သူဟာ သင့္ရဲ႕အတိတ္ဘဝက ဖူးစာရွင္ဆိုတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား…

သူဟာ သင့္ရဲ႕အတိတ္ဘဝက ဖူးစာရွင္ဆိုတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား…

ဖူးစာဆိုတာ အတိတ္ဘဝရဲ႕ ပတ္သက္ ဆက္ႏြယ္မႈေၾကာင့္ ျဖစ္ေပၚလာတာလို႔ ဆိုစမွတ္ျပဳၾကပါတယ္။

ဇာတ္ကားေတြထဲမွာလို ဘဝအဆက္ဆက္ ခ်စ္သူျဖစ္ဖို႔ဆိုတာ မလြယ္ကူ ႏိုင္ေပမယ့္လို႔ အတိတ္ဘဝရဲ႕ ဖူးစာရွင္ဆိုတာကေတာ့ ျဖစ္ႏိုင္ေျခေတြရွိလို႔ေနပါတယ္ေနာ္။

သင္တို႔ ႏွစ္ေယာက္ဟာ အတိတ္မွာ တစ္ခုခု ဆက္ႏြယ္ ပတ္သက္ခဲ့ဖူးတဲ့ သူေတြျဖစ္ၿပီး လက္ရွိမွာ မွန္ကန္တဲ့ ဖူးစာရွင္ေတြ ျဖစ္ေၾကာင္းကိုဒီအခ်က္ေတြက သက္ေသျပေနပါတယ္။

ေလးနက္တဲ့ စိတ္ခံစားမႈနဲ႔ ဆက္သြယ္ခ်က္ေတြ ရွိတယ္ ဟိုးအတိတ္ ဘဝတည္းက ဆက္ႏြယ္ထားတဲ့ စိတ္ခံစားခ်က္ေတြ ျဖစ္တာေၾကာင့္ လြယ္လြယ္ကူကူေတာ့ ပ်က္စီး မသြားႏိုင္ပါဘူး။

တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးနက္တဲ့ ခ်စ္ျခင္းေတြနဲ႔ ဆက္ဆံေရးကို တည္ေဆာက္ထားၾကသလို သူတို႔ရဲ႕ ခံစားခ်က္ေတြက အရမ္းကို ခိုင္မာတည္တံ့ပါတယ္။

ေနာက္ၿပီး ေလးနက္မႈေတြေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္က ေမ့ေပ်ာက္ဖို႔ မလြယ္ကူသလို တစ္ခါတစ္ေလ ပါးစပ္က ထုတ္ေျပာစရာ မလိုပဲတစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို တစ္ေယာက္က နားလည္သေဘာေပါက္ ႏိုင္စြမ္းရွိပါတယ္။

တစ္ေယာက္ရဲ႕ ခံစားမႈကို တစ္ေယာက္ ခံစားမိေစတယ္ တစ္ခါတစ္ေလ ကိုယ္ခ်စ္ရတဲ့ သူက အရမ္းသတိရေနမိတဲ့အခ်ိန္မွာ ေနာက္တစ္ေယာက္ကပါ လြမ္းလြမ္းေဆြးေဆြး ျဖစ္လာတတ္တာမ်ိဳး ျဖစ္ဖူးလား။

သူ႔ကို အရမ္းသတိရေနမိတဲ့ အခ်ိန္မွာ သူ႔ဆီက ဖုန္းဝင္လာၿပီး ကိုယ့္ကိုယ္ သတိရေနတယ္ဆိုတဲ့ တိုက္ဆိုက္လြန္းတဲ့ အခ်ိန္ေတြ ရွိဖူးလား။

ဒါဟာ ခ်စ္သူႏွစ္ေယာက္ရဲ႕ စိတ္ခ်င္း ဆက္သြယ္ေနမႈကို ေဖာ္ျပတာပါပဲ။

ဒီလို မ်ိဳးေတြ ႀကဳံေတြ႕ေနရတာဟာ သင္တို႔ ႏွစ္ေယာက္ရဲ႕ စိတ္စြမ္းအားေတြ၊ေလးနက္တဲ့ ခံစားမႈေတြေၾကာင့္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳးေတြ မၾကာခဏျဖစ္ေနမိတယ္ ဆိုရင္ေတာ့ သူဟာ သင့္ရဲ႕အတိတ္ ဘဝက ပတ္သက္ခဲ့ဖူးတာေၾကာင့္လည္း ျဖစ္ပါတယ္ေနာ္။

