ထမင္းစားေနစဥ္ ေယာကၡထီးမွ ဆန္ကို အိမ္မွာဘဲ ခ်က္စားၾကမယ္ေျပာရာ သမက္ျဖစ္သူမွ ဆန္ခြဲယူမယ္ေျပာ၍ ေယာကၡထီးမွ စိတ္ဆိုးကာ… See more

Zawgyi

ထမင္းစားေနစဥ္ ေယာကၡထီးမွ ဆန္ကို အိမ္မွာဘဲ ခ်က္စားၾကမယ္ေျပာရာ သမက္ျဖစ္သူမွ ဆန္ခြဲယူမယ္ေျပာ၍ ေယာကၡထီးမွ စိတ္ဆိုးကာ… See more

ပန္းေတာင္းၿမိဳ႕နယ္တြင္ သားမက္က ဆန္ခြဲေဝယူၾကမည္ေျပာသည္ကို စိတ္ဆိုးကာ ေယာကၡထီးျဖစ္သူက ဓားႏွင့္ထိုးသတ္ခဲ့သည္ဆိုမႈကို ဖမ္းဆီးစစ္ေဆးလ်က္ရွိသည္။ညပိုင္းတြင္ ပန္းေတာင္းၿမိဳ႕နယ္၊ေညာင္ကားယားစတဲတိုက္၊ေညာင္က်ိဳးအုပ္စုေန တိုင္တန္းသူအမ်ိဳးသမီး ေနအိမ္တြင္ရွိေနစဥ္

ဖခင္ ဦးဝင္းေဌး (၄၁ ႏွစ္) ႏွင့္ခင္ပြန္းျဖစ္သူ တင္ႏိုင္ဝင္း(ခ)ကိုႏိုင္ (၂၅)ႏွစ္ တို႔မွာ အတူတူအရက္ေသာက္ေနခဲ့သည္။ထိုစဥ္ ဆန္(၁၂)ျပည္ေရာက္ရွိေနသည့္ကိစၥႏွင့္ ပတ္သက္၍ ခင္ပြန္း တင္ႏိုင္ဝင္း(ခ)ကိုႏိုင္က ဖခင္ ဦးဝင္းေဌးအား ဆန္(၆)ျပည္စီ ခြဲေဝယူၾကရန္ေျပာဆိုသည္ကို ၾကားရသည္။
ဦးဝင္းေဌးက ဆန္ကို မခြဲဘဲ အတူတူခ်က္စားမည္ဟုေျပာဆိုၿပီးေနာက္ ၎တို႔ႏွစ္ဦး စကားမ်ားကာ ဦးဝင္းေဌးက ကိုႏိုင္ကို လက္သီးႏွင့္ထိုးခဲ့ေၾကာင္း၊ ကိုႏိုင္အား မထိဘဲ ကိုႏိုင္က ဦးဝင္းေဌးကို လက္သီးႏွင့္ ျပန္ထိုးခဲ့ေၾကာင္း ဆိုသည္။ယင္းသို႔ ရန္ျဖစ္ေနၾကသည့္ ဖခင္ႏွင့္ ခင္ပြန္းျဖစ္သူတို႔အား

တိုင္တန္းသူအမ်ိဳးသမီးက ရန္မျဖစ္ၾကရန္ ဖ်န္ေျဖေပးၿပီးေနာက္ ထမင္းစားၾကမည္ဆိုကာ တိုင္တန္းသူက ထမင္းခူးေနစဥ္ ခင္ပြန္းျဖစ္သူ ကိုႏိုင္က “နင့္အေဖငါ့ကိုဓားႏွင့္ထိုးတယ္ဟု”ေျပာသျဖင့္ တိုင္တန္းသူ အိမ္ေရွ႕သို႔ ထြက္ၾကည့္ခဲ့သည္။ခင္ပြန္း တင္ႏိုင္ဝင္း(ခ)ကိုႏိုင္တြင္
ယာဘက္လက္ေမာင္း ျပတ္ရွဒဏ္ရာ၊ဝမ္းဗိုက္ ဝဲဘက္ျခမ္း ထိုးသြင္းဒဏ္ရာ ၂ ခ်က္ ရရွိထားေၾကာင္း သိရသျဖင့္ ေဆး႐ုံသို႔ တင္ပို႔စဥ္တင္ႏိုင္ဝင္း(ခ)ကိုႏိုင္မွာ ေသဆုံးသြားသည္ဆိုကာ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္။ဥသ်စ္ပင္ရဲစခန္းက အမႈေရးဖြင့္ကာ
အမႈစစ္ရဲအုပ္သန္းလွက စစ္ေဆးခဲ့သည္။ ျပစ္မႈက်ဴးလြန္သူ ဦးဝင္းေဌးကို အမႈျဖင့္ ဖမ္းဆီး စစ္ေမးခဲ့ရာ ၎တို႔မွာ တစ္အိမ္တည္း အတူေနၿပီး သားမက္ျဖစ္သူက ဆန္ကိုခြဲေဝစားသုံးမည္ေျပာသျဖင့္ စိတ္ဆိုးၿပီး လူသတ္မႈက်ဴးလြန္မိခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္။

