ပရိတ်သတ်တွေသဘောတွေ့နေကြတဲ့ TWICE အဖွဲ့ဝင် Jihyo ရဲ့ သဘာဝဆန်ဆန်မိတ်ကပ်ပြင်ဆင်မှု

T W I C E အဖွဲ့ဝင်တွေထဲမှာ Jihyo ကတော့ ထ င်ပေါ်တဲ့မျက်နှာအစိတ်အပိုင်း လေးတွေနဲ့ အနည် းငယ်ညိုစိုတဲ့အသားအရည်ကြောင့် တစ်မူထူးခြားတဲ့အလှတရားကိုပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ် ။ သူ့ရဲ့အလှဟာ အနောက်တိုင်းဆန်ဆန်နဲ့ ကြည့်လေရင်ဖိုချင်စရာကောင်းလေနဲ့ ညို့အားပြင်းတဲ့အလှမျိုးပါ ။

ဆွဲဆောင်မှုရှိတဲ့အလှမျိုးပိုင်ဆိုင်ထားတာကြောင့် Jihyo ကိုမိတ်ကပ်ပြင်ဆင်ပေးတဲ့အခါမျိုးမှာဆိုရင်လဲ အ‌ရောင်တောက်တောက်နဲ့ထင်ပေါ်တဲ့ အ ပြင်အဆင်မျိုးတွေနဲ့တွေ့ရလေ့ရှိပါတယ်။ ဒါကလဲ စင်မြင့်ဖျော်ဖြေမှုတွေမှာဆိုရင် အတော်လေးကြည့်ကောင်းပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မိတ်ကပ်ပညာရှင် Leo J ပြင်ဆင်ပေးတဲ့မိတ်ကပ်ကိုကြည့်ပြီးနောက်မှာတော့ ပါးကြည်ပြီးသဘာဝဆန်တဲ့ပုံစံလေးဟာ Jihyo နဲ့အလိုက်ဖက်ဆုံးဆိုတာ တညီတညာတည်းလက်ခံခဲ့ကြပါတယ်။

Jihyo ဟာ မိတ်ကပ်ဆရာ Leo J ရဲ့ ကဗီဒီယိုမှာဧည့်သည်အနုပညာရှင်တစ်ဦးအဖြစ်ပါဝင်လာတာဖြစ်ပြီး မျက်နှာပြောင်နဲ့ရိုက်ကူးရေးလုပ်တာတောင် သူ့ရဲ့မျက်နှာပြောင်အလှက မိတ်ကပ်ဆရာကိုရော ကြည့်ရှုသူတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။

ပြင်ဆင်ချင်တဲ့ပုံစံမျိုးရှိလားလို့မေးတဲ့အခါမှာတော့ “ကျွန်မမျက်နှာကနည်းနည်းလေးပဲပြင်ရင်တောင် အရမ်းထင်းတဲ့မျက်နှာမျိုးမို့လို့ သဘာဝကျကျလေးနဲ့ ပါးပါးလေးပြင်ကြည့်ချင်တယ်” လို့ပြောခဲ့ပါတယ်။

Leo J ရဲ့ လက်စွမ်းနဲ့ပြင်ဆင်မှုပြီးဆုံးသွားတဲ့အခါမှာတော့ အ‌ရောင်တောက် တောက်မဟုတ်ဘဲ ကြည်ကြည်လင်လင် lo  o k လေးက Jihyo နဲ့အလိုက်ဖက်ဆုံးဖြစ်ခဲ့ပြီး ကြည့်မဝချင်စရာအလှမျိုးပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ မိတ်ကပ်ပါးပါးလေးက Jihyo ရဲ့ နဂိုအတိုင်းလှတဲ့မျက်နှာလေးနဲ့ ကွက်တိပါပဲ ။

ပရိတ်သတ်တွေကတေ့ “ဒီမိတ်ကပ်က Jihyo ပြင်ဖူးသမျှထဲမှာအလှဆုံးပဲ” “Leo Jသာ ရဲ့ပင်တိုင်မိတ်ကပ်ဆရာ လုပ်ပေးရင်ကောင်းမှာပဲ” အစရှိတဲ့ မှတ်ချက်တွေ ရေးခဲ့ကြပါတယ် ။

# C r e d i t

Leave a Reply

Your email address will not be published.