အင်္ဂါ သားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောကိန်း

အင်္ဂါ သားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောကိန်း

အင်္ဂါ သားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောကိန်း

အင်္ဂါသားသမီးတစ်နှစ်စာဟောကိန်း

ဒီနှစ်ထဲမှာတော့ ကံအားသာချက်အရှိဆုံးသားသမီးက အင်္ဂါသားသမီးပါပဲ။ လုပ်သမျှအဆင်ပြေခြင်း၊ကြံစည် သမျှအောင်မြင်ခြင်းတွေရှိနိုင်တဲ့နှစ်ပါအလုပ်တွေကို နားမလည်ဘဲ မြေစမ်းခရမ်းပျိုးလျှောက်လုပ်ရင်တောင်မှ သူဘာသာလမ်းတည့်သွားနိုင်တဲ့ကာလပါပဲ။ စိတ်ကူးကောင်းတွေရလာလိမ့်မယ်။

အနာဂတ်ကိုကြိုတင်မှန်းဆတာက တကယ်လက်တွေ့မှာ မှန်နေလိမ့်မယ်။ မိမိအတွေးအခေါ်ကပဲ မိမိရဲ့အောင်မြင်မှုတွေရရှိအောင်ကူညီပေးပါလိမ့် မယ်။အရှိန်အဝါအားကြီးပြီး လူအများအပေါ်လွှမ်းမိုးနိုင်လာမဲ့ နှစ်လဲဖြစ်ပါတယ်။

လူအများကလဲ ဒီနှစ်မှာမိမိဆီအကြံဉာဏ်တောင်းကြတာမျိုးတွေ၊ ဆရာတင်ကြတာမျိုးတွေအထူးကြုံရပါ လိမ့်မယ်။ဒါကြောင့် အရင်ကတည်းက အတွေးအခေါ်ကောင်းသူတွေ၊ ဉာဏ်ကြီးသူတွေ၊စာဖတ်အားကောင်းသူတွေ အထူးပဲတိုးတတ်သွားပါလိမ့်မယ်။ဒီလိုနှစ်မျိုးက ရနှစ်တကြိမ်ကြုံရသော ကံကောင်းသောအချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် ကောင်းသောကံတွေကို လက်ခံယူနိုင်အောင်ပြင်ဆင်ထားကြပါလို့ အင်္ဂါသားသမီးတွေကိုမှာချင်ပါတယ်။

၏အလုပ်စီးပွားကံ

ဝန်ထမ်းများစီမံခန့်ခွဲမှုအားကောင်းတာကြောင့် နေရာရလာလိမ့်မယ်။ ရာထူးတိုးလာလိမ့်မယ်။ အထက်က မြှောက်စားခြင်းကိုခံရတတ်ပါတယ်။ မိမိကိုယ်တိုင်က အရင်ကနဲ့မတူဘဲ ပါးနပ်လိမ္မာစွာဆောင်ရွက်သွားနိုင်မဲ့ကာလ ပဲဖြစ်ပါတယ်။

ငါသိငါတတ်တဲ့ ငါတစ်ယောက်ထဲ အစွမ်းပြမယ်ဆိုတာမျိုးတော့ ဒီကာလမှာ မကောင်းပါဘူး။ တတ် နိုင်သမျှလုပ်ဖော်ကိုင်ဖက်တွေကိုတွဲခေါ်ပါ။ အများနဲ့ပူပေါင်းပါ။သူတို့အကြံအစည်တွေကို လျစ်လျူမရှုလိုက်ပါနဲ့ ။ အထက်လူကြီးနဲ့ရော အောက်လက်ငယ်သားနဲ့ရော အဆင်ပြေအောင်ပေါင်းလေ အလုပ်ကိစ္စအဆင်ပြေလေပါပဲ။

ဒီနှစ်မှာ ကိုယ်ပိုင်စီးပွားရေးသမားများ အလုပ်တွေကိုချဲ့ထွင်ချင်တာမျိုး၊ဆိုင်ခွဲတွေထပ်ဖွင့်ချင်တာမျိုး အတွက်ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ငွေမနိုင်လဲ စပ်တူခေါ်ပါ။ ရှယ်ယာလုပ်ကြပါ။ စပ်တူအလုပ်လဲအထူး အကျိုးပေးတဲ့နှစ်ဖြစ်ပါတယ်။

