မန္တလေးသပိတ်အဖွဲ့ဝင် သုံးဦးကို စစ်ကောင်စီက ထောင်သုံးနှစ်စီချ….

မႏၲေလးသပိတ္အဖြဲ႕ဝင္ သုံးဦးကို စစ္ေကာင္စီက ေထာင္သုံးႏွစ္စီခ်

မႏၲေလးၿမိဳ႕က စစ္အာဏာသိမ္းတာကိုဆန႔္က်င္တဲ့ေျမျပင္သပိတ္ေတြမွာပါဝင္တဲ့မဂ်ာဆိုင္းေအာင္အပါအဝင္ ၃ ဦးကို ၿပီးခဲ့တဲ့ မႏၲေလးအိုးဘိုေထာင္

တြင္းတရား႐ုံးမွာ စက္တင္ဘာ ၁ ရက္ေန႔က ေထာင္သုံးႏွစ္စီခ်လိုက္တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းကသိရပါတယ္။

မႏၲေလးၿမိဳ႕က ဖမ္းဆီးခံရတဲ့ စစ္အာဏာသိမ္း ဆန႔္က်င္ေရး သပိတ္အင္အားစုေတြထဲကအေယာက္ ၂၀ ဝန္းက်င္ကို

ေထာင္သုံးႏွစ္စီခ်မွတ္လိုက္တယ္လို႔ တရား႐ုံးအသိုင္းဝိုင္းနဲ႔နီးစပ္သူေတြက ေျပာပါတယ္။

ဒီရက္ပိုင္းအတြင္းမွာပဲ ႏိုင္ငံေရးအမႈေတြကို လိုက္ေပးတဲ့

ဖမ္းဆီးခံရသူ ေရွ႕ေနေတြကို ႐ုံးထုတ္စစ္ေဆးတာေတြပါ ရွိတယ္လို႔ ဆိုပါတယ္။

အလားတူ အဲဒီေန႔မွာပဲ စစ္အာဏာသိမ္းမႈကိုဆန္႔က်င္ဆႏၵျပလို႔ဖမ္းဆီးခံထားရတဲ့ ေက်ာင္းဆရာမပါဝင္တဲ့ ၁၇ ေယာက္အဖြဲ႕ကို

မႏၲေလးျပည္ႀကီးတံခြန္တရား႐ုံးမွာလည္း ေထာင္ ၃ ႏွစ္စီခ်လိုက္ၿပီး အဲဒီထဲမွာ အသက္မျပည့္သူေတြလည္းပါတယ္လို႔အက်ဥ္းေထာင္နဲ႔ နီးစပ္သူေတြကေျပာပါတယ္။

ဒီရက္ပိုင္းမွာေတာ့ မႏၲေလးေထာင္တြင္းတရား႐ုံးမွာ

ဗီဒီယိုကြန္ဖရန႔္နဲ႔ ႐ုံးထုတ္စစ္ေဆးတာေတြမ်ားေနၿပီး အမိန႔္ခ်တာေတြကိုဆက္တိုက္လုပ္ေနတယ္လို႔လည္းအက်ဥ္းေထာင္နဲ႔ နီးစပ္သူေတြကေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာလည္း ေသဒဏ္ကိုေထာင္တြင္းဆန႔္က်င္ဆႏၵျပတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကိုတိုက္ပိတ္တာေတြလုပ္သလို

တရား႐ုံးမထုတ္ဘဲ မ်က္ကြယ္ေထာင္ဒဏ္ခ်တာေတြနဲ႔ဆက္တိုက္ဆိုသလိုလုပ္ခဲ့တဲ့အေၾကာင္း ႏိုင္က်ဥ္းအဖြဲ႕ေတြနဲ႔ဆက္စပ္တဲ့ အဖြဲ႕အစည္းေတြကထုတ္ျပန္ထားပါတယ္။

“အခုကဘာရွိလို႔လဲမသိဘူး။ အိုးဘိုေထာင္တြင္းတရား႐ုံးမွာ အျမန္အမိန႔္ခ်ေနတယ္။ ဗီဒီယိုကြန္ဖရန႔္နဲ႔ခ်တယ္။ တခ်ိဳ႕အမႈေတြဆိုခံျပသက္ေသေတြ

ဘာမွမေခၚဘဲ အမိန႔္ခ်ပစ္တာ။ဒီရက္ပိုင္း ၅၀၅ အမႈေတြလိုက္ေပးလို႔ အဖမ္းခံထားရတဲ့ ေရွ႕ေနေတြထဲက တခ်ိဳ႕ကိုလည္း ႐ုံးထုတ္တာေတြရွိေနတယ္။

ေရွ႕ေနေတြထဲမွာဆိုရင္ ေဒၚ႐ူပါတို႔ ဆရာဦးတင္ဝင္းေအာင္တို႔ပါတယ္’’ လို႔ အက်ဥ္းေထာင္နဲ႔ နီးစပ္သူက ဘီဘီစီကိုေျပာပါတယ္။

ၿပီးခဲ့တဲ့လပိုင္းက အိုးဘိုေထာင္တြင္းတရား႐ုံးမွာ ပုဒ္မ ၅၀၅ ႏိုင္ငံေရးအမႈေတြကိုလိုက္ေပးတဲ့ေရွ႕ေန ၅ေယာက္ကို စစ္ေကာင္စီကဖမ္းဆီးခဲ့ၿပီး

