ခင္ပြန္းျဖစ္သူ၏ သတင္းေပးမႈေၾကာင့္ CDM ဆရာမတစ္ဦး ဖမ္းဆီးခံရ

ခင္ပြန္းျဖစ္သူ၏ သတင္းေပးမႈေၾကာင့္ CDM ဆရာမတစ္ဦး ဖမ္းဆီးခံရ

စကၱငာၻ ၂၁၊ ၂၀၂၂။

သံလြင္ခက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ထီဝန္းရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၄၀ ေက်ာ္အ႐ြယ္ CDM ေက်ာင္းဆရာမ ေဒၚခ်င္လႈိင္ခ်န္ဆားရ္ကို စစ္ေကာင္စီက ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ခင္ပြန္းျဖစ္သူ၏ သတင္းေပးမႈေၾကာင့္ ဆရာမ ေဒၚခ်င္လႈိင္ခ်န္ဆားရ္ ေနထိုင္သည့္ ေနရာကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စက္တင္ဘာလ ၁၆ ရက္ မနက္ ၂ နာရီဝန္းက်င္တြင္ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္ဟု ထီဝန္းရပ္ကြက္၌ ေနထိုင္သူတစ္ဦးက သံလြင္ခက္ကို ေျပာသည္။

၎က “သူ႔အမ်ိဳးသားက သတင္းေပးတာ။ သူ႔ကို လာဖမ္းတဲ့ အခ်ိန္မွာ ဖမ္းတဲ့ သူေတြက ‌ ဓာတ္ပုံျပၿပီးေတာ့ နင့္ကို ဘယ္သူျပတယ္ထင္လဲ၊

နင့္ေယာက်ာ္း အရက္သမား ကို‌ေဇယ်ာ ျပတာလို႔‌ ေျပာတယ္။ သူ႔ေယာက်ာ္းမို႔ အတိအက် ေျပာႏိုင္တယ္လို႔ ယူဆတယ္” ဟုဆိုသည္။

အမ်ိဳးသားျဖစ္သူ၏ သတင္းေပးမႈေၾကာင့္ ဆရာမ ေဒၚခ်င္လႈိင္ခ်န္ဆားရ္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ဆိုေသာ္လည္း ဖမ္းဆီးခံရသည့္ ကိစၥႏွင့္ပတ္သက္ၿပီး သံလြင္ခက္သတင္းဌာနအေနျဖင့္ သီးျခားအတည္မျပဳႏိုင္ေသးေပ။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဆရာမ ေဒၚခ်င္လႈိင္ခ်န္ဆားရ္၏ ညီမျဖစ္သူ အိမ္ ၿခံစည္း႐ိုးကို ေက်ာ္၍ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

၎က “ၿခံခုန္ေက်ာ္ၿပီး ဝင္လာတာ။ တံခါး လာထုၿပီး ဝင္ဖမ္းတဲ့သူက ၉ ေယာက္ ဝင္ဖမ္းတာ။ အျပင္နဲ႔ ေဘးပတ္ပတ္လည္မွာလည္း ေစာင့္‌ေနတဲ့ သူေတြ ရွိတယ္။

ေသနတ္ေတြနဲ႔။ ေသနတ္တစ္ခ်က္ ပစ္လိုက္ေသးတယ္။ ေတာ္ေသးလို႔ လူမထိဘူး” ဟု ဆိုသည္။

ဆရာမ ေဒၚခ်င္လႈိင္ခ်န္ဆားရ္ ဖမ္းဆီးခံရသည့္ အခ်ိန္မွစၿပီး ယေန႔အခ်ိန္အထိ အဆက္သြယ္ မရရွိေသးသည့္အတြက္ မိသားစုဝင္မ်ားလည္း စိုးရိမ္ေနၾကသည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္ အာဏာသိမ္းခ်ိန္ကစၿပီး ယခု ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာ ၁၉ ရက္ထိ ႏိုင္ငံတစ္ဝန္းက CDM ဆရာ၊ ဆရာမ ၂၂၅ ဦးမွာ

