ပဲခူမြို့ မှာ လင်မယား နှစ်ယောက် စကားများကြရာ မိန်းဖြစ်သူမှ……….Seemore



ဖြစ်စဉ်မှာ—-









အားပေးကူညီသူ


#Credit

Unicode

ပဲခူမြို့ မှာ လင်မယား နှစ်ယောက် စကားများကြရာ မိန်းဖြစ်သူမှ……….Seemore

ပဲခူးမြို့ ရပ်ကွက်ကြီး ၈ တွင် သြဂုတ်လ ၂၁ ရက်နေ့က လင်မယားချင်း စကားများရာမှ ဓားဖြင့်ထိုးကာ အလောင်းဖျောက်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်

ဖြစ်စဉ်မှာ—-

ဟံသာဝတီအဆင့်မြင့်အိမ်ယာ ဂိတ်(၁)၏ ပေ(၈၀)ခန့်အကွာ တူးမြောင်း ဘေး

အိမ်ယာဝန်းအတွင်း အရာဝတ္ထု၊ တစ်ခုခုအား မြုပ်ထားသည့် မြေစာပုံကိုတာဝန်သိပြည်သူများက တွေ့ရှိ၍ ရဲစခန်းသို့

သွားရောက် အကြောင်းကြားခဲ့ပြီး ပဲခူးအမှတ်၃သို့အကြောင်းကြားခဲ့ရာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ် တရားသူကြီးတို့မှ

မြေစာပုံအားလာရောက်တူးဖော်ရာ သေဆုံးသူ သန်းပို (ခ) ငဘုတ် (ခ) ချစ်စမ်းမောင် ၏ ရုပ်
အလောင်းအား ဦးခေါင်းမြောက်ဘက်လှည့် မှောက်လျှက်အနေအထားဖြင့် . မြုပ်နှံထားသည်ကိုတွေ့ရှိရခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူနှင့်ယောက်ဖ တို့မှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ အေးနွယ်နှင့် ယောက်ဖတော်စပ်သူ အောင်ရတနာအားမေးမြန်းရာ အေးနွယ်နှင့် ချစ်စမ်းမောင်(သေဆုံးသူ)နှင့်21-8-2022နေ့ညက စကားများရာ အေးနွယ်မှ အရိုးအသွား (၈)လက်မခန့်ရှိ

(သစ်သားရိုးတပ်) ဓါးမြောင်နှင့် (၄/၅)ချက်ခန့်ထိုးခဲ့ပြီး ချစ်စမ်းမောင်လဲကျသွားစဉ် သနပ်ခါးတုံးဖြင့်

ထပ်မံထုရိုက်ပြီး ဓါးမြောင်နှင့်ထပ်မံထုရိုက်ခဲ့ သည့်အတွက် ချစ်စမ်းမောင်သေဆုံးသွားခဲ့ရာ
အလောင်း အား အေးနွယ်နှင့်အောင်ရတနာတို့မှ မြေကြီးကျင်းတူး၍ မြုပ်နှံထားခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ သန်းပို (ခ) ငဘုတ် (ခ) ချစ်စမ်းမောင် အား သေဆုံးအောင် ဓါးဖြင့်ထိုးပြီး
အလောင်းအားဖျောက်ဖျက်သူ အေးနွယ် (ခ) ကုလားမနှင့် အလောင်းဖျောက်ဖျက်ရာတွင်
အားပေးကူညီသူ

အောင်ရတနာ တို့အား ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းမှ (ပ) ၁၈၄/၂၀၂၂ ၊ ပုဒ်မ ၃၀၂၊ ၂၀ ၂အရ အမှုဖွင့်လှစ်အရေးယူထားကြောင်း သတင်းရရှိသည်။

#Credit

Leave a Reply

Your email address will not be published.