မုံရွာမြို့နယ် တောပုကျေးရွာမှ ပျူစောထီးဆိုသူ ၂ ဦး pစ်tတ်ခံရ (ရုပ်သံဖိုင်)

မုံရွာမြို့နယ် တောပုကျေးရွာမှ ပျူစောထီးဆိုသူ ၂ ဦး pစ်tတ်ခံရ (ရုပ်သံဖိုင်)

မုံရွာမြို့နယ် တောပုကျေးရွာမှ ပျူစောထီးဆိုသူ ၂ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုကျေးရွာတွင်နေထိုင်သည့် ပျူစောထီးဆိုသူနှစ်ဦးကို ယမန်နေ့ မေလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က မုံရွာ-ချောင်းဦး လမ်းဘေးတစ်နေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ပစ်သတ်ခံရသည့် ဦးဇော်အောင်နှင့် ဦးထွန်းနိုင်(ခေါ်)မျောက်သရဲတို့သည် တောပုကျေးရွာတွင်ပျူစောထီး သင်တန်းတက်ရောက်ထားပြီး အနီးအနားကျေးရွာများနှင့် လမ်းသွားလမ်းလာများကို လက်နက်အားကိုး ဖြင့် ဗိုလ်ကျ၊ လုယက်၊ ဓားပြတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်

“ တောပုကျေးရွာက ပျူစောထီးနှစ်ဦးပါ။ လက်နက်ကိုင်ပါတယ်။ အရင်ရက်တွေက အပြင်ထွက်ရင် လက်နက်ပါ ပါတယ်။ မနေ့က ကျွန်တော်တို့ သတင်းရတာကြောင့် မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာ မှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ကျမှ လက်နက် မပါလာခဲ့ဘူး။

နေရာမှာပဲ သေဆုံးခဲ့ ပါတယ်” ဟု ဒေသကာကွယ်ရေး Black Hunter People’s Task Force တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ နှစ်ဦးနှင့် ပတ်သက်၍ ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ပြောကြားမှုများကို မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ

ပစ်ခတ်ရှင်းလင်းရာတွင် ၎င်းနှစ်ဦးက ပြန်လည် ထိုးကြိတ် ခြင်း ကျောက်ခဲဒုတ်များနှင့် ပြန်လည်ခုခံခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကျင်းပ ချိန် ကင်းစောင့်ပေးနေသည့် ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦိး စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ယင်းဖြစ်စဉ်တွင် တောပုကျေးရွာမှ ပျူစောထီးများပါဝင်ခဲ့ခြင်းကြောင့် မိမိတို့ရဲဘော်များအတွက် သွေး ကြွေးပြန်လည် တောင်းယူခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မေလ ၂၁ ရက် ညပိုင်းက ချောင်းဦးမြို့နယ် ရွှေဘူတာကျေးရွာရှိ စစ်ကောင်စီသတင်းပေး ပျူစောထီး ဆိုသူနှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က နှစ်ဖွဲ့ခွဲကာ ၎င်းတို့နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့်ပျူစောထီးများပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို မွှေနှောက် မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်

Crd#

Zawgyi code

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုကျေးရွာတွင်နေထိုင်သည့် ပျူစောထီးဆိုသူနှစ်ဦးကို ယမန်နေ့ မေလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က မုံရွာ-ချောင်းဦး လမ်းဘေးတစ်နေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

ပစ်သတ်ခံရသည့် ဦးဇော်အောင်နှင့် ဦးထွန်းနိုင်(ခေါ်)မျောက်သရဲတို့သည် တောပုကျေးရွာတွင်ပျူစောထီး သင်တန်းတက်ရောက်ထားပြီး အနီးအနားကျေးရွာများနှင့် လမ်းသွားလမ်းလာများကို လက်နက်အားကိုး ဖြင့် ဗိုလ်ကျ၊ လုယက်၊ ဓားပြတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

v

“ တောပုကျေးရွာက ပျူစောထီးနှစ်ဦးပါ။ လက်နက်ကိုင်ပါတယ်။ အရင်ရက်တွေက အပြင်ထွက်ရင် လက်နက်ပါ ပါတယ်။ မနေ့က ကျွန်တော်တို့ သတင်းရတာကြောင့် မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာ မှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ကျမှ လက်နက် မပါလာခဲ့ဘူး။ နေရာမှာပဲ သေဆုံးခဲ့ ပါတယ်” ဟု ဒေသကာကွယ်ရေး Black Hunter People’s Task Force တာဝန်ရှိသူက ပြောသည်။

 

သေဆုံးသူ နှစ်ဦးနှင့် ပတ်သက်၍ ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ပြောကြားမှုများကို မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ ပစ်ခတ်ရှင်းလင်းရာတွင် ၎င်းနှစ်ဦးက ပြန်လည် ထိုးကြိတ် ခြင်း ကျောက်ခဲဒုတ်များနှင့် ပြန်လည်ခုခံခဲ့ကြောင်း ဆိုသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကျင်းပ ချိန် ကင်းစောင့်ပေးနေသည့် ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦိး စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

 

ယင်းဖြစ်စဉ်တွင် တောပုကျေးရွာမှ ပျူစောထီးများပါဝင်ခဲ့ခြင်းကြောင့် မိမိတို့ရဲဘော်များအတွက် သွေး ကြွေးပြန်လည် တောင်းယူခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မေလ ၂၁ ရက် ညပိုင်းက ချောင်းဦးမြို့နယ် ရွှေဘူတာကျေးရွာရှိ စစ်ကောင်စီသတင်းပေး ပျူစောထီး ဆိုသူနှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က နှစ်ဖွဲ့ခွဲကာ ၎င်းတို့နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့်ပျူစောထီးများပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို မွှေနှောက် မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

Crd#


Leave a Reply

Your email address will not be published.