လုပ်ချင်တာချင်းတူပြီး တစ်‌ယောက်အားနဲ့မနိုင်တာမျိုးဆို အင်္ဂါသားကဦးဆောင်ပြီး ဆောင်ရွက်လိုက်ခြင်းဖြင့် ပိုမိုအဆင်ပြေသွားတတ်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊အကျိုးဆောင်လုပ်ငန်း၊ အကြံ ပေးလုပ်ငန်း၊ဝန်ဆောင်မှုပေးရတဲ့အလုပ်များ၊ နည်းပညာကို အားကိုးလုပ်ရတဲ့ အလုပ်များပိုမိုအဆင်ပြေပါလိမ့် မယ်။

#လူမှုရေး

လူမှုရေးအားကောင်းတဲ့နှစ်ဖြစ်ပါတယ်။ မိမိကိုအရေးပေးဆက်ဆံကြသူတွေများတာမို့ လူမှုရေးနယ်ပယ် ကျယ်ပြန့်ပါလိမ့်မယ်။ အလှူတွေ၊မင်္ဂလာဆောင်တွေ၊ ပွဲတတ်ဖိတ်တာတွေများတာမို့ ငွေကုန်ကြေးကျလဲများလာ နိုင်ပါတယ်။

အချို့ရက်တွေမှာ တစ်ရက်ထဲကို ပွဲတွေဆက်နေတာမျိုးတွေကြုံနေရပါလိမ့်မယ်။ ဒါကြောင့်ပဲ လူမှုရေး အင်အားကို တည်ဆောက်ပြီး စီးပွားရေးမှာ မိတ်များအောင် ဖောက်သည်များအောင်အသုံးချတတ်ဖို့လိုပါတယ်။

သာရေး၊နာရေး၊လှူရေးတန်းရေးတွေမှာ မိမိကိုဦးဆောင်ခိုင်းရင် မိမိစွမ်းသလောက်ကူညီပေးလိုက်ပါ။ လူမှုရေးအား ကြောင့်ပဲ မိမိလဲ အောင်မြင်ခြင်း၊လူသိများလာခြင်း၊အောင်မြင်သူတွေနဲ့ ချိတ်ဆက်မိခြင်းတွေကြုံလာရလိမ့်မယ်။

#အချစ်ရေး မေတ္တာရေး

ဒီနှစ်မှာ အချစ်ရေးကံက သတိထားစရာပါပဲ။ အထူးသဖြင့်ချစ်သူမရှိသေးသူတွေဆို ရပ်ဝေးကလူ၊ဘာသာမ တူတဲ့သူ၊ အသက်ကွာတဲ့သူ။ တစ်ခုလတ်၊မုဆိုးဖို/မ စတာမျိုးတွေနဲ့ ဆုံရကြုံရတတ်ပါတယ်။

ဥပမာပေးရရင်ဒီနှစ် အချစ်ရေးက ရေသန့်တွေလို မသန့်ရှင်းဘူး။ မြစ်ရေတွေလို နောက်ကျိကျိနဲ့ ဖြစ်နေလိမ့်မယ်။ကိုယ်အပျို၊သူလူပျိုဆို တာမျိုးကြုံရခဲတဲ့ကာလပါပဲ။ ဒီနှစ်မှာ အွန်လိုင်းကနေ ချစ်သူရတယ်ဆိုလဲ သိပ်ပြီးပျော်မနေပါနဲ့။ အရှုပ်ထုပ်တွေ၊ မလွတ်လပ်သူတွေဖြစ်နေနိုင်ပါတယ်။

