သူ႔အနာဂတ္ကို သင္နဲ႔အတူ ေလွ်ာက္လွမ္းဖို႔ ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္

သင့်ကောင်လေးက သင်ထင်ထားတာ သင့်ကို ချစ်နေမိပြီဖြစ်ပြီး သင်နဲ့အတူ သူ့ရဲ့ အနာဂတ်ခရီးကို ဆက်သွားမယ် ဆိုတာကို ဒီအချက်လေးတွေက တစ်ဆင့် သိနိုင် ပါတယ်နော်။

သူ့ဆီမှာ ဒီအချက်တွေတွေ့နေရပြီဆိုရင်တော့ သေချာပေါက် သူဟာ သင့်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ချင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်နော် ။

သင့်မိသားစုတွေနဲ့ ရင်းနှီးအောင်နေတယ်

ယောကျာ်းလေးအများစုက ချစ်သူထားတဲ့အခါမှာ မိသားစုကိစ္စတွေကို ရောနှောတာမျိုး မကြိုက်တတ်ကြပါဘူး။

သူ သင့်ကို တကယ်မချစ်ဘူးဆိုရင်တော့ သင့်မိသားစုနဲ့ ရင်းနှီးမှာကိုတောင် လိုလားမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူ့ဘက်ကနေ သင့်မိသားစုနဲ့ ရင်းနှီးမှုရယူဖို့ ကြိုးစားတယ်၊ အိမ်လာလည်ပြီး သင့်မိဘ၊ မောင်နှမတွေနဲ့ အချိန်ကုန်ဖို့ကြိုးစားတာဟာ သူလည်း သင့်ရဲ့မိသားစုဝင်တစ်ယောက် ဖြစ်ချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။

သူ့မိသားစုအကြောင်းတွေ ပြောပြတယ်

ယောကျာ်းလေးတွေက တော်ရုံဆို သူ့မိသားစုအကြောင်းကို ပြောပြလေ့မရှိတတ်ကြပါဘူး။

သူတို့တကယ်ကို ယုံကြည်ကိုးစားရတဲ့ သူမျိုးကိုမှ မိသားစု အကြောင်းကို တိုင်ပင်လေ့ ရှိတတ်ကြသူတွေပါ။

သူက သင့်ကိုတော့ မိသားစုအကြောင်းတွေ အစစအရာရာ တိုင်ပင်ပြောဆိုတာမျိုး လုပ်နေတာက သင်ဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ် ။

သင့်အပေါ် အသေးစိတ် သတိထားတတ်တယ်

ယောကျာ်းလေးအများစုက တကယ်ချစ်တဲ့ကောင်မလေးတွေအပေါ် အသေးစိတ် ဂရုစိုက်တတ်ကြ ပါတယ်။

ဒါပေမယ့် ဒီအသေးစိတ်သတိထားမှုလေးတွေကို ဖွင့်မပြော ရင်သာ နေမယ် သူတို့ရဲ့စိတ်ထဲမှာတော့ သင့်ကိုအသေးစိတ် သတိထား မိနေပါတယ်။

ဥပမာ – သင်ဒီနေ့ စိတ်ညစ်နေတယ်၊ ပျော်နေတယ်ကစလို့ ဖက်ရှင်ပြောင်းထားတယ်ကအစ သတိထားမိတတ်တယ် ဆိုရင်တော့ သူ သင့်ကို တကယ်ချစ်လို့ ဆိုတာ အသေအချာပါပဲ ။

သင့်ရဲ့ထင်မြင်ချက်တွေကို အလေးထားတယ်

ဘယ်လိုနေရာ၊ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် သင့်ရဲ့ ထင်မြင်ချက်တွေကို နားထောင်တတ်တယ်၊ သင်ပေးတဲ့ အကြံအဉာဏ်တွေကို အလေးထားတယ် ဆိုရင်တော့

ဒါဟာ သူ သင့်အပေါ် တကယ်အလေးထား ချစ်မြတ်နိုးပြီး သူ့ရဲ့ဘဝမှာ သင်ဟာ အရေးပါတဲ့ သူတစ်ယောက်ဆိုတာ ဖော်ပြလို့နေပါတယ် ။

လျွှို့ဝှက်ချက်တွေ ဝေမျှတတ်တယ်

သူများတွေမသိတဲ့ သူ့ရဲ့လျို့ဝှက်ချက်တွေကို သင့်ကိုယုံယုံကြည်ကြည် ပြောပြတာမျိုး၊ သူနဲ့ ပတ်သက်ပြီး ဖုံးကွယ် ထားတာမျိုး မရှိပဲ သင့်ကို အကုန်သိစေတာ မျိုးက သူသင့်ကို တကယ်တန်ဖိုးထားပြီး သူ့ရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်ချင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။

သင်တို့ရဲ့ အနာဂတ်အကြောင်းပြောတတ်တယ်

သူနဲ့ သင်တို့နှစ်ယောက်ရဲ့ အနာဂတ်စိတ်ကူးလေးတွေ၊ အနာဂတ် အစီအစဉ်လေးတွေကို ပြောနေပြီ ဆိုရင်တော့ သေချာပေါက် သင်နဲ့အတူ သူ့ရဲ့အနာဂတ်ကို လျှောက်လှမ်းချင်တဲ့ အတွက်ကြောင့်ဆိုတာ သေချာနေပါတယ်နော် ။

Credit

 

သင့္ေကာင္ေလးက သင္ထင္ထားတာ သင့္ကို ခ်စ္ေနမိၿပီျဖစ္ၿပီး သင္နဲ႔အတူ သူ႔ရဲ႕ အနာဂတ္ခရီးကို ဆက္သြားမယ္ ဆိုတာကို ဒီအခ်က္ေလးေတြက တစ္ဆင့္ သိႏိုင္ ပါတယ္ေနာ္။

