အမျိုးသမီးပုံစံအသီးတွေသီးတဲ့ ထူးဆန်းတဲ့သစ်ပင်(ရုပ်သံ)

ထိုင္းႏိုင္ငံမွာေပါက္ေရာက္လွ်က္ရွိတဲ့ သစ္ပင္တစ္ပင္ကေန အမ်ိဴးသမီးတစ္ေယာက္ရဲ႕ပုံစံ အသီးေတြ သီးေနတဲ့ သတင္းဟာ ဒီတစ္ပတ္မွာေတာ့ စိတ္ဝင္စားစရာ အေကာင္းဆုံးသတင္း ျဖစ္မယ္ထင္ပါတယ္။

ဒီလိုအပင္မ်ိဳးကို ျမန္မာ့ဒ႑ာရီ ပုံျပင္ေတြထဲမွာလည္း ရွိခဲ့ဖူးၿပီး သူေယာင္မယ္အပင္-လို႔ ေခၚခဲ့ပါတယ္။ ဒီအပင္ကို ထိုင္းဘာသာစကားနဲ႔ Nariphon လို႔ ေခၚၾကၿပီး သူ႔မွာလည္း ဒ႑ာရီေတြ ရွိခဲ့ပါတယ္။ ဒီအပင္ဟာ ထိုင္း႐ိုးရာဒ႑ာရီပုံျပင္ေတြထဲမွာ ပါေလ့ရွိတဲ့ ဒ႑ာရီဆန္ဆန္ Himaphan ဆိုတဲ့ ေတာအုပ္ႀကီး ေပါက္ေရာက္ခဲ့တယ္လို႔ လူေတြက ပါးစပ္ရာဇဝင္ ေျပာခဲ့ၾကၿပီး ဒီမတိုင္ခင္အထိေတာ့ ဘယ္သူမွ တိတိက်က် မျမင္ဖူးခဲ့ပါဘူး။

ထိုင္း႐ိုးရာပုံျပင္ထဲမွာေတာ့ နတ္ဘုရားတစ္ပါးျဖစ္တဲ့ Indra နဲ႔ သူ႔ဇနီး Vessantara တို႔ဟာ ေတာနက္ထဲက အိမ္တစ္လုံးမွာ ကေလးႏွစ္ေယာက္နဲ႔အတူ ေနထိုင္ခဲ့ၾကပါတယ္။ တစ္ရက္မွာ ဇနီးျဖစ္သူ Vessantara ဟာ ေတာထဲမွာ အစာရွာသြားရင္း အစြမ္းထက္တဲ့ ေယာက္်ားမိစာၦေတြရဲ႕တိုက္ခိုက္မႈကို ခံခဲ့ရၿပီး အစာေတြကို စြန႔္ခ်ကာ ထြက္ေျပးခဲ့ရပါတယ္။

အဲဒီအခါမွာ Indra က ယခုကဲ့သို႔ေသာ လူမိန္းမပုံစံ သီးတဲ့အပင္ (၁၂)ပင္ကို ဖန္းဆင္းၿပီး ဇနီးျဖစ္သူကို လိုက္လံတိုက္ခိုက္တဲ့ အမ်ိဳးသားေတြကို ဖ်ားေယာင္းခဲ့ပါတယ္။

အဲဒီအမ်ိဳးသားေတြဟာ Indra ဖန္ဆင္းေပးလိုက္တဲ့ အပင္ေတြကို သယ္သြားၿပီး အသီးကေန ျဖစ္ေပၚလာတဲ့ အမ်ိဳးသမီးေတြနဲ႔ ကာမဂုဏ္အာ႐ုံခံစားကာ ေလးလအထိ အိပ္ေပ်ာ္သြားခဲ့ပါတယ္။

အဲဒီေနာက္ အိပ္ယာက ျပန္ႏိုးတဲ့အခါ မိစာၦေယာက္်ားေတြမွာ အစြမ္းသတၱိေတြ လုံး၀ မရွိေတာ့ဘဲ ပကတိလူသားအတိုင္း ျဖစ္သြာခဲ့တယ္လို႔ ပုံျပင္က ဆိုပါတယ္။ ထိုင္းေတြဟာ Indra နဲ႔ သူ႔ဇနီး Vessantara တို႔ကြယ္လြန္သြားေပမယ့္ အဲဒီထူးဆန္းတဲ့ အပင္ေတြဟာ ဆက္လက္ရွင္သန္ၿပီး မိန္းမပုံစံ အသီးေတြကို သီးေနေသးတယ္လို႔ ေခတ္အဆက္ဆက္က ယူဆခဲ့ၾကပါတယ္။ ယခုအခါမွာေတာ့ သူတို႔ရဲ႕ ယူဆခ်က္ေတြ မွန္ကန္ၿပီလို႔ ေျပာရမလား …ဆိုတာ … ???