စစ္ေကာင္စီတပ္၏ ဖမ္းဆီးထိန္းသိမ္းျခင္း ခံထားရသည္ဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ေကာက္ယူထားသည့္ စာရင္းမ်ားအရ သိရသည္။

ပုံစာ – စစ္ေကာင္စီတပ္၏ ဖမ္းဆီးျခင္း ခံခဲ့ရသည့္ ဆရာမ ေဒၚခ်င္လႈိင္ခ်န္ဆားရ္

ခင္ပြန္းျဖစ္သူ၏ သတင္းေပးမႈေၾကာင့္ CDM ဆရာမတစ္ဦး ဖမ္းဆီးခံရ

စက္တင္ဘာ ၂၁၊ ၂၀၂၂။

သံလြင္ခက္။

unicode

ခင်ပွန်းဖြစ်သူ၏ သတင်းပေးမှုကြောင့် CDM ဆရာမတစ်ဦး ဖမ်းဆီးခံရ

စက္တင္ဘာ ၂၁၊ ၂၀၂၂။

သံလွင်ခက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ထီဝန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် CDM ကျောင်းဆရာမ ဒေါ်ချင်လှိုင်ချန်ဆားရ်ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ခင်ပွန်းဖြစ်သူ၏ သတင်းပေးမှုကြောင့် ဆရာမ ဒေါ်ချင်လှိုင်ချန်ဆားရ် နေထိုင်သည့် နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၆ ရက် မနက် ၂ နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ထီဝန်းရပ်ကွက်၌ နေထိုင်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “သူ့အမျိုးသားက သတင်းပေးတာ။ သူ့ကို လာဖမ်းတဲ့ အချိန်မှာ ဖမ်းတဲ့ သူတွေက ‌ ဓာတ်ပုံပြပြီးတော့ နင့်ကို ဘယ်သူပြတယ်ထင်လဲ၊

နင့်ယောကျာ်း အရက်သမား ကို‌ဇေယျာ ပြတာလို့‌ ပြောတယ်။ သူ့ယောကျာ်းမို့ အတိအကျ ပြောနိုင်တယ်လို့ ယူဆတယ်” ဟုဆိုသည်။

အမျိုးသားဖြစ်သူ၏ သတင်းပေးမှုကြောင့် ဆရာမ ဒေါ်ချင်လှိုင်ချန်ဆားရ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသော်လည်း ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သံလွင်ခက်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆရာမ ဒေါ်ချင်လှိုင်ချန်ဆားရ်၏ ညီမဖြစ်သူ အိမ် ခြံစည်းရိုးကို ကျော်၍ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းက “ခြံခုန်ကျော်ပြီး ဝင်လာတာ။ တံခါး လာထုပြီး ဝင်ဖမ်းတဲ့သူက ၉ ယောက် ဝင်ဖမ်းတာ။ အပြင်နဲ့ ဘေးပတ်ပတ်လည်မှာလည်း စောင့်‌နေတဲ့ သူတွေ ရှိတယ်။

သေနတ်တွေနဲ့။ သေနတ်တစ်ချက် ပစ်လိုက်သေးတယ်။ တော်သေးလို့ လူမထိဘူး” ဟု ဆိုသည်။

ဆရာမ ဒေါ်ချင်လှိုင်ချန်ဆားရ် ဖမ်းဆီးခံရသည့် အချိန်မှစပြီး ယနေ့အချိန်အထိ အဆက်သွယ် မရရှိသေးသည့်အတွက် မိသားစုဝင်များလည်း စိုးရိမ်နေကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကစပြီး ယခု ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ထိ နိုင်ငံတစ်ဝန်းက CDM ဆရာ၊ ဆရာမ ၂၂၅ ဦးမှာ

စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ပုံစာ – စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဆရာမ ဒေါ်ချင်လှိုင်ချန်ဆားရ်

ခင်ပွန်းဖြစ်သူ၏ သတင်းပေးမှုကြောင့် CDM ဆရာမတစ်ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂၁၊ ၂၀၂၂။

သံလွင်ခက်။

Leave a Reply

Your email address will not be published.