ေဝးကြာေနရင္ေတာင္ ခံစားခ်က္ခ်င္း ဆက္သြယ္ေနတယ္ ၊မတူညီတဲ့ အခ်ိန္ကာလေတြက သူတို႔ေတြကို မတားဆီးႏိုင္ပါဘူး။

အေနေဝးေနသည့္ တိုင္ေအာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ျခင္းေမတၱာေတြကို ခံစားရေစပါတယ္။

လူခ်င္း မနီးရင္ေတာင္ စိတ္ခ်င္းနီးစပ္ေနၿပီး မျမင္ရရင္ေတာင္ သူဘာလုပ္ေနတယ္ဆိုတာကို ခန႔္မွန္းလို႔ ရႏိုင္တဲ့အထိ စြမ္းအားႀကီးမားပါတယ္။

ေနာက္ၿပီး မေတြ႕ရမျမင္ရရင္ေတာင္ တစ္ေယာက္ကိုတစ္ေယာက္ သစၥာရွိရွိ၊ ယုံယုံၾကည္ၾကည္နဲ႔ ခ်စ္တတ္ၾကသူေတြပါ

အတူဆုံတဲ့အခ်ိန္ေတြဆို လြတ္လပ္ေပ်ာ္႐ႊင္မႈကို ခံစားမိတယ္ ဟိုးအတိတ္ဘဝထဲက အေၾကာင္းကံ ပါလာခဲ့တဲ့ သူေတြျဖစ္လို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမင္ျမင္ခ်င္းေတာင္ ရင္းႏွီးသလို ခံစားရေစပါတယ္။

ေနာက္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ တစ္ေယာက္ရဲ႕စိတ္ကို တစ္ေယာက္ျမင္ႏိုင္ၾကပါတယ္။

ႏွစ္ေယာက္ဆုံတဲ့ အခ်ိန္ေတြမွာဆို ရႈိးတိုးရွန္းတန္း ျဖစ္မေနပဲ လြတ္လြတ္လပ္လပ္၊ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္႐ႊင္မႈကို ခံစားရေစပါတယ္ေနာ္။

ဒါေတြက သင္တို႔ ႏွစ္ေယာက္ဟာ အတိတ္ဘဝမွာ ပတ္သက္ဆက္ႏြယ္ခဲ့ဖူးတယ္ ဆိုတာကို ေဖာ္ျပ လို႔ေနပါတယ္။

Khin

Unicode

သူဟာ သင့်ရဲ့အတိတ်ဘဝက ဖူးစာရှင်ဆိုတာ ဖော်ပြနေတဲ့ အချက်များ…

ဖူးစာဆိုတာ အတိတ်ဘဝရဲ့ ပတ်သက် ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုစမှတ်ပြုကြပါတယ်။

ဇာတ်ကားတွေထဲမှာလို ဘဝအဆက်ဆက် ချစ်သူဖြစ်ဖို့ဆိုတာ မလွယ်ကူ နိုင်ပေမယ့်လို့ အတိတ်ဘဝရဲ့ ဖူးစာရှင်ဆိုတာကတော့ ဖြစ်နိုင်ခြေတွေရှိလို့နေပါတယ်နော်။

သင်တို့ နှစ်ယောက်ဟာ အတိတ်မှာ တစ်ခုခု ဆက်နွယ် ပတ်သက်ခဲ့ဖူးတဲ့ သူတွေဖြစ်ပြီး လက်ရှိမှာ မှန်ကန်တဲ့ ဖူးစာရှင်တွေ ဖြစ်ကြောင်းကိုဒီအချက်တွေက သက်သေပြနေပါတယ်။

လေးနက်တဲ့ စိတ်ခံစားမှုနဲ့ ဆက်သွယ်ချက်တွေ ရှိတယ် ဟိုးအတိတ် ဘဝတည်းက ဆက်နွယ်ထားတဲ့ စိတ်ခံစားချက်တွေ ဖြစ်တာကြောင့် လွယ်လွယ်ကူကူတော့ ပျက်စီး မသွားနိုင်ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် လေးနက်တဲ့ ချစ်ခြင်းတွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ထားကြသလို သူတို့ရဲ့ ခံစားချက်တွေက အရမ်းကို ခိုင်မာတည်တံ့ပါတယ်။

