုးသားနဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်လွယ်ထားရတဲ့ နွယ်နွယ်ထွန်း
ရစ်ရစ် လို့ လူသိများတဲ့ နွယ်နွယ်ထွန်း ကတော့ သူမရဲ့ လှပတဲ့ Body နဲ့ Sexy ပုံရိပ်လေးတွေကြောင့် ယောက်ျားလေး ပရိသတ်တွေကြား ရေပန်းစားသူတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင် အချိန်က “မိခင်လောင်းတယောက်ဖြစ်ဖို့ ” ဆိုတဲ့ စာသားလေးနဲ့ ပုံတင်ခဲ့ပါသေးတယ်။
သူမရဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေတောင် အံ့ဩနေခဲ့ရတာပါ။
လက်ရှိမှာလည်း သူမဟာ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး
တစ်ဖက် အိမ်ထောင်ရှင်အမျိုးသမီးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလို ရေးသားထားပါတယ်။
“ဂုဏ်သိက္ခာတစ်ခုကြောင့်မပြောပဲ မြိုသိပ်နေခဲ့တဲ့အရာတွေကို အခုချိန်ကနေစပြီး နည်းနည်းချင်းချပြသွားမှာဖြစ်တဲ့အတွက်
သိချင်လို့ ခဏခဏ လာမေးနေကျသော မိတ်ဆွေသူငယ်ချင်းများ ဖျာလေးခင်းပြီးနေရာယူထားကျပါရှင်…
အခုလို ပြောပြနိုင်ဖို့အတွက် စိတ်ဖိစီးမှုတွေကြောင့် အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး စိတ်ကျနေတဲ့ ကျွန်မကို လူလိုသူလိုဖြစ်အောင်
စိတ်ဒဏ်ရာတွေကို သက်သာအောင်အချိန်(၂)နှစ်နီးပါး ဘေးကနေအဖော်ပြု ကျွန်မရူးသမျှကို သည်းခံထိန်းကျောင်းပြုပြင်ပေးပြီး
စိတ်ခွန်အားတွေပေးတဲ့ ချစ်ရသော မိသားစုနှင့် သူငယ်ချင်းကောင်း အမများ၊ ညီမများ အရမ်းကိုကျေးဇူးတင်ပါတယ်။
Physically Abuse မရှိခဲ့ပင်မဲ့ Mentally Abuse ကို နှစ်ရှည်ခံစားခဲ့ရတဲ့အရာတွေပါ ဒီစာကိုဘာ့ကြောင့်တင်ရလဲဆိုရင် ကျွန်မလုပ်လို့ ဘဝပျက်ပါတယ်ပြောလို့
ဘယ်သူ့ဘဝက ဘယ်သူ့ကြောင့်ပျက်လဲသိရအောင်လို့ပါ တချို့လူတွေလည်း သိပြီးသားလို့ ကျွန်မထင်ပါတယ် ။
CB မှာလည်း လာရောက်မေးမြန်းလို့ရပါတယ်။ ကျွန်မပျော်ရွှင်စွာနဲ့အကုန်ပြောပြပေးပါ့မယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။
နောက်ပြီး “အကြီးက ခလေး 2 ယောက် အလတ်က ခလေး တစ်ယောက် နဲ့ အငယ်ဆုံးဖြစ်တဲ့ NNT ရစ်ရစ် ကိုကျ ဗိုက်နဲ့ sg မှာ မိသားစုလိုက် ပို့ပေးထားတာတဲ့
အဲ့ သုံးယောက်ကြားထဲမှာလည်း မယား မွစိ မွစိ လေးတွေကလည်း အများကြီး ရှိသေးတယ်ဆိုပဲ 😅
အဲ့တာပြောတာပေါ့ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားလို့ ရတယ် ဆိုတာ
Youk kyarr တွေ နော် ရမ်းကောင်းတယ် ရှယ် ဘဲ 🙃” လို့လည်း ရေးသားထားတာကို တွေ့ရပါတယ်။
#NweNweTun #ရစ်ရစ် #နွယ်နွယ်ထွန