သူ႔ဆီမွာ ဒီအခ်က္ေတြေတြ႕ေနရၿပီဆိုရင္ေတာ့ ေသခ်ာေပါက္ သူဟာ သင့္ကို ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ခ်င္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ ။

သင့္မိသားစုေတြနဲ႔ ရင္းႏွီးေအာင္ေနတယ္

ေယာက်ာ္းေလးအမ်ားစုက ခ်စ္သူထားတဲ့အခါမွာ မိသားစုကိစၥေတြကို ေရာေႏွာတာမ်ိဳး မႀကိဳက္တတ္ၾကပါဘူး။

သူ သင့္ကို တကယ္မခ်စ္ဘူးဆိုရင္ေတာ့ သင့္မိသားစုနဲ႔ ရင္းႏွီးမွာကိုေတာင္ လိုလားမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ သူ႔ဘက္ကေန သင့္မိသားစုနဲ႔ ရင္းႏွီးမႈရယူဖို႔ ႀကိဳးစားတယ္၊ အိမ္လာလည္ၿပီး သင့္မိဘ၊ ေမာင္ႏွမေတြနဲ႔ အခ်ိန္ကုန္ဖို႔ႀကိဳးစားတာဟာ သူလည္း သင့္ရဲ႕မိသားစုဝင္တစ္ေယာက္ ျဖစ္ခ်င္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္ ။

သူ႔မိသားစုအေၾကာင္းေတြ ေျပာျပတယ္

ေယာက်ာ္းေလးေတြက ေတာ္႐ုံဆို သူ႔မိသားစုအေၾကာင္းကို ေျပာျပေလ့မရွိတတ္ၾကပါဘူး။

သူတို႔တကယ္ကို ယုံၾကည္ကိုးစားရတဲ့ သူမ်ိဳးကိုမွ မိသားစု အေၾကာင္းကို တိုင္ပင္ေလ့ ရွိတတ္ၾကသူေတြပါ။

သူက သင့္ကိုေတာ့ မိသားစုအေၾကာင္းေတြ အစစအရာရာ တိုင္ပင္ေျပာဆိုတာမ်ိဳး လုပ္ေနတာက သင္ဟာ သူ႔ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းဆိုတာကို ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္ ။

သင့္အေပၚ အေသးစိတ္ သတိထားတတ္တယ္

ေယာက်ာ္းေလးအမ်ားစုက တကယ္ခ်စ္တဲ့ေကာင္မေလးေတြအေပၚ အေသးစိတ္ ဂ႐ုစိုက္တတ္ၾက ပါတယ္။

ဒါေပမယ့္ ဒီအေသးစိတ္သတိထားမႈေလးေတြကို ဖြင့္မေျပာ ရင္သာ ေနမယ္ သူတို႔ရဲ႕စိတ္ထဲမွာေတာ့ သင့္ကိုအေသးစိတ္ သတိထား မိေနပါတယ္။

ဥပမာ – သင္ဒီေန႔ စိတ္ညစ္ေနတယ္၊ ေပ်ာ္ေနတယ္ကစလို႔ ဖက္ရွင္ေျပာင္းထားတယ္ကအစ သတိထားမိတတ္တယ္ ဆိုရင္ေတာ့ သူ သင့္ကို တကယ္ခ်စ္လို႔ ဆိုတာ အေသအခ်ာပါပဲ ။

သင့္ရဲ႕ထင္ျမင္ခ်က္ေတြကို အေလးထားတယ္

ဘယ္လိုေနရာ၊ ဘယ္လိုကိစၥမ်ိဳးပဲျဖစ္ျဖစ္ သင့္ရဲ႕ ထင္ျမင္ခ်က္ေတြကို နားေထာင္တတ္တယ္၊ သင္ေပးတဲ့ အႀကံအဉာဏ္ေတြကို အေလးထားတယ္ ဆိုရင္ေတာ့

ဒါဟာ သူ သင့္အေပၚ တကယ္အေလးထား ခ်စ္ျမတ္ႏိုးၿပီး သူ႔ရဲ႕ဘဝမွာ သင္ဟာ အေရးပါတဲ့ သူတစ္ေယာက္ဆိုတာ ေဖာ္ျပလို႔ေနပါတယ္ ။

လႊၽို႕ဝွက္ခ်က္ေတြ ေဝမွ်တတ္တယ္

သူမ်ားေတြမသိတဲ့ သူ႔ရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြကို သင့္ကိုယုံယုံၾကည္ၾကည္ ေျပာျပတာမ်ိဳး၊ သူနဲ႔ ပတ္သက္ၿပီး ဖုံးကြယ္ ထားတာမ်ိဳး မရွိပဲ သင့္ကို အကုန္သိေစတာ မ်ိဳးက သူသင့္ကို တကယ္တန္ဖိုးထားၿပီး သူ႔ရဲ႕လက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ခ်င္တဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္ ။

သင္တို႔ရဲ႕ အနာဂတ္အေၾကာင္းေျပာတတ္တယ္

သူနဲ႔ သင္တို႔ႏွစ္ေယာက္ရဲ႕ အနာဂတ္စိတ္ကူးေလးေတြ၊ အနာဂတ္ အစီအစဥ္ေလးေတြကို ေျပာေနၿပီ ဆိုရင္ေတာ့ ေသခ်ာေပါက္ သင္နဲ႔အတူ သူ႔ရဲ႕အနာဂတ္ကို ေလွ်ာက္လွမ္းခ်င္တဲ့ အတြက္ေၾကာင့္ဆိုတာ ေသခ်ာေနပါတယ္ေနာ္ ။

Credit

Leave a Reply

Your email address will not be published.