မဂၤလာေဆာင္ပြဲက်င္းပေနခ်ိန္မွာ အတြဲလိုက္မိုးႀကိဳးပစ္မႈေၾကာင့္..See more. ..

မဂၤလာေဆာင္ပြဲက်င္းပေနခ်ိန္မွာ အတြဲလိုက္မိုးႀကိဳးပစ္မႈေၾကာင့္..See more. ..

မင်္ဂလာဆောင်ပွဲတွင်မိုးကြိုးအတွဲလိုက်ပစ်ချသဖြင့်(၁၇)ဦးကွယ်လွန်

ဘင်္ဂလားဒေရှ့် နိုင်ငံ အနောက်မြောက်ဘက် Shibganj မြို့တွင် မင်္ဂလာဆောင်ပွဲကျင်းပနေသည့် ပါတီပွဲအတွင်း Panama River မြစ်ကမ်းဘက်မှ မိုးကြိုးမုန်တိုင်းများ အတွဲလိုက်ပစ်ချခဲ့သဖြင့် နောက်ဆုံးသတင်းအရ

လူပေါင်း ၁၇ ဦးသေဆုံးပြီး သတို့သားအပါအဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ The New York Time သတင်းစာတွင်ဖော်ပြခဲ့ပါတယ်။သတို့သား အပါအဝင် ကျန် လူ ၁၄ ယောက်လည်း ဒဏ်ရာရရှိသွားကြပါတယ်။

သတို့သမီးကတော့ ရှိမနေတဲ့ အတွက် ဘာမှမဖြစ်ခဲ့ပါဘူးShibganj မြို့ရဲ့ မြစ်ဆိပ်မှာ သတို့သမီး အိမ်ဆီ သွားဖို့ ရောက်လာကြတဲ့ သတို့သားနဲ့ အဖွဲ့တွေ လှေပေါ်က အဆင်းမှာ မိုးကြိုးမုန်တိုင်းတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ Meherul Islam ဆေးရုံသို့ပို့ဆောင်ကုသထားပြီး ဆေးရုံတာဝန်ခံ Mr. Hossain မှလည်း သေဆုံးသူ ၁၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ် ။အဲဒီအဖွဲ့ထဲကို မိုးကြိုးအချက်တော်တော်များများ ပစ်ချလိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တောင်အာရှ ဒေသမှာ နှစ်စဉ် မိုးကြိုးပစ်ခံရလို့ သေဆုံးရသူ ရာပေါင်းများစွာ ရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ်မိုးကြိုးမုန်တိုင်းပစ်ခတ်မှုကြောင့် လူပေါင်းရာချီသေဆုံးလေ့ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလ တစ်လအတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူပေါင်း ၈၂ ဦးအထိသေဆုံးခဲ့ပြီး တစ်နှစ်အတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး

တရက်တည်းမှာတင် လူ ၈၂ ဦးအထိ သေဆုံးခဲ့ရတာကြောင့် အစိုးရက မိုးကြိုးပစ်တာကို သဘာဝဘေးအန္တရာယ်အဖြစ်တောင် ကြေညာခဲ့ပါတယ်။ ။အထူးသဖြင့် အပူရှိန်အမြင့်မားဆုံးနှင့်ဥတုအပြောင်းအလဲဖြစ်တတ်သည့် မတ်လ ၊ မေလနှင့်ဇူလိုင်လများတွင် မိုးကြိုးများပစ်ချခံရလေ့ရှိပါသည် ။

ကျွမ်းကျင်သူတွေကတော့ တောပြုန်းလာတာတွေကြောင့်လည်း ပါတယ်လို့ ဆိုကြပါတယ်။ အရင်က မိုးကြိုးအပစ်ခံရလေ့ ရှိတဲ့ အပင်မြင့်ကြီးတွေ ပျောက်ကွယ်သွားတာကြောင့် အခုလို မိုးကြိုးပစ်ခံရတဲ့ လူအသေအပျောက်နှုန်း တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

