သမၼတ႐ုံးညႊန္ခ်ဳပ္ေဟာင္း ဦးေဇာ္ေဌး ကြယ္လြန္

သမၼတ႐ုံးညႊန္ခ်ဳပ္ေဟာင္း ဦးေဇာ္ေဌး ကြယ္လြန္

သမၼတ႐ုံးညႊန္ခ်ဳပ္ေဟာင္း ဦးေဇာ္ေဌး ကြယ္လြန္

ဦးသိန္းစိန္အစိုးရနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အစိုးရ ႏွစ္ဆက္ သမၼတ႐ုံးရဲ့ ေျပာေရးဆိုခြင့္ရွိသူအျဖစ္တာဝန္ယူခဲ့တဲ့ သမၼတ႐ုံးညႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဦးေဇာ္ေဌး ဒီကေန႔ ေမ ၂၃ ရက္ မနက္မွာ ကြယ္လြန္သြားပါတယ္။

႐ုတ္တရက္ ႏွလုံးေအာင့္လို႔ ေနျပည္ေတာ္ ခုတင္တစ္ေထာင္ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမယ့္ အသက္မမီဘဲ အသက္ ၄၉ ႏွစ္အရြယ္မွာ ဆုံးပါးသြားခဲ့တာလို႔ မိသားစုနဲ႔နီးစပ္သူေတြက ဘီဘီစီကိုေျပာပါတယ္။

သူဟာ ၂၀၂၀ ေရြးေကာက္ပြဲေနာက္ပိုင္း အစိုးရနဲ႔ တပ္မေတာ္ တင္းမာေနခ်ိန္ ေစ့စပ္ညႇိႏွိုင္းေရးကိစၥေတြမွာ အဓိကပါဝင္ခဲ့သူ ျဖစ္ပါတယ္။အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ သူလည္း ထိန္းသိမ္းခံခဲ့ရပါတယ္။

ထိန္းသိမ္းခံထားရာကေနျပန္လည္လြတ္ေျမာက္လာၿပီးတဲ့ေနာက္ ရာထူးကေန အနားေပးခံရပါတယ္။

ဦးေဇာ္ေဌးဟာ လက္ရွိစစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ စစ္တကၠသိုလ္ကတည္းက သူငယ္ခ်င္းေတြျဖစ္ၿပီး အပတ္စဥ္ (၃၇) ဆင္းေတြျဖစ္ပါတယ္။

ဦးေဇာ္ေဌးဟာ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ကိုေရာက္ခဲ့ၿပီး တပ္မေတာ္အစိုးရလက္ထက္မွာ ဗိုလ္ခ်ဳပ္ႀကီးစိုးဝင္းနဲ႔ ဆုံခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးစိုးဝင္း ဝန္ႀကီးခ်ဳပ္ျဖစ္ေတာ့ ဦးေဇာ္ေဌးဟာ ဗိုလ္မႉးအဆင့္နဲ႔ အရပ္ဘက္ကိုေျပာင္းခဲ့ပါတယ္။

အဲ့ဒီေနာက္ ဗိုလ္ခ်ဳပ္ႀကီးစိုးဝင္း ကြယ္လြန္ေတာ့ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာသူ ဦးသိန္းစိန္နဲ႔ေတြ႕ၿပီး သမၼတ႐ုံးကို ဆက္ပါလာသူျဖစ္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အတိုင္ပင္ခံပုဂၢိဳလ္ရာထူးအတြက္ ဖြဲ႕စည္းတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးရဲ့ ညႊန္ၾကားေရးမႉးခ်ဳပ္လည္းျဖစ္လာပါတယ္။

ႀကံ့ခိုင္ေရးအစိုးရ နဲ႔ NLD အစိုးရလို မတူညီတဲ့ အစိုးရႏွစ္ဆက္လုံးရဲ့ ယုံၾကည္မႈကိုရခဲ့ၿပီး အစိုးရမူဝါဒေတြကို သတင္းစာရွင္းလင္းပြဲေတြမွာထြက္ေျပာခဲ့သူျဖစ္ပါတယ္။

ဓာတ္ပုံ – Getty Images

ဘီဘီစီ ျမန္မာပိုင္း

unicode

သမ္မတရုံးညွှန်ချုပ်ဟောင်း ဦးဇော်ဌေး ကွယ်လွန်

ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ နှစ်ဆက် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ယူခဲ့တဲ့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး ဒီကနေ့ မေ ၂၃ ရက် မနက်မှာ ကွယ်လွန်သွားပါတယ်။

ရုတ်တရက် နှလုံးအောင့်လို့ နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်မမီဘဲ အသက် ၄၉ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

သူဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရနဲ့ တပ်မတော် တင်းမာနေချိန် စေ့စပ်ညှိနှိုင်းရေးကိစ္စတွေမှာ အဓိကပါဝင်ခဲ့သူ ဖြစ်ပါတယ်။အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။

ထိန်းသိမ်းခံထားရာကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ရာထူးကနေ အနားပေးခံရပါတယ်။

ဦးဇော်ဌေးဟာ လက်ရှိစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်တက္ကသိုလ်ကတည်းက သူငယ်ချင်းတွေဖြစ်ပြီး အပတ်စဉ် (၃၇) ဆင်းတွေဖြစ်ပါတယ်။

ဦးဇော်ဌေးဟာ လေကြောင်းရန်ကာကွယ်ရေးတပ်ကိုရောက်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစိုးဝင်း ဝန်ကြီးချုပ်ဖြစ်တော့ ဦးဇော်ဌေးဟာ ဗိုလ်မှူးအဆင့်နဲ့ အရပ်ဘက်ကိုပြောင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်တော့ ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ ဦးသိန်းစိန်နဲ့တွေ့ပြီး သမ္မတရုံးကို ဆက်ပါလာသူဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအတွက် ဖွဲ့စည်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်လာပါတယ်။

ကြံ့ခိုင်ရေးအစိုးရ နဲ့ NLD အစိုးရလို မတူညီတဲ့ အစိုးရနှစ်ဆက်လုံးရဲ့ ယုံကြည်မှုကိုရခဲ့ပြီး အစိုးရမူဝါဒတွေကို သတင်းစာရှင်းလင်းပွဲတွေမှာထွက်ပြောခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ – Getty Images

ဘီဘီစီ မြန်မာပိုင်း


Leave a Reply

Your email address will not be published.