ချစ်လွန်းလို့အလိုက်သိရင်းက အပိုဖြစ်သွားတတ်တယ်

ချစ်လွန်းလို့အလိုက်သိရင်းက အပိုဖြစ်သွားတတ်တယ် …

တစ်ခါတစ်လေမှာ ကိုယ်ကချစ်တာပဲလေဆိုတဲ့စိတ်နဲ့ အလိုက်သိပေးရင်း သိပေးရင်းက ကိုယ်ဟာ အပိုဖြစ်မှန်းမသိဖြစ်သွားတတ်တယ်

ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့

မလိုခင်ကတည်းက ရှိချင်ခဲ့တဲ့ကိုယ် မတောင်းခင်ကတည်းက ပေးခဲ့မိတဲ့ ကိုယ့်မှာပဲ အပြစ်ရှိနေတာလေ …

တစ်ခုခုဆို သူ အဆင်မပြေမှာစိုးတဲ့စိတ်နဲ့ အရာရာကို ဖြည့်ဆည်းပေးခဲ့ဖူးတယ် …

နောက်ဆုံးကျတော့ အားနာရကောင်းမှန်း စာနာရကောင်းမှန်းနားမလည်တော့ဘူး ကိုယ်အဆင်ပြေရဲ့လားလို့ မေးဖော်မရတော့ဘူး

သူ့မပြေလည်မှုတိုင်းက ကိုယ်နဲ့ပဲ သက်ဆိုင်သွားတာမျိုးပေါ့ ကိုယ့်မပြေလည်မှုက ကိုယ်နဲ့ပဲ သက်ဆိုင်တော့တာယ်လေ ..

တစ်ခုခုများ ဖွင့်ဟမိရင် နားတွေညည်းရတာရယ် စိတ်တွေရှုပ်ရတာရယ်က အရင်ပေါ့ …

ကိုယ်ပဲ မှားတာပါဆိုတဲ့ အပြစ်တွေဖို့ရင်း ကိုယ်ပဲ နာကျင်ရတယ် တစ်ခါတစ်လေကျတော့ ကိုယ့်မှာလဲ အဆင်မပြေမှုတွေ မပြည်လည်မှုတွေအကြောင်း ပြောပြချင်သေးတာပေါ့

နားထောင်ပေးဖော်လေးရရင်တောင် ပျော်နေမိတာပါ ဒါပေမယ့် အဲ့ဒီအရာလေးတောင် မရခဲ့တဲ့ကိုယ့်မှာ တခြားဘာများ မျှော်လင့်နေရဦးမလဲ …

နာကျင်ရတယ် … ဒါပေမယ့် သူ့ကိုတော့ ကိုယ် ကြင်နာပါတယ်

အပို … လိုချင်တာရှိတဲ့အခါမှာ နာမည်တဖွဖွ ခေါ်တော့တာလေ ..

လိုချင်တာ မရရင် အမူအရာ အပြောအဆို စကားလုံးတွေကအစ မချိုသာတော့ဘူး ရန်သူကြီးတစ်ယောက်ကို ဆက်ဆံသလိုမျိုးတွေ ပြောင်းသွားခဲ့ရတယ်

လိုချင်တာတွေ ရသွားပြန်တော့လဲ ကိုယ့်ကို သတိမရပဲ ပျော်တဲ့နေရာမှာ ပျော်သလို နေတတ်ခဲ့တယ်လေ …

သိပ်ချစ်လွန်းလို့ အလိုက်တွေ သိရင်း ကိုယ်ဟာ အပိုဖြစ်မှန်းမသိ ဖြစ်သွားခဲ့တာ သင်ခန်းစာပါ …

ပေးဆပ်တယ်ဆိုတာ မွန်မြတ်ပေမယ့် တစ်ဖက်ကလဲ ကိုယ်ပေးနေတဲ့ စေတနာတွေကို မြင်တတ်ဦးမှ ဖြစ်တာတပါ မဟုတ်ရင် ကိုယ်ပဲ ဘေးရောက်သွားရတတ်တယ် ။

သျှင်ယွန်း

Zawgyi

ခ်စ္လြန္းလို႔အလိုက္သိရင္းက အပိုျဖစ္သြားတတ္တယ္ …

တစ္ခါတစ္ေလမွာ ကိုယ္ကခ်စ္တာပဲေလဆိုတဲ့စိတ္နဲ႔ အလိုက္သိေပးရင္း သိေပးရင္းက ကိုယ္ဟာ အပိုျဖစ္မွန္းမသိျဖစ္သြားတတ္တယ္