နှစ်ပေါင်းများစွာတွဲနေတဲ့ ချစ်သူတွေကြတော့ ကြာလို့ရိုးတာပဲလား၊ သဘောထားမတိုက်ဆိုင်တာများလို့ပဲ လား၊အသစ်ထပ်တွဲချင်လို့လားတော့ မသိဘူး။ ချစ်သူကိုစိတ်ကုန်နေတာတော့အမှန်ပဲ။ ပြတ်သွားလဲအေးတာပဲဆိုတဲ့ စိတ်မျိုးမိမိရင်မှာဖြစ်နေတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်မြတ်မြတ်နိုးနိုးချစ်ကြလို့ မိဘတွေကိုအသိပေး လက်ထပ်မယ်စိတ်ကူးတော့လဲ လူကြီးတွေသဘောမတူတာမျိုးတွေဖြစ်နေပါလိမ့်မယ်။

#အိမ်ထောင်ရေး

အိမ်ထောင်ရေးကံကတော့ ဒီနှစ်မှာ အလုပ်ကြောင့်မောင်တစ်ရွာမယ်တစ်မြို့ဆိုတာမျိုးနေရတတ်ပါတယ်။ အိမ်ထောင်ဘက်က အဝေးမှာ အလုပ်သွားလုပ်တာဖြစ်ဖြစ်၊မိမိကိုယ်တိုင်ကအဝေးရောက်နေတာမျိုးဖြစ်ဖြစ်ကြုံရ ပါလိမ့်မယ်။

အဲလိုမှမဟုတ်ဘဲ အတူတူနေနေရတဲ့ အိမ်ထောင်သည်တွေကတော့ တကျက်ကျက်ဖြစ်နေကြတာမျိုး တွေ၊ သဘောထားမတိုက်ဆိုင်တာများတာမျိုးတွေ၊ အိမ်ထောင်ဘက်အပေါ် ငြီးငွေ့ချင်တာမျိုးတွေ၊ လိုဘက်မပြည့် တာ၊ကာမဆန္ဒတွေမပြည့်ဝတာမျိုးတွေကြောင့် အိမ်ထောင်ရေးသုခနည်းမဲ့နှစ်ပါ။

ပျော်အောင်နေကြပါ။ ပွင့်ပွင့်လင်း လင်းပြောဆိုဆက်ဆံကြပါ။ သူမကြိုက်တာတွေမလုပ်သင့်သလို ၊ ကိုယ်မကြိုက်တာတွေသူလုပ်ရင်လဲ မကြိုက် ကြောင်းပြတ်ပြတ်သားသား ပြောပါ။ မပွင့်လင်းရင် ကြိမ်မီးခဲလို တအုံနွေးနွေးနဲ့ ပိုဆိုးလာဖွယ်ရာရှိတာတွေ့ရတယ်။

#ကျန်းမာရေး

အာယုဂြိုဟ်တွေရပ်တည်မှုအားကောင်းပေမဲ့ နိစ်ဂြိုဟ်ဖြစ်နေတာမျိုးတွေ့ရပါတယ်။ အထူးသဖြင့် အပူအား ကြီးခြင်း၊ခန္ဓာကိုယ်မှာ တေဇောဓာတ်လွန်ကဲခြင်းများဖြစ်လိမ့်မယ်။

ဒါကြောင့် အကြိတ်အဖုထွက်တာ၊ ဝမ်းချုပ်တာ၊ ဆံပင်ကျွတ်တာတွေဖြစ်တတ်သလို ရေချိုးပျင်းတဲ့ အင်္ဂါသားသမီးတွေကတော့ ဒီနှစ်ကျန်းမာရေးပိုမိုညံ့ဖျင်းလာတာ ကိုတွေ့ရပါတယ်။ အပူအအေးမျှတအောင်နေပါ။

အပူငြိမ်းဆေးလေးတွေပုံမှန်စားပေးပါ။ ရောဂါဖြစ်ရင်မွေးမထား နဲ့။ ဆေးမြီးတိုနဲ့ မကုနဲ့။ ဒီနှစ်မှာ ဘယ်ရောဂါဖြစ်ဖြစ် အမြစ်ပြတ်အရှင်းပျောက်ဖို့ ခက်ခဲပါတယ်။ ဖြစ်တဲ့ရောဂါ အပေါ်မူတည်ပြီး ဆိုင်ရာသမားတော်တွေနဲ့သာ အမြန်ဆုံးပြတာ အကောင်းဆုံးပါပဲ။

