သင္တဲြေနတဲ့သူက သင့္အတြက္မွန္ကန္တဲ့လက္တြဲေဖာ္ျဖစ္ေၾကာင္းသိႏိုင္တဲ့အခ်က္မ်ား

သင္တဲြေနတဲ့သူက သင့္အတြက္မွန္ကန္တဲ့လက္တြဲေဖာ္ျဖစ္ေၾကာင္းသိႏိုင္တဲ့အခ်က္မ်ား

ေပ်ာ္ရႊင္တဲ့အခ်စ္ေရးကိုလူတိုင္းပိုင္ဆိုင္ခ်င္ၾကေပမယ့္ ပိုင္ဆိုင္ခြင့္ကိုေတာ့လူတိုင္းမရၾကပါဘူး။တခါတေလခ်စ္သူမထားဖူးလို႔ အေတြ႕အႀကံဳရေအာင္ထားၾကည့္လိုက္မယ္ဆိုေပမယ့္ တစ္ဘ၀လံုးစာခ်စ္မိသြားတာမ်ိဳးရွိသလို ျမတ္ျမတ္ႏိုးႏိုးခ်စ္ခဲဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လမ္းခြဲလိုက္ရတာေတြလည္းရွိပါတယ္။

ဒါေၾကာင့္ကိုယ္တြဲေနတဲ့သူကကိုယ့္အတြက္မွန္ကန္တဲ့လက္တြဲေဖာ္ျဖစ္ေၾကာင္းသိႏိုင္တဲ့အခ်က္ေလးေတြကို စုစည္းေဖာ္ျပေပးလုိက္ပါတယ္။

သူရွိေနရင္ၿပီးျပည့္စံုတယ္

သင့္စိတ္ထဲမွာ တျခားသူကို သူ႔ထက္ပိုၿပီးအေရးေပးမိရင္ေတာင္ၾကာၾကာမခံစားႏိုင္ဘဲသူ႔ကိုပဲလိုအပ္ေနတာမ်ိဳးပါ။သူ႔ေၾကာင့္ သင္ဘယ္သူျဖစ္တယ္ဆိုတာကိုယ့္ကိုယ္ကိုယ္ဂုဏ္ယူဖို႔အၿမဲတမ္းခြန္အားေတြျဖစ္ရတယ္ဆိုရင္သူဟာသင့္အတြက္စစ္မွန္တဲ့လက္တြဲေဖာ္တစ္ေယာက္ပါပဲ။သူရွိေနရင္အရာရာၿပီးျပည့္စံုတယ္ဆိုတဲ့ခံစားမႈမ်ိဳးနဲ႔ေပါ့။

အခက္အခဲဆိုတာမရွိပါဘူး

စစ္မွန္တဲ့အရာေတြတိုင္းအလြယ္တကူရၾကတာမဟုတ္ပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့တန္ဖိုးႀကီးလို႔ပါ။အခ်စ္မွာလည္းထိုနည္းအတိုင္းပါပဲ။ဒါေပမယ့္စစ္မွန္တဲ့ခ်စ္ျခင္းတရားေၾကာင့္အခက္အခဲေတြကိုရင္ဆိုင္ႏိုင္မွာပါ။သင့္ခ်စ္သူကသင့္ရဲ႕မွန္ကန္တဲ့ဖူးစာဖက္ျဖစ္တယ္ဆိုရင္ဘယ္ေလာက္ခက္ခဲတယ္ဆိုတာအေရးမႀကီးေတာ့ပါဘူး။ဒါေတြကိုရင္ဆိုင္ေက်ာ္လႊားရတာ ေပ်ာ္စရာတစ္ခုအျဖစ္သတ္မွတ္ႏိုင္မွာပါ။

ကံေကာင္းတယ္လို႔ခံစားရတယ္

သာယာခ်မ္းေျမ႕တဲ့အခ်စ္ေရးေၾကာင့္သင့္ကိုယ္သင္ကံေကာင္းတယ္လို႔ခံစားေနရၿပီဆိုရင္သင့္အတြက္အလိုက္ဖက္ဆံုးလက္တြဲေဖာ္ကိုပိုင္ဆိုင္ထားၿပီလို႔ဆိုရမွာပါ။သင့္အေပၚမွာ အေကာင္းဆံုးရပ္တည္ေပးတဲ့သူ႔ေၾကာင့္ သင့္ရဲ႕စိတ္ခ်မ္းသာမႈကို ကိုယ္တိုင္အသိအမွတ္ျပဳမိေနျခင္းျဖစ္ပါတယ္။

