











(လူပဲ စိတ်ချင်းဘယ်တူနိုင်ပါ့မလဲ နားလည်မှုနဲ့ ညှိယူလို့ရတာပဲလေနော်)



Unicode

ချစ်သူတွေကြားမှာ ဘယ်သောအခါမှ မလုပ်သင့်သော အချက်များ…

“ချစ်သူတွေကြားမှာ ဘယ်သောအခါမှ မလုပ်သင့်သော အချက်များ”

 

အရမ်းချစ်ကြတဲ့ ချစ်သူတွေကြားမှာ ဘယ်တော့မှ မလုပ်သင့်သော အချက်လေးတွေကို ပြောပြပေးချင်ပါတယ်နော် ။

1. ဖုန်း screen မှာ ချစ်သူနဲ့ပုံကိုတင်ထားပြီး တခြားအပြင်သွားတဲ့အခါ ကိုယ့်ပုံကို ပြန်ပြောင်းခြင်း ။

(အစကထဲကမတင်ချင် မတင်နဲ့ပေါ့လေ)

2. “ချစ်လား’”လို့ ကြည်ကြည်နူးနူး မေးတဲ့အခါ မချစ်ပါဘူးလို့ စနောက်ခြင်း ။

(နောက်လို့ကောင်းတဲ့အရာမှ မဟုတ်တာ)

3. မောင်တွေမတွေ ခေါ်နေရာကနေ ရန်ဖြစ်နေတုန်းမို့ဆိုပီး နင်နဲ့ငါ လို့ အခေါ်အဝေါ်ပြောင်းခြင်း

(ရန်ဖြစ်နေတောင် မောင်နဲ့မပဲဆက်ပြောနေမယ်ဆို အလိုလိုဒေါသတွေ ပျောက်သွားနိုင်လို့ပါ)

4. ညဖက်အိပ်နေတုန်း ကိုယ့်ချစ်သူက ဖုန်းခေါ်ရင် ‘အိပ်ချင်နေလို့ ဒါပဲ’ ဆိုပြီး ချက်ချင်း ဖုန်းချပစ်ခြင်း ။

(ဘာပဲဖစ်ဖစ် နားထောင်ပေးလိုက်တော့ရော ဘာဖြစ်သွားမှာလဲ ချစ်သူတွေပဲလေ)

5. ခနလောက်သဘောထားလေး ကွဲလွဲတာနဲ့ နင်နဲ့ငါရှေ့ဆက်ဖို့ မဖြစ်ပါဘူးဆိုပီး လမ်းခွဲစကား လွယ်လွယ်ပြောခြင်း ။

(လူပဲ စ်ိတ်ချင်းဘယ်တူနိုင်ပါ့မလဲ နားလည်မှုနဲ့ ညှိယူလို့ရတာပဲလေနော်)

မူရင်းရေးသားသူ – ကျော်နိုင်ဦး

Credit _ naethitmyanmar

Leave a Reply

Your email address will not be published.