#ပညာရေး

ပညာရေးကံအားကောင်းနေပါလိမ့်မယ်။ မိမိဉာဏ်ရည်၊ မှတ်သားနိုင်စွမ်း၊သင်ယူနိုင်စွမ်းတွေနဲ့ မြင့်မားလာပါ လိမ့်မယ်။ ဒီကာလမှာသင်သမျှ မိမိခေါင်းထဲ ရှင်းခနဲ လင်းခနဲ သိမြင်ပါလိမ့်မယ်။
အဘိဓမ္မာသင်တန်းများတက်ခြင်း၊ ခက်ခဲတဲ့ သင်္ချာပညာများ၊ Network ပိုင်းလေ့လာခြင်းများ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အားနည်းချက်က ပညာတစ် ပိုင်းတစဖြစ်တတ်ပါတယ်။

အလုပ်မအားလပ်ဘဲ ပညာလိုချင်ဇောနဲ့ တက်လိုက်တာကြောင့် ပညာရေးဆုံးခန်းမတိုင် တာမျိုးတွေဖြစ်တတ်ပါတယ်။ ရပ်ဝေးကဆုထူး၊ဘွဲ့ထူးတွေရလာတတ်ပါတယ်။ အွန်လိုင်းကနေ ပညာသင်တာမျိုး တွေအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။

#အနှစ်ချုပ်

အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ဒီနှစ်မှာ အိုးအိမ်နေရာထိုင်ခင်းကံအားနည်းကြပါတယ်။ အိမ်ဝယ်မယ်၊ခြံ ဝယ်မယ်ဆို သေချာစုံစမ်းပြီးမှဝယ်ပါ။ ပိုင်ဆိုင်မှုမခိုင်မာတာမျိုးဖြစ်စေ၊ပတ်ဝန်းကျင်မကောင်းတာမျိုးဖြစ်စေကြုံ ရတတ်ပါတယ်။

နိုင်ငံခြားကိစ္စ ရပ်ဝေးကိစ္စများအဆင်ပြေတတ်ပါတယ်။ နိုင်ငံခြားသွားမဲ့သူများအခွင့်အလမ်း ကောင်းတွေပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများ ရာထူးတိုးပြီးနယ်စွန်နယ်ဖျားသွားရောက်တာဝန်ထမ်းဆောင်ရတာ မျိုးကြုံရတတ်ပါတယ်။

မနေချင်တဲ့နေရာနေရတာမျိုးတွေ၊မသွားချင်တဲ့နေရာသွားရတာမျိုးဖြစ်တတ်ပါတယ်။ ကံ ကောင်းတာက ဘယ်ရောက်ရောက်ကူညီမဲ့သူပေါများခြင်း၊ အခက်အခဲတွေကို ဖြေရှင်းပေမဲ့သူတွေရှိနေတတ်ပါ တယ်။ဒီနှစ်ဟာ တစ်ကိုယ်တော်စွမ်းရည်ထုတ်ကြိုးစားခြင်းထက် အများနဲ့ လက်တွဲညီညီပူးတွဲဆောင်ရွက်ခြင်းက သာပိုမိုတိုးတတ်မှုရစေနိုင်ကြောင်းပြောကြားခြင်း နိဂုံးချုပ်အပ်ပါတယ်။

# ယတြာ

ဒီနှစ်မှာ အာဝေဏိက ဂုဏ်တော် ၁၈ပါးကို နေ့စဉ် နိုင်သလောက်ပွားနိုင်အောင်သာကြိုးစားပါ။ သိသာစွာကံမြင့်မားပါလိမ့်မယ်။သက်ကြီးဝါကြီးရဟန်းသံဃာတွေကို ဆေးဝါးမကြာခဏလှူပါ။ မိဘတွေ/အကြီးအကဲလူကြီးတွေကို အုန်းဆီ၊ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည် မကြာခဏလှူပေးပါ။

အင်္ဂါသားသမီးအပေါင်း သူတော်ကောင်းတို့ နှစ်သစ်မှစ၍ ရန်သူမျိုးငါးပါးဘေးမှကင်ဝေးကြပါစေ Crd- ဆရာ ငြိမ်းအေးလူ 09775555695

