သင့်လက်မပုံစံက ပြောပြမည့် သင့်စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေး

သင့်လက်မပုံစံက ပြောပြမည့် သင့်စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေး

ကျွန်ေ တာ် တို့ရဲ့ လက်ပုံစံက ကျွန်တော်တို့ရဲ့ အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။ သင့်လက်ချောင်း ပုံစံတွေကို ကြည့်ပြီး မှုခင်းဆိုင်ရာ ကိစရပ်တွေကိုတောင် အဖြေရှာနိုင်ပါတယ်။

အထူးသဖြင့် လက်မမှာ လက်ဆစ်နှစ်ဆစ် သာရှိတဲ့ အတွက် ပိုမိုထူးခြားပါတယ်။ ထို လက်မကြောင့်ပဲ ကျွန်တော်တို့ကို အခြား တိရစာန်တွေနဲ့ ကွဲပြားစေတာဖြစ်ပါတယ်။

လူတစ်ယောက် နဲ့တစ်ယောက်တောင်မှ လက်မပုံစံချင်း မတူညီကြပါဘူး။ ထိုသို့တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားတဲ့ လက်မပုံစံကိုကြည့်ပြီး ထိုလူရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေး ကို အကဲဖြတ်နိုင်ပါတယ်။

(၁) A အမျိူးအစား နှင့်တူသော လက်မ

သင့်လက်မရှိ လက်ဆစ်နှစ်ခုလုံးက တူညီနေတယ်ဆိုပါက သင်ဟာ ပျော်ရွင်မှုနဲ့ ငြိမ်းချမ်းမှုကို နှစ်သက်တဲ့ အေးအေးချမ်းချမ်းသမားဖြစ်ပါတယ်။ဒီလိုလက်မပုံစံရှိသူတွေဟာ များသောအားဖြင့် အေးချမ်းပြီးစကားပြောဆိုခြင်းနဲ့စာသင်ခြင်းအတတ်ပညာတွေမှာ ဆရာကျပါတယ်။

သင့်မှာ ဘဝနဲ့ချီတဲ့ ဗဟုသုတတွေပြည့်ဝနေသူပါ။သင်ဟာ ကိုယ်ချင်းစာနာစိတ်ပြည့်ဝတဲ့သူဖြစ်လို့ ကိစ္စတစ်ခုဖြစ်တိုင်း သင့်ကိုရင်ဖွင့်တိုင်ပင်ချင်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေ သင့်အနားမှာ အမြဲရှိနေတတ်ပါတယ်။

(၂) B နဲ့တူသော လက်မ အမျိူးအစား

သင့်လက်မရဲ့ ပထမအဆစ်ဟာ ဒုတိယအဆစ်ထက် ပိုရှည်နေပါက သင်ဟာ ပြီးပြည့်စုံကောင်းမွန်မှုကို အလွန်မြတ်နိုးသူ တနည်းအားဖြင့် perfect ဖြစ်မှ ကြိုက်တဲ့ perfectionist တစ်ယောက်ပဲ ဖြစ်ပါတယ်။

သင်ဟာ သင့်စိတ်ကူးစိတ်သန်းတွေကို အလွန်တရာ အလေးထားဆောင်ရွက်ပြီး ကိစ္စတိုင်းကို အသေးစိတ်ကအစ တိကျစွာဆောင်ရွက် တတ်သူဖြစ်ပါတယ်။

သင်ဟာ ပြီးပြည့်စုံအောင်မြင်မှုကို တန်ဖိုးထားသူဖြစ်တာနဲ့အညီ သင့်မှာ ရည်မှန်းချက်တစ်ခုခုအမြဲရှိနေတတ်ပါတယ်။တစ်ခါတစ်ရံမှာတော့ သင်ဟာ အတွေးအခေါ်တွေကို အလေးထားသူဖြစ်တတ်ပြီး အောင်မြင်ဖို့အတွက်နည်းလမ်းကောင်းတစ်ခုကို ရှာဖွေနေသူ ဖြစ်ပါတယ်။ သင်ဟာရိုးသားသူဖြစ်တာမို့ လူတွေရဲ့ လေးစားခြင်းကိုခံရသူလည်း ဖြစ်ပါတယ်။

