မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းတွေအရငွေလွှဲငွေထုတ် လုပ်မယ့်သူတွေ မှတ်ပုံတင်မဖြစ်မနေယူဆောင်လာဖို့ Wave Money ထုတ်ပြန်








မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းတွေအရငွေလွှဲငွေထုတ် လုပ်မယ့်သူတွေ မှတ်ပုံတင်မဖြစ်မနေယူဆောင်လာဖို့ Wave Money ထုတ်ပြန်

မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းတွေအရ ငွေလွှဲ၊ငွေထုတ်လုပ်ငန်းစဥ်တွေ ပိုမိုလုံခြုံ စိတ်ချရစေဖို့ လုံခြုံရေး အဆင်မြှင့်တင် ဆောင်ရွက်ပေးနေပြီး

ဒီလို အဆင်မြှင့်တင်လုပ်ဆောင်ချက်တွေအရ Wave ဆိုင်တွေမှာ ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုပြုလုပ်မယ်ဆိုရင် မှတ်ပုံတင်ကို မဖြစ်မနေ

ယူလာပြီး အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ဖို့လိုအပ်ကြောင်း Wave Money က ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီလိုပြုလုပ်မှသာ ငွေလွှဲ၊ငွေထုတ်လုပ်ငန်းစဥ်တွေ ဆောင်ရွက်နိုင်မှာဖြစ်ပြီး Wave Money ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းတွေအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝမမေ့လျော့ဖို့ဆိုပြီး ဆက်လက်ပါရှိပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့လအတွင်း မိုဘိုင်းလ်ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်တဲ့ ဆိုင်တွေမှာ စီစီတီဗီကင်မရာတွေတပ်ဆင်ထားဖို့နဲ့

ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလာရောက်ပြုလုပ်သူတွေကိုလည်း လျှို့ဝှက်ကင်မရာနဲ့ ဓာတ်ပုံမှတ်တမ်းရယူထားဖို့ဆိုတဲ့ညွှန်ကြားချက် ရှိထားပါတယ်။

Leave a Reply

Your email address will not be published.