ငွေကျပ်(၈)သိန်းချေးယူထားသည်ကို သွားတောင်းရာ ပြန်မပေးဘဲစိန်ခေါ်လိုက်သဖြင့် ကြွေးရှင်မှ… See more

ငွေကျပ်(၈)သိန်းချေးယူထားသည်ကို သွားတောင်းရာ ပြန်မပေးဘဲစိန်ခေါ်လိုက်သဖြင့် ကြွေးရှင်မှ… See more

ငွေကျပ်(၈)သိန်းချေးယူထားသည်ကို သွားတောင်းရာ ပြန်မပေးဘဲစိန်ခေါ်လိုက်သဖြင့် ကြွေးရှင်မှ… See more

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ် နဘားကျေးရွာတွင် ငွေကျပ်(၈)သိန်းချေးယူထားသည်ကို ပြန်လည်တောင်းခံရာမှာ မပေးသဖြင့်အချင်းများခဲ့ပြီးလူသတ်မှုဖြစ်ပွါးခဲ့ရာ တရားခံကိုယ်တိုင်ရဲစခန်းတွင်သွားရောက်အဖမ်းခံခဲ့ကြောင်းသိရပေသည်။ဖြစ်ပွါးပုံမှာ နံနက်(၉)နာရီအချိန်ခန့်က

အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ဘူတာစုရပ်ကွက်နေ မဇင်မာအား တစ်ရပ်ကွက်တည်းနေ ဦးမြင့်အောင်မှ ရရန်ရှိသော ချေးငွေတောင်းခံရာမှ အချင်းများခဲ့သည့်ကိစ္စနှင့်

ပတ်သက်ပြီးအငြှိုးထားကာ ဓါးဖြင့်ရက်စက်စွာခုတ်သတ်ခဲ့ကာ ဦးမြင့်အောင်မှ ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့ပြီး သက်သေခံဓါးဖြစ်သောအရိုး(၆)လက်မ အသွား(၂၂)လက်မခွဲ ကင်ဒိုဓါးနှင့်ဓါးအိမ်တို့အား

အပ်နှံခဲ့သဖြင့် သေဆုံးသူ၏မောင်ဖြစ်သူ ဦးဇင်ယော်မောင်မောင်မှ တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ကြောင်းသိရှိရပေသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဦးဇင်ယော်မောင်မောင်၏အမှုဖွင့်တိုင်ကြားချက်အရနေ့နံနက်(၈)နာရီအချိန်ခန့်တွင် ဦးဇင်ယော်မောင်မောင်သည် အစ်မဖြစ်သူ မဇင်မာနှင့်

အတူနဘားလမ်းဆုံအနီးရှိ ၎င်းတို့ ဖွင့်လှစ်ထားသောဈေးဆိုင်သို့ သွားခဲ့ရာလမ်းဆုံကွေ့အရောက်တွင် မျက်နှာချင်းဆိုင်မှ တစ်ရပ်ကွက်တည်းနေ ဦးမြင့်အောင်မှ ၎င်းစီးလာသောဆိုင်ကယ်ဖြင့်တိုက်ဟန်ပြု၍ ဦးဇင်ယော်မောင်မောင်မှရှောင်တိမ်းပြီး

မိမိတို့ဆိုင်သို့ရောက်ရှိခဲ့ကြောင်း အစ်မဖြစ်သူ မဇင်မာမှ အင်းတော်သို့ ဈေးရောင်းသွားရန်အတွက် အထည်များထုပ်ပိုးနေစဉ် ဦးမြင့်အောင်မှာ ၎င်းတို့ဆိုင်နှင့်တစ်ဆိုင်ကျော်ဈေးဆိုင်သို့ ရောက်ရှိနေပြီး ဦးဇင်ယော်မောင်မောင်နှင့်

မဇင်မာတို့ ဈေးရောင်းရန်အတွက် အင်းတော်မြို့သို့ထွက်လာစဉ် ဦးမြင့်အောင်မှဓါးကိုင်ဆောင်ပြီး ၎င်းတို့ ဆိုင်ကယ်နောက်သို့ လိုက်လာသည်ကိုတွေ့ရှိရ၍ အင်းတော်မြို့သို့ မသွားတော့ဘဲ နေအိမ်သို့ပြန်လာစဉ် မမေသူအောင်၏နေအိမ်အနီးသို့

ရောက်ရှိလာသောအခါ ဦးမြင့်အောင်မှ ဆိုင်ကယ်ရပ်စမ်းဟု အော်ဟစ်တားဆီးပြီး ၎င်းကိုင်ဆောင်ထားသော ဓါးဖြင့်ပြေးခုတ်ခဲ့ရာ မဇင်မာမှာ မမေသူအောင် နေအိမ်ခြံဝင်းအနီးလဲကျစဉ် ဦးမြင့်အောင်မှ ဓါးဖြင့်ထပ်မံခုတ်ခဲ့ကြောင်း သိရှိရပေသည်။

ဦးမြင့်အောင်၏ပြောကြားချက်အရ မဇင်မာသည်လွန်ခဲ့သော(၂)လခန့်က ဦးမြင့်အောင်ထံမှ ငွေ(၈)သိန်းချေးငှားပြီး ပြန်မဆပ်သဖြင့် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း မချေမငံဆက်ဆံကာ “ကြိုက်တဲ့နေရာ ရှင်းလို့ရတယ်၊ ဇ ရှိရင်လုပ်ကြည့်လိုက်”ဟု ပြောဆိုသည့်အပေါ် ခံပြင်းခဲ့သဖြင့် သတ်ဖြတ်မိကြောင်း သိရှိရသည်။

အခင်းဖြစ်ပွါးရာသို့ အင်းတော်မြို့မရဲစခန်းမှူးဒုရဲမှူးမြင့်အောင်နှင့် တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ ရောက်ရှိစစ်ဆေးရာ သေဆုံးသူ မဇင်မာတွင်ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာတစ်ချက် ယာဘက်နားရွက်နားမှပါးပြင်အထိ(၅)လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် ယာဘက်တံတောင်ဆစ်မှ

လက်ကောက်ဝတ်အထိပြတ်ရှဒဏ်ရာတစ်ချက်တို့ရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဒုရဲမှူးမြင့်အောင်မှ ရဲလုပ်ငန်းစဉ်များပြီးမြောက်အောင်ဆောင်ရွက်ပြီး မဇင်မာ၏အလောင်းအား ရဲဆေးစာဖြင့်အင်းတော်မြို့နယ်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

ထို့ကြောင့် ဦးမြင့်အောင်(၄၆)နှစ်(ဘ)ဦးထွန်းလင်းရပ်ကွက်(၈) ဘူတာစုရပ်ကွက် နဘားကျေးရွာအုပ်စု အင်းတော်မြို့နယ်နေထိုင်သူအား အင်းတော်မြို့မရဲစခန်းမှ (ပ)၆၃ ပုဒ်မ ၃၀၂ အမှုကြီးအမှတ်စဉ် ၃/၂၀၂ဝဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

Credit – ဦးခင်မောင်ဦး(မိုးညှင်း)


Leave a Reply

Your email address will not be published.