ခြံအမှတ် ၅၄-၅၆ ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG သတ်မှတ်… See More









Unicode

ခြံအမှတ် ၅၄-၅၆ ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG သတ်မှတ်… see more

ခြံအမှတ် ၅၄-၅၆ ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG သတ်မှတ်ကြောင်း ကြေညာအာဏာ သိမ်းစစ်တပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံထားရသည့် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဖြစ်သော ရန်ကုန်မြို့၊

ဗဟန်းမြို့နယ်ရှိ ခြံအမှတ် (၅၄-၅၆) ကို ယဉ် ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG ၊ နိုင်ငံ တော်သမ္မတရုံးမှ ယနေ့ ကြေညာခဲ့သည်။အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ဗဟန်းမြို့နယ် တက္က သိုလ်ရိပ်သားလမ်းရှိ ခြံအမှတ် ၅၄-၅၆၊ ခြံဝန်းဧရိယာ ၁.၉၂၃ ဧကနှင့် ယင်းမြေပေါ်တွင်ရှိသည့် အ ဆောက်အအုံအားလုံးကို အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေနှစ်အဖြစ်သတ်မှတ်ကြောင်း

သမ္မတဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်ဖြစ်သည်။ထိုကြောင့် ယင်းမြေနေရာနှင့်အဆောက် အုံကို ပိုင်ဆိုင်ရန်ကြို းစားခြင်း ရောင်းချခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ဖျက် ဆီးခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တားမြစ်ခြင်းကို လိုက်နာခြင်းမရှိပါက ဥပဒေအရအရေ းယူသွားမည်ဖြစ်ပြီး ပါဝင်သည့် အဖွဲ့အစည်း ပုဂ္ဂိုလ်အားလုံးကို နာမည်ပျက်စာရင်းတင်သွင်းမည်ဖြစ်ကြောင်းလည်း အမိန့်ကြေညာစာတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ ပြည်တွင်းပြည်ပတွင်ထင်ရှား သည့်အိမ်ဖြစ်ပြီး စစ် အာဏာ ရှင် အဆက်ဆက် မျက်မုန်းကျိုးခံရသည့် အိမ်တစ်လုံးလည်းဖြစ်သည်။

လက်ရှိ၌ နေအိမ်နှင့်မြေကို လေလံတင်ရောင်းချပြီး ရရှိငွေအား တစ် ဝက်စီခွဲယူရန်ဆိုသည့် ဦးအောင်ဆန်းဦး၏ အယူခံကိုပြည် ထောင်စုတရားလွှတ်တော်က သြဂုတ်လ ၂၂ ရက်တွင် အနိုင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.