Credit

အင်္ဂါ သားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောကိန်း

အင်္ဂါသားသမီးတစ်နှစ်စာဟောကိန်း

ဒီနှစ်ထဲမှာတော့ ကံအားသာချက်အရှိဆုံးသားသမီးက အင်္ဂါသားသမီးပါပဲ။ လုပ်သမျှအဆင်ပြေခြင်း၊ကြံစည် သမျှအောင်မြင်ခြင်းတွေရှိနိုင်တဲ့နှစ်ပါအလုပ်တွေကို နားမလည်ဘဲ မြေစမ်းခရမ်းပျိုးလျှောက်လုပ်ရင်တောင်မှ သူဘာသာလမ်းတည့်သွားနိုင်တဲ့ကာလပါပဲ။ စိတ်ကူးကောင်းတွေရလာလိမ့်မယ်။

အနာဂတ်ကိုကြိုတင်မှန်းဆတာက တကယ်လက်တွေ့မှာ မှန်နေလိမ့်မယ်။ မိမိအတွေးအခေါ်ကပဲ မိမိရဲ့အောင်မြင်မှုတွေရရှိအောင်ကူညီပေးပါလိမ့် မယ်။အရှိန်အဝါအားကြီးပြီး လူအများအပေါ်လွှမ်းမိုးနိုင်လာမဲ့ နှစ်လဲဖြစ်ပါတယ်။

လူအများကလဲ ဒီနှစ်မှာမိမိဆီအကြံဉာဏ်တောင်းကြတာမျိုးတွေ၊ ဆရာတင်ကြတာမျိုးတွေအထူးကြုံရပါ လိမ့်မယ်။ဒါကြောင့် အရင်ကတည်းက အတွေးအခေါ်ကောင်းသူတွေ၊ ဉာဏ်ကြီးသူတွေ၊စာဖတ်အားကောင်းသူတွေ အထူးပဲတိုးတတ်သွားပါလိမ့်မယ်။ဒီလိုနှစ်မျိုးက ရနှစ်တကြိမ်ကြုံရသော ကံကောင်းသောအချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် ကောင်းသောကံတွေကို လက်ခံယူနိုင်အောင်ပြင်ဆင်ထားကြပါလို့ အင်္ဂါသားသမီးတွေကိုမှာချင်ပါတယ်။

၏အလုပ္စီးပြားကံ

ဝန်ထမ်းများစီမံခန့်ခွဲမှုအားကောင်းတာကြောင့် နေရာရလာလိမ့်မယ်။ ရာထူးတိုးလာလိမ့်မယ်။ အထက်က မြှောက်စားခြင်းကိုခံရတတ်ပါတယ်။ မိမိကိုယ်တိုင်က အရင်ကနဲ့မတူဘဲ ပါးနပ်လိမ္မာစွာဆောင်ရွက်သွားနိုင်မဲ့ကာလ ပဲဖြစ်ပါတယ်။

ငါသိငါတတ်တဲ့ ငါတစ်ယောက်ထဲ အစွမ်းပြမယ်ဆိုတာမျိုးတော့ ဒီကာလမှာ မကောင်းပါဘူး။ တတ် နိုင်သမျှလုပ်ဖော်ကိုင်ဖက်တွေကိုတွဲခေါ်ပါ။ အများနဲ့ပူပေါင်းပါ။သူတို့အကြံအစည်တွေကို လျစ်လျူမရှုလိုက်ပါနဲ့ ။ အထက်လူကြီးနဲ့ရော အောက်လက်ငယ်သားနဲ့ရော အဆင်ပြေအောင်ပေါင်းလေ အလုပ်ကိစ္စအဆင်ပြေလေပါပဲ။

ဒီနှစ်မှာ ကိုယ်ပိုင်စီးပွားရေးသမားများ အလုပ်တွေကိုချဲ့ထွင်ချင်တာမျိုး၊ဆိုင်ခွဲတွေထပ်ဖွင့်ချင်တာမျိုး အတွက်ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ငွေမနိုင်လဲ စပ်တူခေါ်ပါ။ ရှယ်ယာလုပ်ကြပါ။ စပ်တူအလုပ်လဲအထူး အကျိုးပေးတဲ့နှစ်ဖြစ်ပါတယ်။