ဘယ္သူ႔ကို အျပစ္တင္ရမလဲဆိုရင္ ကိုယ့္ကိုယ္ကိုပဲ အျပစ္တင္ရေတာ့မွာေပါ့

မလိုခင္ကတည္းက ရွိခ်င္ခဲ့တဲ့ကိုယ္ မေတာင္းခင္ကတည္းက ေပးခဲ့မိတဲ့ ကိုယ့္မွာပဲ အျပစ္ရွိေနတာေလ …

တစ္ခုခုဆို သူ အဆင္မေျပမွာစိုးတဲ့စိတ္နဲ႔ အရာရာကို ျဖည့္ဆည္းေပးခဲ့ဖူးတယ္ …

ေနာက္ဆုံးက်ေတာ့ အားနာရေကာင္းမွန္း စာနာရေကာင္းမွန္းနားမလည္ေတာ့ဘူး ကိုယ္အဆင္ေျပရဲ႕လားလို႔ ေမးေဖာ္မရေတာ့ဘူး

သူ႔မေျပလည္မႈတိုင္းက ကိုယ္နဲ႔ပဲ သက္ဆိုင္သြားတာမ်ိဳးေပါ့ ကိုယ့္မေျပလည္မႈက ကိုယ္နဲ႔ပဲ သက္ဆိုင္ေတာ့တာယ္ေလ ..

တစ္ခုခုမ်ား ဖြင့္ဟမိရင္ နားေတြညည္းရတာရယ္ စိတ္ေတြရႈပ္ရတာရယ္က အရင္ေပါ့ …

ကိုယ္ပဲ မွားတာပါဆိုတဲ့ အျပစ္ေတြဖို႔ရင္း ကိုယ္ပဲ နာက်င္ရတယ္ တစ္ခါတစ္ေလက်ေတာ့ ကိုယ့္မွာလဲ အဆင္မေျပမႈေတြ မျပည္လည္မႈေတြအေၾကာင္း ေျပာျပခ်င္ေသးတာေပါ့

နားေထာင္ေပးေဖာ္ေလးရရင္ေတာင္ ေပ်ာ္ေနမိတာပါ ဒါေပမယ့္ အဲ့ဒီအရာေလးေတာင္ မရခဲ့တဲ့ကိုယ့္မွာ တျခားဘာမ်ား ေမွ်ာ္လင့္ေနရဦးမလဲ …

နာက်င္ရတယ္ … ဒါေပမယ့္ သူ႔ကိုေတာ့ ကိုယ္ ၾကင္နာပါတယ္

အပို … လိုခ်င္တာရွိတဲ့အခါမွာ နာမည္တဖြဖြ ေခၚေတာ့တာေလ ..

လိုခ်င္တာ မရရင္ အမူအရာ အေျပာအဆို စကားလုံးေတြကအစ မခ်ိဳသာေတာ့ဘူး ရန္သူႀကီးတစ္ေယာက္ကို ဆက္ဆံသလိုမ်ိဳးေတြ ေျပာင္းသြားခဲ့ရတယ္

လိုခ်င္တာေတြ ရသြားျပန္ေတာ့လဲ ကိုယ့္ကို သတိမရပဲ ေပ်ာ္တဲ့ေနရာမွာ ေပ်ာ္သလို ေနတတ္ခဲ့တယ္ေလ …

သိပ္ခ်စ္လြန္းလို႔ အလိုက္ေတြ သိရင္း ကိုယ္ဟာ အပိုျဖစ္မွန္းမသိ ျဖစ္သြားခဲ့တာ သင္ခန္းစာပါ …

ေပးဆပ္တယ္ဆိုတာ မြန္ျမတ္ေပမယ့္ တစ္ဖက္ကလဲ ကိုယ္ေပးေနတဲ့ ေစတနာေတြကို ျမင္တတ္ဦးမွ ျဖစ္တာတပါ မဟုတ္ရင္ ကိုယ္ပဲ ေဘးေရာက္သြားရတတ္တယ္ ။

သွ်င္ယြန္း

Leave a Reply

Your email address will not be published.