(၃) C နဲ့တူသော လက်မအမျိူးအစား

သင့်လက်မရဲ့ ဒုတိယ အဆစ်ဟာ ပထမအဆစ်ထက် ကြီးမားနေပါက သင်ဟာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ သင့်ဘဝမှာ အောင်မြင်မှုကို ဘယ်တော့မှလွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။

ဒါပေမယ့် သင်ဟာ အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နို်င်ခဲ့တာချည်း ဖြစ်ပါတယ်။ဒီလိုလက်မမျိူးရှိသူတွေဟာ စမတ်ကျပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိသူဖြစ်ပါတယ်။

သင့်စိတ်ကူးစိတ်သန်းတွေဟာ အမြဲပြတ်သားပြီး သင်ဟာတွေဝေခြင်းမရှိပဲ ဆုံးဖြတ်ချက်တိုင်းကို တိကျစွာ ချမှတ်တတ်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ လုပ်ငန်းခွင်တွေမှာယုံကြည်စိတ်ချရသူတစ်ယောက်အဖြစ် သတ်မှတ်ခံရသူ ဖြစ်တတ်ပါတယ်။

(၄) လွယ်ကူစွာ ကွေးနိုင်သော လက်မအမျိူးအစား

သင့်လက်မကို မတ်မတ်ထောင်ကြည့်ပါ။ထို့နောက် အခြားလက်ဖြင့် ထိုလက်မကို ဖိကြည့်ပါ။အလွယ်တကူကွေးသွားပါက သင်ဟာ စိတ်ခံစားလွယ်ပြီး သင့်စိတ်ထဲရှိတဲ့အတိုင်းကွယ်ဝှက်မထားတတ်သူမျိူး ဖြစ်ပါတယ်။

ထိုလက်မအမျိူးအစားကို တောင်တက်သမားလက်မလို့တင်စားခေါ်ဝေါ်ပြီး ထိုလက်မပိုင်ရှင်များအနေဖြင့် ပတ်ဝန်းကျင်အသစ်နဲ့ အပြောင်းအလဲအသစ်တိုင်းကို လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်သူများဖြစ်ကြပါတယ်။

ထို့ပြင် အနုပညာနဲ့ပတ်သက်ပြီး စိတ်ကူးစိတ်သန်းကောင်းများကိုလည်း ပိုင်ဆိုင်တတ်ကြပါသေးတယ်။သင်ဟာအနုပညာသမားဖြစ်ဖို့ မွေးဖွားလာတယ်ဆိုရင် မမှားပါဘူး။ထိုလက်မမျိူးရှိသူတွေဟာ အလွန်စပ်စုတတ်ကြပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားစွာလေ့လာကြပါတယ်။ပြဿနာများကိုကျော်လွားပြီးအောင်မြင်မှုရရှိအောင်လည်း ကြိုးစားတတ်ကြသူများဖြစ်ပါတယ်။

(၅) ဖြောင့်တန်းသောလ က်မအမျိူးအစား

သင့်လက်မကို မတ်မတ်ထောင်ကြည့်ပါ။ သင့်လက်မဟာ ကွေးကောက်ခြင်းမရှိပဲ ထောင်မတ်နေပါက သင်ဟာခေါင်းမာတတ်ပြီး လွမ်းမိုးလိုတဲ့ စိတ်နေသဘောထား ရှိသူဖြစ်ပါတယ်။

သင်ဟာအနေတည်သူဖြစ်တာမို့ ပတ်ဝန်းကျင်ကရှိန်တတ်ပေမယ့် ကတိတည်သူ တစ်ယောက်ဖြစ်တဲ့အတွက် သင့်ကိုလေးစားကြပါတယ်။ သင်ဟာကိစ္စတိုင်းကို ချက်ခြင်းခွဲခြမ်း စိတ်ဖြာနိုင်တဲ့အစွမ်းရှိပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချတတ်သူဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published.