လုပ်ချင်တာချင်းတူပြီး တစ်‌ယောက်အားနဲ့မနိုင်တာမျိုးဆို အင်္ဂါသားကဦးဆောင်ပြီး ဆောင်ရွက်လိုက်ခြင်းဖြင့် ပိုမိုအဆင်ပြေသွားတတ်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊အကျိုးဆောင်လုပ်ငန်း၊ အကြံ ပေးလုပ်ငန်း၊ဝန်ဆောင်မှုပေးရတဲ့အလုပ်များ၊ နည်းပညာကို အားကိုးလုပ်ရတဲ့ အလုပ်များပိုမိုအဆင်ပြေပါလိမ့် မယ်။

#လူမှုရေး

လူမှုရေးအားကောင်းတဲ့နှစ်ဖြစ်ပါတယ်။ မိမိကိုအရေးပေးဆက်ဆံကြသူတွေများတာမို့ လူမှုရေးနယ်ပယ် ကျယ်ပြန့်ပါလိမ့်မယ်။ အလှူတွေ၊မင်္ဂလာဆောင်တွေ၊ ပွဲတတ်ဖိတ်တာတွေများတာမို့ ငွေကုန်ကြေးကျလဲများလာ နိုင်ပါတယ်။

အချို့ရက်တွေမှာ တစ်ရက်ထဲကို ပွဲတွေဆက်နေတာမျိုးတွေကြုံနေရပါလိမ့်မယ်။ ဒါကြောင့်ပဲ လူမှုရေး အင်အားကို တည်ဆောက်ပြီး စီးပွားရေးမှာ မိတ်များအောင် ဖောက်သည်များအောင်အသုံးချတတ်ဖို့လိုပါတယ်။

သာရေး၊နာရေး၊လှူရေးတန်းရေးတွေမှာ မိမိကိုဦးဆောင်ခိုင်းရင် မိမိစွမ်းသလောက်ကူညီပေးလိုက်ပါ။ လူမှုရေးအား ကြောင့်ပဲ မိမိလဲ အောင်မြင်ခြင်း၊လူသိများလာခြင်း၊အောင်မြင်သူတွေနဲ့ ချိတ်ဆက်မိခြင်းတွေကြုံလာရလိမ့်မယ်။

#အချစ်ရေး မေတ္တာရေး

ဒီနှစ်မှာ အချစ်ရေးကံက သတိထားစရာပါပဲ။ အထူးသဖြင့်ချစ်သူမရှိသေးသူတွေဆို ရပ်ဝေးကလူ၊ဘာသာမ တူတဲ့သူ၊ အသက်ကွာတဲ့သူ။ တစ်ခုလတ်၊မုဆိုးဖို/မ စတာမျိုးတွေနဲ့ ဆုံရကြုံရတတ်ပါတယ်။

ဥပမာပေးရရင်ဒီနှစ် အချစ်ရေးက ရေသန့်တွေလို မသန့်ရှင်းဘူး။ မြစ်ရေတွေလို နောက်ကျိကျိနဲ့ ဖြစ်နေလိမ့်မယ်။ကိုယ်အပျို၊သူလူပျိုဆို တာမျိုးကြုံရခဲတဲ့ကာလပါပဲ။ ဒီနှစ်မှာ အွန်လိုင်းကနေ ချစ်သူရတယ်ဆိုလဲ သိပ်ပြီးပျော်မနေပါနဲ့။ အရှုပ်ထုပ်တွေ၊ မလွတ်လပ်သူတွေဖြစ်နေနိုင်ပါတယ်။

နှစ်ပေါင်းများစွာတွဲနေတဲ့ ချစ်သူတွေကြတော့ ကြာလို့ရိုးတာပဲလား၊ သဘောထားမတိုက်ဆိုင်တာများလို့ပဲ လား၊အသစ်ထပ်တွဲချင်လို့လားတော့ မသိဘူး။ ချစ်သူကိုစိတ်ကုန်နေတာတော့အမှန်ပဲ။ ပြတ်သွားလဲအေးတာပဲဆိုတဲ့ စိတ်မျိုးမိမိရင်မှာဖြစ်နေတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်မြတ်မြတ်နိုးနိုးချစ်ကြလို့ မိဘတွေကိုအသိပေး လက်ထပ်မယ်စိတ်ကူးတော့လဲ လူကြီးတွေသဘောမတူတာမျိုးတွေဖြစ်နေပါလိမ့်မယ်။