Zawgyi

မဂၤလာေဆာင္ပြဲတြင္မိုးႀကိဳးအတြဲလိုက္ပစ္ခ်သျဖင့္(၁၇)ဦးကြယ္လြန္

ဘဂၤလားေဒရွ႕္ ႏိုင္ငံ အေနာက္ေျမာက္ဘက္ Shibganj ၿမိဳ႕တြင္ မဂၤလာေဆာင္ပြဲက်င္းပေနသည့္ ပါတီပြဲအတြင္း Panama River ျမစ္ကမ္းဘက္မွ မိုးႀကိဳးမုန္တိုင္းမ်ား အတြဲလိုက္ပစ္ခ်ခဲ့သျဖင့္ ေနာက္ဆုံးသတင္းအရ

လူေပါင္း ၁၇ ဦးေသဆုံးၿပီး သတို႔သားအပါအဝင္ ၁၂ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ The New York Time သတင္းစာတြင္ေဖာ္ျပခဲ့ပါတယ္။သတို႔သား အပါအဝင္ က်န္ လူ ၁၄ ေယာက္လည္း ဒဏ္ရာရရွိသြားၾကပါတယ္။

သတို႔သမီးကေတာ့ ရွိမေနတဲ့ အတြက္ ဘာမွမျဖစ္ခဲ့ပါဘူးShibganj ၿမိဳ႕ရဲ႕ ျမစ္ဆိပ္မွာ သတို႔သမီး အိမ္ဆီ သြားဖို႔ ေရာက္လာၾကတဲ့ သတို႔သားနဲ႔ အဖြဲ႕ေတြ ေလွေပၚက အဆင္းမွာ မိုးႀကိဳးမုန္တိုင္းေတြနဲ႔ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။

ဒဏ္ရာရရွိသူေတြကိုေတာ့ Meherul Islam ေဆး႐ုံသို႔ပို႔ေဆာင္ကုသထားၿပီး ေဆး႐ုံတာဝန္ခံ Mr. Hossain မွလည္း ေသဆုံးသူ ၁၇ ဦးအထိရွိသြားၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္ ။အဲဒီအဖြဲ႕ထဲကို မိုးႀကိဳးအခ်က္ေတာ္ေတာ္မ်ားမ်ား ပစ္ခ်လိုက္တာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

ေတာင္အာရွ ေဒသမွာ ႏွစ္စဥ္ မိုးႀကိဳးပစ္ခံရလို႔ ေသဆုံးရသူ ရာေပါင္းမ်ားစြာ ရွိပါတယ္။ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ႏွစ္စဥ္မိုးႀကိဳးမုန္တိုင္းပစ္ခတ္မႈေၾကာင့္ လူေပါင္းရာခ်ီေသဆုံးေလ့ရွိၿပီး လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေမလ တစ္လအတြင္း မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူေပါင္း ၈၂ ဦးအထိေသဆုံးခဲ့ၿပီး တစ္ႏွစ္အတြင္း လူေပါင္း ၂၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး

တရက္တည္းမွာတင္ လူ ၈၂ ဦးအထိ ေသဆုံးခဲ့ရတာေၾကာင့္ အစိုးရက မိုးႀကိဳးပစ္တာကို သဘာဝေဘးအႏၲရာယ္အျဖစ္ေတာင္ ေၾကညာခဲ့ပါတယ္။ ။အထူးသျဖင့္ အပူရွိန္အျမင့္မားဆုံးႏွင့္ဥတုအေျပာင္းအလဲျဖစ္တတ္သည့္ မတ္လ ၊ ေမလႏွင့္ဇူလိုင္လမ်ားတြင္ မိုးႀကိဳးမ်ားပစ္ခ်ခံရေလ့ရွိပါသည္ ။

ကြၽမ္းက်င္သူေတြကေတာ့ ေတာျပဳန္းလာတာေတြေၾကာင့္လည္း ပါတယ္လို႔ ဆိုၾကပါတယ္။ အရင္က မိုးႀကိဳးအပစ္ခံရေလ့ ရွိတဲ့ အပင္ျမင့္ႀကီးေတြ ေပ်ာက္ကြယ္သြားတာေၾကာင့္ အခုလို မိုးႀကိဳးပစ္ခံရတဲ့ လူအေသအေပ်ာက္ႏႈန္း တက္လာတာ ျဖစ္တယ္လို႔ ေျပာပါတယ္။


Leave a Reply

Your email address will not be published.