ဖျက်မိုးရွာနိုင်သည့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ

သီလဝနယ်မြေမှာမိုးတွေရွာမယ်လေ သာစည် ပျော်ဘွယ် ရမည်းသင်းမိုးရွာနိုင်ပြီး ၎င်း မြို့တွေရဲ့အရှေ့ဖက် ရှမ်းတောင်တန်းတောင်ခြေမိုးကြီးနိုင်သဖြင့် ကန်ရေတွေများစွာတိုးနိုင်လာနိုင်ပါတယ် သာစည် ညောင်ရမ်းကန် သက်တော်ဆည် Dam1 &Dam2

ကြီးနီကန် ရမည်းသင်းဆိုလို့ပြောရဦးမယ်
ဇာတာတော်ပုံ ရာဇဝင်ကျမ်းအရ ပုဂံခေတ်နောက်ပိုင်း မြန်မာသက္ကရာဇ် ၆၆၅ ခုနှစ်တွင် ရမည်းသင်းမြို့ကို ဆင်ဖြူမယ်မိဖုရား တည်ထောင်ခဲ့သည်ဟု ဆိုပါတယ် ထိုသို့ နန်းတည်ခဲ့ရာ၌ ကျုံးတော်ကို တူးဖော်ခဲ့ရာ စိမ့်ထွက်လာသော ရေများကို မြည်းစမ်းကြည့်သောအခါ

သင့်တင့်လျောက်ပတ်သော အရသာရှိသည်။ ရေကို မြည်းရာ၌ သင့်သည်၊ ရေမြည်းသင့်ဟူ၍ ခေါ်ရာမှ စကားရွေ့ပြီးလျှင် ရမည်းသင်း ဖြစ်လာသည်ဟု ဆိုကြပါတယ်

သမိုင်းမှာရမည်းသင်းစား သီလဝဆိုသူသည် မြန်မာရာဇဝင်တွင် ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်

ရမည်းသင်းပျော်ဘွယ်နယ်မှ စပျစ်စိုက်ပျိုးကြသူများသတိထားရမှာကတော့ မိုးရွာနိုင်သဖြင့် စပျစ်ဖြတ်ခြင်းလုပ်ငန်းမလုပ်ဆောင်သင့်သေးပါဘူး စပျစ်ဖြတ်တယ်ဆိုတာ မိုးလွတ် ဖြတ်မှသာလျှင် အပွင့်နှင့် စပျစ်သီး အထွက်ကောင်းစေမှာဖြစ်ပါတယ် ISSUED TIME 23/09/2022 AT 8:55AM

၂၄နာရီမှ ၄၈နာရီအတွင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်း မကွေးတိုင်း

ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွေမှာမိုးရွာနိုင်ပြီး နေပြည်တော်တပ်ကုန်း ရမည်းသင်းပျော်ဘွယ် သာစည် လှိုင်းတက် ပြင်ညောင် ခွေရုပ် ယင်းမာပင် ရွာငံ မြို့ကြီးဒေသများတွင်မိုးကြီးနိုင်ပါတယ်

စပါးရိတ်သိမ်းကြမည့်သူတွေသတိ မိုး

၂၀၂၂ စက်တင်ဘာလ ၂၅ရက်နေ့မှ ၃၀ရက်နေ့အတွင်း တောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းတစ်လုံးသိုမဟုတ် နှစ်လုံးဆက်တိုက်ဖြစ်ပေါ်နိုင်ပြီး တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမြောက်ပိုင်းဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ်

အများနားလည်နိုင်ကြစေရန်အတွက် မိုးလေဝသပညာရပ်ဆိုင်ရာဝေါဟာရများကိုအသုံးပြုမှုရှောင်ရှားကာ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မှုအခြေအနေကိုခန့်မှန်းပေးသွားပါမယ်

၂၀၂၂ စက်တင်ဘာလ ၂၆ရက်နေ့နှင့် ၂၇ရက်နေ့တို့တွင် ရေငွေ့ပါဝင်တဲ့လေစီးသက်ရောက်မှုက တနင်္သာရီ တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာမိုးများစွာရွာသွန်းနိုင်သဖြင့် စပါးရိတ်သိမ်းကြမည့်သူများ ပျက်စီးမှုမရှိအောင်ကြိုတင်ပြင်ဆင်ကြပါ အဆိုပါနေ့ရက်တွေမှာပဲ နေပြည်တော် မန္တလေးတိုင်း မကွေးတိုင်းတွေမိုးရွာနိုင်သဖြင့်

မြေပဲဖော်ခြင်းနှမ်းခါခြင်းလုပ်ငန်းဆောင်ကြမယ့် တောင်သူလယ်သမားတွေလည်း ပျက်စီးမှုမရှိအောင် ကြိုတင်စိမံခန့်ခွဲလုပ်ဆောင်ကြပါလို့ ရက်ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ် စက်တင်ဘာလကုန် အောက်တိုဘာလ ပထမပတ်မှာလည်း

အောက်မြန်မာနိုင်ငံတွေမှာ တောင်တရုတ်ပင်လယ်ပြင်ရဲ့ မုန်တိုင်းဖြစ်ပေါ်နိုင်မှုအလာအလာရှိပြီး ဖျက်မိုးအန္တရာယ်ရှိနိုင်သဖြင့် အထူးသတိထားစောင့်ကြည့်ထောက်လှမ်းကာ အဆင့်မြင့် weather data အချက်အလက်များဝယ်ယူပြီး စိစစ်တွက်ချက်ကာ အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်

crd















crd

Leave a Reply

Your email address will not be published.