အဆုပ်ကင်ဆာထိပါဖြစ်စေနိုင်တဲ့ ခြင်ဆေးခွေအကြောင်းနဲ့ ရှောင်ကြဥ်ရမယ့် အချက်များ

အဆုပ်ကင်ဆာထိပါဖြစ်စေနိုင်တဲ့ ခြင်ဆေးခွေအကြောင်းနဲ့ ရှောင်ကြဥ်ရမယ့် အချက်များ

ခြင်ဆေးခွေကို ၁၈၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံက Eiichiro Ueyama ဆိုသူကစတင်တီထွင်ခဲ့တယ်လို့သိရပါတယ်။ ဓါတုဗေဒနည်းပညာတွေဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ခြင်ဆေးခွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။

သုတသေနပညာရှင်တွေရဲ့တွေ့ရှိချက်အရ ခြင်ဆေးခွေအချို့မှာအပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ပိုးသတ်ဆေး S-2၊ ဖော်မယ်ဒီဟိုက်၊ ဘန်ဇင်း၊ မီဖာလူသရင်းစတဲ့ ဓါတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဘန်ဇင်းဓါတုပစ္စည်းဟာ ကာစီနိုဂျင်(ကင်ဆာဖြစ်စေမှုကို အားပေးတဲ့ပစ္စည်း) ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါအဆိပ်သင့်နိုင်ပါတယ်။ခြင်ဆေးခွေတခွေကထွက်လာတဲ့အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ်၁ဝဝကျော်မှထွက်တဲ့ အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း သုတေသနပညာရှင်အချိုကဆိုပါတယ်။

ခြင်ပေါတဲ့မြန်မာနိုင်ငံမှာ ခြင်ကိုက်ခံရတာကနေကာကွယ်ဖို့အတွက် များသောအားဖြင့်ခြင်ဆေးခွေကိုအလွယ်တကူသုံးစွဲတတ်ကြပါတယ်။

ခြင်ဆေးခွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရောဂါတွေဖြစ်တဲ့ လေပြွန်ရောင်ရောဂါ၊ပန်းနာရင်ကြပ်ရောဂါနဲ့အဆုတ်ကင်ဆာအထိပါဖြစ်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ပိုမိုဆိုးရွားလာနိုင်ပါတယ်။

ခုခေတ်မှာ ခြင်ရိုက်တံ၊ ခြင်လိမ်းဆေးရည်စသဖြင့် အများကြီးပေါ်နေသော်လည်း လူအတော်များများဟာ ခြင်ဆေးခွေကို သုံးနေကြဆဲပဲဖြစ်ပါတယ်။ ဒါကြောင့် ခြင်ဆေးခွေကိုအသုံးပြုမယ်ဆိုရင် ရှောင်ကြဉ်ရမယ့်အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်လေးတွေ၊ မွေးကင်းစကလေးတွေ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါသည်တွေရှိတဲ့ အိမ်တွေမှာခြင်ဆေးခွေကိုလုံးဝမသုံးသင့်ပါဘူး။ အလုံပိတ်ခန်း၊ လေဝင်လေထွက်နည်းတဲ့ နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

အခုနောက်ပိုင်းမှာ ခြင်မကိုက်အောင်လိမ်းဆေး၊ ဖြန်းဆေးတွေလည်း များစွာပေါ်ထွက်လာပြီဖြစ်လို့ ကလေးရောလူကြီးပါလိမ်းနိုင်သုံးနိုင်မယ့် အရည်သွေးကောင်းတဲ့ လိမ်းဆေး၊ ဖြန်းဆေးတွေကိုရွေးချယ်အသုံးပြုရင်း ခြင်ဆေးခွေအသုံးပြုမှုကို လျော့ချနိုင်ပါတယ်။

Credit

Zawgyi

အဆုပ္ကင္ဆာထိပါျဖစ္ေစနိုင္တဲ့ ျခင္ေဆးေခြအေၾကာင္းနဲ႔ ေရွာင္ၾကဥ္ရမယ့္ အခ်က္မ်ား

ျခင္ေဆးေခြကို ၁၈၉၅ ခုႏွစ္မွာ ဂ်ပန္နိုင္ငံက Eiichiro Ueyama ဆိုသူကစတင္တီထြင္ခဲ့တယ္လို႔သိရပါတယ္။ ဓါတုေဗဒနည္းပညာေတြဖြံ့ၿဖိဳးလာၿပီးတဲ့ေနာက္မွာ ျခင္ေဆးေခြမွာပါတဲ့ပါဝင္ပစၥည္းေတြကလည္း ဓါတုပစၥည္းေတြ အမ်ားႀကီးပါဝင္လာပါတယ္။

