သင်နဲ့သင့်ချစ်သူကြားမှာဒီအခြေအနေ(၆)ခုကိုကြုံနေရရင်တော့လမ်းခွဲလိုက်တာအကောင်းဆုံးပါ

သင့်ချစ်သူနဲ့ပတ်သက်လို့ သူနဲ့ဆက်ပြီးလက်တွဲရမလား၊ လမ်းခွဲရမလားဆိုတဲ့အတွေးတွေဝင်လာပြီဆိုရင်

သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက အဆင်ပြေနိုင်ချေနည်းတဲ့အနေအထားမျိုးဖြစ်နေပါပြီ

တကယ်လို့ သင်တို့နှစ်ယောက်ကြားမှာ အခုဖော်ပြမယ့် အချက်လေးတွေရှိနေတယ်ဆိုရင်တော့

ရှေ့ဆက်လက်တွဲတာထက်၊ လမ်းခွဲလိုက်တာပိုကောင်းတဲ့ အခြေအနေမျိုးဖြစ်နေပြီလို့ ပြောချင်ပါတယ်

(၁) ကိုယ်ကသူ့ရဲ့ဦးစားပေးပုဂ္ဂိုလ်မဟုတ်ဘူးဆိုရင်

လူတိုင်းအတွက်ကိုယ်က VIP မဖြစ်နိုင်ဘူးဆိုပေမယ့် ကိုယ့်ချစ်သူအတွက်တော့ ကိုယ်ကပဲ VIP တစ်ယောက်ဖြစ်ချင်တာပေါ့။

အဲ့ဒီလိုမှမဟုတ်ဘဲ ကိုယ့်ချစ်သူကတောင် ကိုယ့်ကိုဘယ်နေရာမှာမှဦးစားမပေးဘူးဆိုရင်တော့ ဒီအချစ်ရေးက ရေရှည်မှာအဆင်ပြေဖို့ လမ်းမရှိတော့ပါဘူး

(၂) ကိုယ်ပျော်ရွှင်အောင်ဘာမှလုပ်မပေးတော့ရင်

တွဲလာတာကြာလာတဲ့အခါ ယောကျာ်းလေးတွေဘက်က သူကတော့ငါနဲ့ပြတ်နိုင်မှာမဟုတ်ပါဘူး၊

ငါတို့နှစ်ယောက်ကမပြတ်တော့ပါဘူး ဆိုတဲ့အတွေးမျိုးဖြစ်လာပြီး ချစ်သူမိန်းကလေးပျော်ရွှင်အောင်လုပ်ပေးဖို့အတွက် စိတ်မပါတော့ပါဘူး။

ယောကျာ်းလေးတွေမသိတာက ကိုယ့်ချစ်သူပျော်အောင်အားထုတ်မှုမရှိတာကလည်း လမ်းခွဲပြတ်စဲဖို့ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုဖြစ်နေတယ်ဆိုတာပါပဲ

(၃) သူ့မှာအနာဂတ်စိတ်ကူးမရှိဘူးဆိုရင်

ပါးစပ်ကဘယ်လောက်ပဲချစ်တယ်လို့ တဖွဖွပြောနေပါစေ၊ သူ့မှာ ကိုယ်နဲ့ပတ်သက်လို့ အနာဂတ်အစီအစဉ်မရှိထားဘူးဆိုရင် ရှေ့ဆက်လက်တွဲဖို့ပြန်စဉ်းစားရတော့မှာပါ

(၄) နေ့တိုင်းစိတ်ညစ်နေရရင်

ချစ်သူလို့လည်းပြောသေး ကိုယ်ပျော်ရွှင်အောင်ဘာမှမလုပ်ပေးတဲ့အပြင် နေ့တိုင်းစိတ်ညစ်၊စိတ်ဆင်းရဲအောင်လည်းလုပ်နေသေးတယ်ဆိုရင်တော့ သေချာပေါက် လမ်းခွဲသင့်တဲ့သူမျိုးပါ

(၅) ကိုယ်ကပဲစောင့်နေရရင်

ဘယ်သွားသွား၊ ဘာလုပ်လုပ် ကိုယ်ကပဲ သူ့ကိုအမြဲ စောင့်နေရတယ် ဆိုရင်တော့ သူ့ဘက်ကကိုယ့်ကို တော်တော်အလေးမထားမှန်း သိသာနေပါပြီ။

ကိုယ်ကပဲ တစ်ချိန်လုံးစောင့်နေရတဲ့ Mr Late ဆိုရင်တော့ သူနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေပြန်ပြင်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်နော်

(၆) ကိုယ်လိုအပ်ချိန်တိုင်းရှောင်နေရင်

ကိုယ်လိုအပ်တဲ့အချိန်မှာ တခြားသူတွေဘေးမှာမရှိတာက ဘာမှမဖြစ်ပါဘူး။

ဒါပေမယ့် ကိုယ့်ချစ်သူဖြစ်ပြီး ရှောင်နေတယ်ဆိုရင်တော့ လုံးဝမဖြစ်သင့်ပါဘူး။

ဒီလို လိုအပ်ချိန်တောင် ဘေးမှာမရှိတဲ့ ချစ်သူကို ဘာအကြောင်းပြချက်တွေကြောင့်များ လက်တွဲနေဦးမှာလဲနော်။

#Credit

Leave a Reply

Your email address will not be published.