#အိမ်ထောင်ရေး

အိမ်ထောင်ရေးကံကတော့ ဒီနှစ်မှာ အလုပ်ကြောင့်မောင်တစ်ရွာမယ်တစ်မြို့ဆိုတာမျိုးနေရတတ်ပါတယ်။ အိမ်ထောင်ဘက်က အဝေးမှာ အလုပ်သွားလုပ်တာဖြစ်ဖြစ်၊မိမိကိုယ်တိုင်ကအဝေးရောက်နေတာမျိုးဖြစ်ဖြစ်ကြုံရ ပါလိမ့်မယ်။

အဲလိုမှမဟုတ်ဘဲ အတူတူနေနေရတဲ့ အိမ်ထောင်သည်တွေကတော့ တကျက်ကျက်ဖြစ်နေကြတာမျိုး တွေ၊ သဘောထားမတိုက်ဆိုင်တာများတာမျိုးတွေ၊ အိမ်ထောင်ဘက်အပေါ် ငြီးငွေ့ချင်တာမျိုးတွေ၊ လိုဘက်မပြည့် တာ၊ကာမဆန္ဒတွေမပြည့်ဝတာမျိုးတွေကြောင့် အိမ်ထောင်ရေးသုခနည်းမဲ့နှစ်ပါ။

ပျော်အောင်နေကြပါ။ ပွင့်ပွင့်လင်း လင်းပြောဆိုဆက်ဆံကြပါ။ သူမကြိုက်တာတွေမလုပ်သင့်သလို ၊ ကိုယ်မကြိုက်တာတွေသူလုပ်ရင်လဲ မကြိုက် ကြောင်းပြတ်ပြတ်သားသား ပြောပါ။ မပွင့်လင်းရင် ကြိမ်မီးခဲလို တအုံနွေးနွေးနဲ့ ပိုဆိုးလာဖွယ်ရာရှိတာတွေ့ရတယ်။

#ကျန်းမာရေး

အာယုဂြိုဟ်တွေရပ်တည်မှုအားကောင်းပေမဲ့ နိစ်ဂြိုဟ်ဖြစ်နေတာမျိုးတွေ့ရပါတယ်။ အထူးသဖြင့် အပူအား ကြီးခြင်း၊ခန္ဓာကိုယ်မှာ တေဇောဓာတ်လွန်ကဲခြင်းများဖြစ်လိမ့်မယ်။

ဒါကြောင့် အကြိတ်အဖုထွက်တာ၊ ဝမ်းချုပ်တာ၊ ဆံပင်ကျွတ်တာတွေဖြစ်တတ်သလို ရေချိုးပျင်းတဲ့ အင်္ဂါသားသမီးတွေကတော့ ဒီနှစ်ကျန်းမာရေးပိုမိုညံ့ဖျင်းလာတာ ကိုတွေ့ရပါတယ်။ အပူအအေးမျှတအောင်နေပါ။

အပူငြိမ်းဆေးလေးတွေပုံမှန်စားပေးပါ။ ရောဂါဖြစ်ရင်မွေးမထား နဲ့။ ဆေးမြီးတိုနဲ့ မကုနဲ့။ ဒီနှစ်မှာ ဘယ်ရောဂါဖြစ်ဖြစ် အမြစ်ပြတ်အရှင်းပျောက်ဖို့ ခက်ခဲပါတယ်။ ဖြစ်တဲ့ရောဂါ အပေါ်မူတည်ပြီး ဆိုင်ရာသမားတော်တွေနဲ့သာ အမြန်ဆုံးပြတာ အကောင်းဆုံးပါပဲ။