အဲဒီထဲကတခ်ိဳ႕ကေတာ့ စစ္ေၾကာ‌ေရးမွာရွိေနသလို တခ်ိဳ႕ကေတာ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ၊

ပုဒ္မ ၅၀၅ စတဲ့ပုဒ္မေတြနဲ႔တရားစြဲဆိုခံထားရတယ္လို႔ တရား႐ုံးအသိုင္းအဝိုင္းကသိရပါတယ္။

မႏၲေလးၿမိဳ႕မွာေတာ့ စစ္အာဏာသိမ္းဆန႔္က်င္ေရးလႈပ္ရွားမႈမွာပါဝင္လို႔ဖမ္းဆီးခံရတဲ့ေျမျပင္သပိတ္အဖြဲ႕ဝင္ေတြလည္း ဆယ္နဲ႔

ခ်ီရွိေနၿပီး အဲဒီထဲကတခ်ိဳ႕ကေတာ့ ႏွစ္ဝက္ေလာက္ၾကာတဲ့အထိမိသားစုဝင္ေတြကအဆက္အသြယ္ရဘဲျဖစ္ေနတယ္လို႔ သပိတ္လႈပ္ရွားသူေတြကေျပာပါတယ္။

Unicode

မန္တလေးသပိတ်အဖွဲ့ဝင် သုံးဦးကို စစ်ကောင်စီက ထောင်သုံးနှစ်စီချ

မန္တလေးမြို့က စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့မြေပြင်သပိတ်တွေမှာပါဝင်တဲ့မဂျာဆိုင်းအောင်အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ မန္တလေးအိုးဘိုထောင်

တွင်းတရားရုံးမှာ စက်တင်ဘာ ၁ ရက်နေ့က ထောင်သုံးနှစ်စီချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

မန္တလေးမြို့က ဖမ်းဆီးခံရတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်အင်အားစုတွေထဲကအယောက် ၂၀ ဝန်းကျင်ကို

ထောင်သုံးနှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းဝိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံရေးအမှုတွေကို လိုက်ပေးတဲ့

ဖမ်းဆီးခံရသူ ရှေ့နေတွေကို ရုံးထုတ်စစ်ဆေးတာတွေပါ ရှိတယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့မှာပဲ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြလို့ဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာမပါဝင်တဲ့ ၁၇ ယောက်အဖွဲ့ကို

မန္တလေးပြည်ကြီးတံခွန်တရားရုံးမှာလည်း ထောင် ၃ နှစ်စီချလိုက်ပြီး အဲဒီထဲမှာ အသက်မပြည့်သူတွေလည်းပါတယ်လို့အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

ဒီရက်ပိုင်းမှာတော့ မန္တလေးထောင်တွင်းတရားရုံးမှာ

ဗီဒီယိုကွန်ဖရန့်နဲ့ ရုံးထုတ်စစ်ဆေးတာတွေများနေပြီး အမိန့်ချတာတွေကိုဆက်တိုက်လုပ်နေတယ်လို့လည်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း သေဒဏ်ကိုထောင်တွင်းဆန့်ကျင်ဆန္ဒပြတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုတိုက်ပိတ်တာတွေလုပ်သလို

တရားရုံးမထုတ်ဘဲ မျက်ကွယ်ထောင်ဒဏ်ချတာတွေနဲ့ဆက်တိုက်ဆိုသလိုလုပ်ခဲ့တဲ့အကြောင်း နိုင်ကျဥ်းအဖွဲ့တွေနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

“အခုကဘာရှိလို့လဲမသိဘူး။ အိုးဘိုထောင်တွင်းတရားရုံးမှာ အမြန်အမိန့်ချနေတယ်။ ဗီဒီယိုကွန်ဖရန့်နဲ့ချတယ်။ တချို့အမှုတွေဆိုခံပြသက်သေတွေ

ဘာမှမခေါ်ဘဲ အမိန့်ချပစ်တာ။ဒီရက်ပိုင်း ၅၀၅ အမှုတွေလိုက်ပေးလို့ အဖမ်းခံထားရတဲ့ ရှေ့နေတွေထဲက တချို့ကိုလည်း ရုံးထုတ်တာတွေရှိနေတယ်။

ရှေ့နေတွေထဲမှာဆိုရင် ဒေါ်ရူပါတို့ ဆရာဦးတင်ဝင်းအောင်တို့ပါတယ်’’ လို့ အကျဥ်းထောင်နဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အိုးဘိုထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ နိုင်ငံရေးအမှုတွေကိုလိုက်ပေးတဲ့ရှေ့နေ ၅ယောက်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး

အဲဒီထဲကတချို့ကတော့ စစ်ကြော‌ရေးမှာရှိနေသလို တချို့ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊

ပုဒ်မ ၅၀၅ စတဲ့ပုဒ်မတွေနဲ့တရားစွဲဆိုခံထားရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်လို့ဖမ်းဆီးခံရတဲ့မြေပြင်သပိတ်အဖွဲ့ဝင်တွေလည်း ဆယ်နဲ့

ချီရှိနေပြီး အဲဒီထဲကတချို့ကတော့ နှစ်ဝက်လောက်ကြာတဲ့အထိမိသားစုဝင်တွေကအဆက်အသွယ်ရဘဲဖြစ်နေတယ်လို့ သပိတ်လှုပ်ရှားသူတွေကပြောပါတယ်။

Leave a Reply

Your email address will not be published.