မိမိအကောင့်တွေကို သတိထားရတော့မည့် facebook ရဲ့ ပြောင်းလဲလာတဲ့ policy

မိမိအကောင့်တွေကို သတိထားရတော့မည့် facebook ရဲ့ ပြောင်းလဲလာတဲ့ policy

အားလုံး အားလုံး မိမိ Facebook အကောင့်ကို နှမြောတယ်ဆိုရင် အထူးဂရုစိုက်ကြပါ။

ဒီနေ့ Facebook အကောင့် နှစ်ခု သုံးတဲ့သူတွေ သတိထားကြပါ။

ဒီနေ့ Facebook အကောင့် နှစ်ခု သုံးတဲ့သူတွေ၊ အကောင့် တစ်ခုတည်းကို ဖုန်းနှစ်လုံးနဲ့ သုံးတဲ့သူတွေ၊ Device သုံးလေးခု သုံးတဲ့သူတွေ မိမိအကောင့်ကို ရှိနေတဲ့ Device မှာပဲ ငြိမ်ငြိမ်လေး သုံးပေးကြပါ။

အကောင့်ကို ဝင်လိုက် ထွက်လိုက် ဟိုအကောင့်ပြောင်းလိုက် ဒီအကောင့်ပြောင်းလိုက် လုံးဝ မလုပ်ကြပါနဲ့။ VPN ကိုလည်း ပြောင်းသုံးတာတွေ မလုပ်ကြပါနဲ့။

ဒီနေ့ Facebook ရဲ့ Security Tools တစ်ခုရဲ့ Ai စနစ်တစ်ခု ချို့ယွင်းချက်ကြောင့် အကောင့်တွေကို Lock ချတာတွေ ဖြစ်နေပါတယ်။

Lock ချတဲ့ နေရာမှာလဲ အကောင့်တစ်ခုတည်းကိုပဲ lock ချတာ မဟုတ်ဘဲ မိမိဖုန်းမှာ login လုပ်ထားတဲ့ အကောင့်တိုင်း Lock ကျသွားမှာပါ။

Lock ကျသွားပြီ ဆိုရင်လဲ ID တောင်းပါလိမ့်မယ်။ မိမိဘာသာ ပြန်ဆယ်မည့်သူတွေအနေနဲ့ Facebook က ID တောင်းတဲ့အခါ ခေါင်းအေးအေးထားပြီး သေချာပြင်ဆင်ပါ။

မိမိအကောင့်မှာ ပေးထားတဲ့ နာမည်နဲ့ မွေးနေ့ဟာ မိမိတင်သွင်းမည့် ID Card က အချက်အလက်နဲ့ အားလုံး တူညီရပါမယ်။

အကယ်၍ မတူညီရင် ID တင်သွင်းခြင်းကို မလုပ်ဆောင်သေးဘဲ နားလည် တတ်ကျွမ်းတဲ့သူများနဲ့ တိုင်ပင်ပါ။

ID တင်သွင်းပြီးသွားလို့ အမှားပါသွားရင် အကောင့်ဟာ အပြီး ပိတ်သိမ်းခံရပါလိမ့်မယ်။

နောက်တစ်ခုက အခုချိန်ဟာ Facebook Team က Work from Home ဖြစ်သွားတာကြောင့် –

“Thank you for sending your information.

We have fewer people available to review information due to the coronavirus (COVID-19) pandemic.

This means we may be unable to review your account.” ဆိုတဲ့ စာတန်းကို ပြသပါလိမ့်မယ်။

သဘောကတော့ သူတို့က Lock ကျသွားတဲ့ အကောင့်တွေကို လူကိုယ်တိုင် ပြန်မစစ်ပေးတော့ဘူး။ Ai ကနေပဲ စစ်မှာ ဖြစ်လို့ အမှားပါသွားရင် လုံးဝ ဆုံးရှုံးရမှာပါ။

အားလုံး အားလုံး မိမိ Facebook အကောင့်ကို နှမြောတယ်ဆိုရင် အထူးဂရုစိုက်ကြပါ။

Credit – Nga YE

Leave a Reply

Your email address will not be published.