#ပညာရေး

ပညာရေးကံအားကောင်းနေပါလိမ့်မယ်။ မိမိဉာဏ်ရည်၊ မှတ်သားနိုင်စွမ်း၊သင်ယူနိုင်စွမ်းတွေနဲ့ မြင့်မားလာပါ လိမ့်မယ်။ ဒီကာလမှာသင်သမျှ မိမိခေါင်းထဲ ရှင်းခနဲ လင်းခနဲ သိမြင်ပါလိမ့်မယ်။
အဘိဓမ္မာသင်တန်းများတက်ခြင်း၊ ခက်ခဲတဲ့ သင်္ချာပညာများ၊ Network ပိုင်းလေ့လာခြင်းများ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အားနည်းချက်က ပညာတစ် ပိုင်းတစဖြစ်တတ်ပါတယ်။

အလုပ်မအားလပ်ဘဲ ပညာလိုချင်ဇောနဲ့ တက်လိုက်တာကြောင့် ပညာရေးဆုံးခန်းမတိုင် တာမျိုးတွေဖြစ်တတ်ပါတယ်။ ရပ်ဝေးကဆုထူး၊ဘွဲ့ထူးတွေရလာတတ်ပါတယ်။ အွန်လိုင်းကနေ ပညာသင်တာမျိုး တွေအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။

#အနှစ်ချုပ်

အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ဒီနှစ်မှာ အိုးအိမ်နေရာထိုင်ခင်းကံအားနည်းကြပါတယ်။ အိမ်ဝယ်မယ်၊ခြံ ဝယ်မယ်ဆို သေချာစုံစမ်းပြီးမှဝယ်ပါ။ ပိုင်ဆိုင်မှုမခိုင်မာတာမျိုးဖြစ်စေ၊ပတ်ဝန်းကျင်မကောင်းတာမျိုးဖြစ်စေကြုံ ရတတ်ပါတယ်။

နိုင်ငံခြားကိစ္စ ရပ်ဝေးကိစ္စများအဆင်ပြေတတ်ပါတယ်။ နိုင်ငံခြားသွားမဲ့သူများအခွင့်အလမ်း ကောင်းတွေပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများ ရာထူးတိုးပြီးနယ်စွန်နယ်ဖျားသွားရောက်တာဝန်ထမ်းဆောင်ရတာ မျိုးကြုံရတတ်ပါတယ်။

မနေချင်တဲ့နေရာနေရတာမျိုးတွေ၊မသွားချင်တဲ့နေရာသွားရတာမျိုးဖြစ်တတ်ပါတယ်။ ကံ ကောင်းတာက ဘယ်ရောက်ရောက်ကူညီမဲ့သူပေါများခြင်း၊ အခက်အခဲတွေကို ဖြေရှင်းပေမဲ့သူတွေရှိနေတတ်ပါ တယ်။ဒီနှစ်ဟာ တစ်ကိုယ်တော်စွမ်းရည်ထုတ်ကြိုးစားခြင်းထက် အများနဲ့ လက်တွဲညီညီပူးတွဲဆောင်ရွက်ခြင်းက သာပိုမိုတိုးတတ်မှုရစေနိုင်ကြောင်းပြောကြားခြင်း နိဂုံးချုပ်အပ်ပါတယ်။

# ယတြာ

ဒီနှစ်မှာ အာဝေဏိက ဂုဏ်တော် ၁၈ပါးကို နေ့စဉ် နိုင်သလောက်ပွားနိုင်အောင်သာကြိုးစားပါ။ သိသာစွာကံမြင့်မားပါလိမ့်မယ်။သက်ကြီးဝါကြီးရဟန်းသံဃာတွေကို ဆေးဝါးမကြာခဏလှူပါ။ မိဘတွေ/အကြီးအကဲလူကြီးတွေကို အုန်းဆီ၊ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည် မကြာခဏလှူပေးပါ။

အင်္ဂါသားသမီးအပေါင်း သူတော်ကောင်းတို့ နှစ်သစ်မှစ၍ ရန်သူမျိုးငါးပါးဘေးမှကင်ဝေးကြပါစေ Crd- ဆရာ ငြိမ်းအေးလူ 09775555695

Credit

 


Leave a Reply

Your email address will not be published.