Unicode

ထိုင်းနိုင်ငံမှာပေါက်ရောက်လျှက်ရှိတဲ့ သစ်ပင်တစ်ပင်ကနေ အမျိူးသမီးတစ်ယောက်ရဲ့ပုံစံ အသီးတွေ သီးနေတဲ့ သတင်းဟာ ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်မယ်ထင်ပါတယ်။

ဒီလိုအပင်မျိုးကို မြန်မာ့ဒဏ္ဍာရီ ပုံပြင်တွေထဲမှာလည်း ရှိခဲ့ဖူးပြီး သူယောင်မယ်အပင်-လို့ ခေါ်ခဲ့ပါတယ်။ ဒီအပင်ကို ထိုင်းဘာသာစကားနဲ့ Nariphon လို့ ခေါ်ကြပြီး သူ့မှာလည်း ဒဏ္ဍာရီတွေ ရှိခဲ့ပါတယ်။ ဒီအပင်ဟာ ထိုင်းရိုးရာဒဏ္ဍာရီပုံပြင်တွေထဲမှာ ပါလေ့ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် Himaphan ဆိုတဲ့ တောအုပ်ကြီး ပေါက်ရောက်ခဲ့တယ်လို့ လူတွေက ပါးစပ်ရာဇဝင် ပြောခဲ့ကြပြီး ဒီမတိုင်ခင်အထိတော့ ဘယ်သူမှ တိတိကျကျ မမြင်ဖူးခဲ့ပါဘူး။

ထိုင်းရိုးရာပုံပြင်ထဲမှာတော့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ Indra နဲ့ သူ့ဇနီး Vessantara တို့ဟာ တောနက်ထဲက အိမ်တစ်လုံးမှာ ကလေးနှစ်ယောက်နဲ့အတူ နေထိုင်ခဲ့ကြပါတယ်။ တစ်ရက်မှာ ဇနီးဖြစ်သူ Vessantara ဟာ တောထဲမှာ အစာရှာသွားရင်း အစွမ်းထက်တဲ့ ယောက်ျားမိစ္ဆာတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီး အစာတွေကို စွန့်ချကာ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီအခါမှာ Indra က ယခုကဲ့သို့သော လူမိန်းမပုံစံ သီးတဲ့အပင် (၁၂)ပင်ကို ဖန်းဆင်းပြီး ဇနီးဖြစ်သူကို လိုက်လံတိုက်ခိုက်တဲ့ အမျိုးသားတွေကို ဖျားယောင်းခဲ့ပါတယ်။

အဲဒီအမျိုးသားတွေဟာ Indra ဖန်ဆင်းပေးလိုက်တဲ့ အပင်တွေကို သယ်သွားပြီး အသီးကနေ ဖြစ်ပေါ်လာတဲ့ အမျိုးသမီးတွေနဲ့ ကာမဂုဏ်အာရုံခံစားကာ လေးလအထိ အိပ်ပျော်သွားခဲ့ပါတယ်။

အဲဒီနောက် အိပ်ယာက ပြန်နိုးတဲ့အခါ မိစ္ဆာယောက်ျားတွေမှာ အစွမ်းသတ္တိတွေ လုံး၀ မရှိတော့ဘဲ ပကတိလူသားအတိုင်း ဖြစ်သွာခဲ့တယ်လို့ ပုံပြင်က ဆိုပါတယ်။ ထိုင်းတွေဟာ Indra နဲ့ သူ့ဇနီး Vessantara တို့ကွယ်လွန်သွားပေမယ့် အဲဒီထူးဆန်းတဲ့ အပင်တွေဟာ ဆက်လက်ရှင်သန်ပြီး မိန်းမပုံစံ အသီးတွေကို သီးနေသေးတယ်လို့ ခေတ်အဆက်ဆက်က ယူဆခဲ့ကြပါတယ်။ ယခုအခါမှာတော့ သူတို့ရဲ့ ယူဆချက်တွေ မှန်ကန်ပြီလို့ ပြောရမလား …ဆိုတာ … ???

Leave a Reply

Your email address will not be published.