ယံုၾကည္မႈအျပည့္ရွိတယ္

သင့္အေနနဲ႔သူဟာင့ါရဲ႕ေနာက္ဆံုးအခ်စ္၊သူကလြဲရင္ေနာက္ထပ္ဘယ္သူ႔ကိုမွမခ်စ္ႏိုင္ေတာ့ဘူးလုိ႔ေတြးေနၿပီလား။ဒါဆိုရင္သင့္ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီးကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္ရွိေနတာျဖစ္ပါတယ္။ဒီလိုခံစားမႈမ်ိဳးကိုသူ႔ဘက္ကေပးစြမ္းႏိုင္တဲ့အတြက္သူဟာသင့္အတြက္မွန္ကန္တဲ့လက္တြဲေဖာ္ေကာင္းတစ္ေယာက္ျဖစ္သလိုသင္ကိုယ္တိုင္လည္းေပ်ာ္ရႊင္ေက်နပ္မႈကိုခံစားရမွာပါ။C r d

Unicode

သင်တွဲနေတဲ့သူက သင့်အတွက်မှန်ကန်တဲ့လက်တွဲဖော်ဖြစ်ကြောင်းသိနိုင်တဲ့အချက်များ

ပျော်ရွှင်တဲ့အချစ်ရေးကိုလူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် ပိုင်ဆိုင်ခွင့်ကိုတော့လူတိုင်းမရကြပါဘူး။တခါတလေချစ်သူမထားဖူးလို့ အတွေ့အကြုံရအောင်ထားကြည့်လိုက်မယ်ဆိုပေမယ့် တစ်ဘဝလုံးစာချစ်မိသွားတာမျိုးရှိသလို မြတ်မြတ်နိုးနိုးချစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲလိုက်ရတာတွေလည်းရှိပါတယ်။ဒါကြောင့်ကိုယ်တွဲနေတဲ့သူကကိုယ့်အတွက်မှန်ကန်တဲ့လက်တွဲဖော်ဖြစ်ကြောင်းသိနိုင်တဲ့အချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သူရှိနေရင်ပြီးပြည့်စုံတယ်

သင့်စိတ်ထဲမှာ တခြားသူကို သူ့ထက်ပိုပြီးအရေးပေးမိရင်တောင်ကြာကြာမခံစားနိုင်ဘဲသူ့ကိုပဲလိုအပ်နေတာမျိုးပါ။သူ့ကြောင့် သင်ဘယ်သူဖြစ်တယ်ဆိုတာကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူဖို့အမြဲတမ်းခွန်အားတွေဖြစ်ရတယ်ဆိုရင်သူဟာသင့်အတွက်စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ပါပဲ။သူရှိနေရင်အရာရာပြီးပြည့်စုံတယ်ဆိုတဲ့ခံစားမှုမျိုးနဲ့ပေါ့။

အခက်အခဲဆိုတာမရှိပါဘူး

စစ်မှန်တဲ့အရာတွေတိုင်းအလွယ်တကူရကြတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တန်ဖိုးကြီးလို့ပါ။အချစ်မှာလည်းထိုနည်းအတိုင်းပါပဲ။ဒါပေမယ့်စစ်မှန်တဲ့ချစ်ခြင်းတရားကြောင့်အခက်အခဲတွေကိုရင်ဆိုင်နိုင်မှာပါ။သင့်ချစ်သူကသင့်ရဲ့မှန်ကန်တဲ့ဖူးစာဖက်ဖြစ်တယ်ဆိုရင်ဘယ်လောက်ခက်ခဲတယ်ဆိုတာအရေးမကြီးတော့ပါဘူး။ဒါတွေကိုရင်ဆိုင်ကျော်လွှားရတာ ပျော်စရာတစ်ခုအဖြစ်သတ်မှတ်နိုင်မှာပါ။

ကံကောင်းတယ်လို့ခံစားရတယ်

သာယာချမ်းမြေ့တဲ့အချစ်ရေးကြောင့်သင့်ကိုယ်သင်ကံကောင်းတယ်လို့ခံစားနေရပြီဆိုရင်သင့်အတွက်အလိုက်ဖက်ဆုံးလက်တွဲဖော်ကိုပိုင်ဆိုင်ထားပြီလို့ဆိုရမှာပါ။သင့်အပေါ်မှာ အကောင်းဆုံးရပ်တည်ပေးတဲ့သူ့ကြောင့် သင့်ရဲ့စိတ်ချမ်းသာမှုကို ကိုယ်တိုင်အသိအမှတ်ပြုမိနေခြင်းဖြစ်ပါတယ်။

ယုံကြည်မှုအပြည့်ရှိတယ်

သင့်အနေနဲ့သူဟာင့ါရဲ့နောက်ဆုံးအချစ်၊သူကလွဲရင်နောက်ထပ်ဘယ်သူ့ကိုမှမချစ်နိုင်တော့ဘူးလို့တွေးနေပြီလား။ဒါဆိုရင်သင့်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေတာဖြစ်ပါတယ်။ဒီလိုခံစားမှုမျိုးကိုသူ့ဘက်ကပေးစွမ်းနိုင်တဲ့အတွက်သူဟာသင့်အတွက်မှန်ကန်တဲ့လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်သလိုသင်ကိုယ်တိုင်လည်းပျော်ရွှင်ကျေနပ်မှုကိုခံစားရမှာပါ။

ChoChoThan(Shwemom)

Leave a Reply

Your email address will not be published.