Unicode

ထမင်းစားနေစဉ် ယောက္ခထီးမှ ဆန်ကို အိမ်မှာဘဲ ချက်စားကြမယ်ပြောရာ သမက်ဖြစ်သူမှ ဆန်ခွဲယူမယ်ပြော၍ ယောက္ခထီးမှ စိတ်ဆိုးကာ… See more

ပန်းတောင်းမြို့နယ်တွင် သားမက်က ဆန်ခွဲဝေယူကြမည်ပြောသည်ကို စိတ်ဆိုးကာ ယောက္ခထီးဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ညပိုင်းတွင် ပန်းတောင်းမြို့နယ်၊ညောင်ကားယားစတဲတိုက်၊ညောင်ကျိုးအုပ်စုနေ တိုင်တန်းသူအမျိုးသမီး နေအိမ်တွင်ရှိနေစဉ်
ဖခင် ဦးဝင်းဌေး (၄၁ နှစ်) နှင့်ခင်ပွန်းဖြစ်သူ တင်နိုင်ဝင်း(ခ)ကိုနိုင် (၂၅)နှစ် တို့မှာ အတူတူအရက်သောက်နေခဲ့သည်။ထိုစဉ် ဆန်(၁၂)ပြည်ရောက်ရှိနေသည့်ကိစ္စနှင့် ပတ်သက်၍ ခင်ပွန်း တင်နိုင်ဝင်း(ခ)ကိုနိုင်က ဖခင် ဦးဝင်းဌေးအား ဆန်(၆)ပြည်စီ ခွဲဝေယူကြရန်ပြောဆိုသည်ကို ကြားရသည်။

ဦးဝင်းဌေးက ဆန်ကို မခွဲဘဲ အတူတူချက်စားမည်ဟုပြောဆိုပြီးနောက် ၎င်းတို့နှစ်ဦး စကားများကာ ဦးဝင်းဌေးက ကိုနိုင်ကို လက်သီးနှင့်ထိုးခဲ့ကြောင်း၊ ကိုနိုင်အား မထိဘဲ ကိုနိုင်က ဦးဝင်းဌေးကို လက်သီးနှင့် ပြန်ထိုးခဲ့ကြောင်း ဆိုသည်။ယင်းသို့ ရန်ဖြစ်နေကြသည့် ဖခင်နှင့် ခင်ပွန်းဖြစ်သူတို့အား
တိုင်တန်းသူအမျိုးသမီးက ရန်မဖြစ်ကြရန် ဖျန်ဖြေပေးပြီးနောက် ထမင်းစားကြမည်ဆိုကာ တိုင်တန်းသူက ထမင်းခူးနေစဉ် ခင်ပွန်းဖြစ်သူ ကိုနိုင်က “နင့်အဖေငါ့ကိုဓားနှင့်ထိုးတယ်ဟု”ပြောသဖြင့် တိုင်တန်းသူ အိမ်ရှေ့သို့ ထွက်ကြည့်ခဲ့သည်။ခင်ပွန်း တင်နိုင်ဝင်း(ခ)ကိုနိုင်တွင်
ယာဘက်လက်မောင်း ပြတ်ရှဒဏ်ရာ၊ဝမ်းဗိုက် ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ ၂ ချက် ရရှိထားကြောင်း သိရသဖြင့် ဆေးရုံသို့ တင်ပို့စဉ်တင်နိုင်ဝင်း(ခ)ကိုနိုင်မှာ သေဆုံးသွားသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ဥသျစ်ပင်ရဲစခန်းက အမှုရေးဖွင့်ကာ
အမှုစစ်ရဲအုပ်သန်းလှက စစ်ဆေးခဲ့သည်။ ပြစ်မှုကျူးလွန်သူ ဦးဝင်းဌေးကို အမှုဖြင့် ဖမ်းဆီး စစ်မေးခဲ့ရာ ၎င်းတို့မှာ တစ်အိမ်တည်း အတူနေပြီး သားမက်ဖြစ်သူက ဆန်ကိုခွဲဝေစားသုံးမည်ပြောသဖြင့် စိတ်ဆိုးပြီး လူသတ်မှုကျူးလွန်မိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

Crd

Leave a Reply

Your email address will not be published.