ရန်ကုန်မြို့ လသာမြို့နယ်မှာ ကားပိုင်ရှင်ကိုယ်တိုင် ကားပေါ်ထိုင် နေစဉ် ကားခိုးခံလိုက်ရတဲ့အဖြစ်… See more

ရန်ကုန်မြို့ လသာမြို့နယ်မှာ ကားပိုင်ရှင်ကိုယ်တိုင် ကားပေါ်ထိုင် နေစဉ် ကားခိုးခံမှု ဖြစ်ပွား

မေလ ၂၂

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လသာမြို့နယ်မှာ ကားပိုင်ရှင်ကိုယ်တိုင် ကားပေါ်ထိုင် နေစဉ် ကားခိုးခံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကားပိုင်ရှင်က ကားဝယ်/ရောင်း လုပ်ငန်းရှင် တစ်ဦးထံ အကူအညီတောင်းခံထားကြောင်း သိရပါတယ်။

ကားပိုင်ရှင် ဖြစ်သူက “ ကားက Honda Fit Black, 4i- 1215 ပါ။ဒီနေ့ မနက် ၁၁ နာရီကျော်လောက်က ညီမကောင်လေးက ကားမောင်းပြီး ညီမက ဘေးခုံမှာ ထိုင်ပါတယ်။

လသာ ၂၃ လမ်းနဲ့ ၂၄ လမ်း ကြားမှာ electronic ဝယ်ဖို့ဆိုပြီး ညီမကောင်လေးက ဆင်းသွားပြီး ညီမက ကားပေါ်မှာ မှန်ပိတ်ထားတယ်။ air con ဖွင့်ထားတယ် တံခါး lock မချမိဘူး။

၁၀ မိနစ်လောက်နေတော့ အမည်မသိ အမျိုးသားက ဝင်လာပြီး ယာဉ်မောင်းခုံပေါ်မှာ ထိုင်ပါတယ်ရှင့် သူကားချက်ချင်းမောင်းမယ်လုပ်တော့ ညီမလဲ တွေဝေပြီး ပါသွားပါတယ်။ညီမကို ဘုရင့်နောင်လမ်းမပေါ် သီရိမင်္ဂလာဈေးသစ် အကျော်လေးမှာ ချပေးပြီးကားကို ဘုရင့်နောင်လမ်းအတိုင်း မောင်းထွက်သွားပါတယ်။ကျေးဇူးပြု၍ ကူညီပေးပါဦးရှင်”လို့ အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်။

အဆိုပါ ကား အမျိုးအစားနှင့် ကားနံပါတ်ကို တွေ့ရှိပါက ဖုန်း -095096850 ကိုဆက်သွယ် အကြောင်းကြားပေးပါလို့ ကားပိုင်ရှင်ဖြစ်သူက အကူအညီ တောင်းခံထားပါတယ်။

Unicode

Credit

Leave a Reply

Your email address will not be published.