နောက်ပြီး လေးနက်မှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်က မေ့ပျောက်ဖို့ မလွယ်ကူသလို တစ်ခါတစ်လေ ပါးစပ်က ထုတ်ပြောစရာ မလိုပဲတစ်ယောက်ရဲ့ ခံစားချက်တွေကို တစ်ယောက်က နားလည်သဘောပေါက် နိုင်စွမ်းရှိပါတယ်။

တစ်ယောက်ရဲ့ ခံစားမှုကို တစ်ယောက် ခံစားမိစေတယ် တစ်ခါတစ်လေ ကိုယ်ချစ်ရတဲ့ သူက အရမ်းသတိရနေမိတဲ့အချိန်မှာ နောက်တစ်ယောက်ကပါ လွမ်းလွမ်းဆွေးဆွေး ဖြစ်လာတတ်တာမျိုး ဖြစ်ဖူးလား။

သူ့ကို အရမ်းသတိရနေမိတဲ့ အချိန်မှာ သူ့ဆီက ဖုန်းဝင်လာပြီး ကိုယ့်ကိုယ် သတိရနေတယ်ဆိုတဲ့ တိုက်ဆိုက်လွန်းတဲ့ အချိန်တွေ ရှိဖူးလား။

ဒါဟာ ချစ်သူနှစ်ယောက်ရဲ့ စိတ်ချင်း ဆက်သွယ်နေမှုကို ဖော်ပြတာပါပဲ။

ဒီလို မျိုးတွေ ကြုံတွေ့နေရတာဟာ သင်တို့ နှစ်ယောက်ရဲ့ စိတ်စွမ်းအားတွေ၊လေးနက်တဲ့ ခံစားမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွေ မကြာခဏဖြစ်နေမိတယ် ဆိုရင်တော့ သူဟာ သင့်ရဲ့အတိတ် ဘဝက ပတ်သက်ခဲ့ဖူးတာကြောင့်လည်း ဖြစ်ပါတယ်နော်။

ဝေးကွာနေရင်တောင် ခံစားချက်ချင်း ဆက်သွယ်နေတယ် ၊မတူညီတဲ့ အချိန်ကာလတွေက သူတို့တွေကို မတားဆီးနိုင်ပါဘူး။

အနေဝေးနေသည့် တိုင်အောင် တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာတွေကို ခံစားရစေပါတယ်။

လူချင်း မနီးရင်တောင် စိတ်ချင်းနီးစပ်နေပြီး မမြင်ရရင်တောင် သူဘာလုပ်နေတယ်ဆိုတာကို ခန့်မှန်းလို့ ရနိုင်တဲ့အထိ စွမ်းအားကြီးမားပါတယ်။

နောက်ပြီး မတွေ့ရမမြင်ရရင်တောင် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိ၊ ယုံယုံကြည်ကြည်နဲ့ ချစ်တတ်ကြသူတွေပါ

အတူဆုံတဲ့အချိန်တွေဆို လွတ်လပ်ပျော်ရွှင်မှုကို ခံစားမိတယ် ဟိုးအတိတ်ဘဝထဲက အကြောင်းကံ ပါလာခဲ့တဲ့ သူတွေဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်းတောင် ရင်းနှီးသလို ခံစားရစေပါတယ်။

နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်မြင်နိုင်ကြပါတယ်။

နှစ်ယောက်ဆုံတဲ့ အချိန်တွေမှာဆို ရှိုးတိုးရှန်းတန်း ဖြစ်မနေပဲ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်မှုကို ခံစားရစေပါတယ်နော်။

ဒါတွေက သင်တို့ နှစ်ယောက်ဟာ အတိတ်ဘဝမှာ ပတ်သက်ဆက်နွယ်ခဲ့ဖူးတယ် ဆိုတာကို ဖော်ပြ လို့နေပါတယ်။

Khin

Leave a Reply

Your email address will not be published.