သုတေသနပညာရွင္ေတြရဲ့ေတြ႕ရွိခ်က္အရ ျခင္ေဆးေခြအခ်ိဳ႕မွာအျပင္းထန္ဆုံး ဓါတုပစၥည္းေတြျဖစ္တဲ့ပိုးသတ္ေဆး S-2၊ ေဖာ္မယ္ဒီဟိုက္၊ ဘန္ဇင္း၊ မီဖာလူသရင္းစတဲ့ ဓါတုပစၥည္းေတြ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

ဘန္ဇင္းဓါတုပစၥည္းဟာ ကာစီနိုဂ်င္(ကင္ဆာျဖစ္ေစမႈကို အားေပးတဲ့ပစၥည္း) ျဖစ္ၿပီး အာ႐ုံေၾကာမွစကာ ရိုးတြင္းခ်ဥ္ဆီထိပါအဆိပ္သင့္နိုင္ပါတယ္။ျခင္ေဆးေခြတေခြကထြက္လာတဲ့အဆိပ္ေငြ႕ဟာ ေဆးလိပ္အလိပ္၁ဝဝေက်ာ္မွထြက္တဲ့ အဆိပ္ေငြ႕နဲ႔ညီတယ္လို႔လည္း သုေတသနပညာရွင္အခ်ိဳကဆိုပါတယ္။

ျခင္ေပါတဲ့ျမန္မာနိုင္ငံမွာ ျခင္ကိုက္ခံရတာကေနကာကြယ္ဖို႔အတြက္ မ်ားေသာအားျဖင့္ျခင္ေဆးေခြကိုအလြယ္တကူသုံးစြဲတတ္ၾကပါတယ္။

ျခင္ေဆးေခြေၾကာင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ေရာဂါေတြျဖစ္တဲ့ ေလႁပြန္ေရာင္ေရာဂါ၊ပန္းနာရင္ၾကပ္ေရာဂါနဲ႔အဆုတ္ကင္ဆာအထိပါျဖစ္ေစနိုင္ၿပီး အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေဝဒနာ ခံစားေနရသူေတြအေနနဲ႔ပိုမိုဆိုးရြားလာနိုင္ပါတယ္။

ခုေခတ္မွာ ျခင္ရိုက္တံ၊ ျခင္လိမ္းေဆးရည္စသျဖင့္ အမ်ားႀကီးေပၚေနေသာ္လည္း လူအေတာ္မ်ားမ်ားဟာ ျခင္ေဆးေခြကို သုံးေနၾကဆဲပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ျခင္ေဆးေခြကိုအသုံးျပဳမယ္ဆိုရင္ ေရွာင္ၾကဥ္ရမယ့္အခ်က္ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ကေလးငယ္ေလးေတြ၊ ေမြးကင္းစကေလးေတြ၊ နာတာရွည္အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါသည္ေတြရွိတဲ့ အိမ္ေတြမွာျခင္ေဆးေခြကိုလုံးဝမသုံးသင့္ပါဘူး။ အလုံပိတ္ခန္း၊ ေလဝင္ေလထြက္နည္းတဲ့ ေနရာေတြမွာဆိုရင္လည္း ျခင္ေဆးေခြမထြန္းသင့္ပါေၾကာင္း အႀကံျပဳလိုက္ရပါတယ္။

အခုေနာက္ပိုင္းမွာ ျခင္မကိုက္ေအာင္လိမ္းေဆး၊ ျဖန္းေဆးေတြလည္း မ်ားစြာေပၚထြက္လာၿပီျဖစ္လို႔ ကေလးေရာလူႀကီးပါလိမ္းနိုင္သုံးနိုင္မယ့္ အရည္ေသြးေကာင္းတဲ့ လိမ္းေဆး၊ ျဖန္းေဆးေတြကိုေရြးခ်ယ္အသုံးျပဳရင္း ျခင္ေဆးေခြအသုံးျပဳမႈကို ေလ်ာ့ခ်နိုင္ပါတယ္။

Credit

Leave a Reply

Your email address will not be published.