




#Credit

 

Unicode

အဖေလိုရော အမေလိုရောပါချစ်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့သည့် ဖခင်ကို သူမအလုပ်လုပ်လို့ရသောပထမဆုံးလစာနဲ့ ခရီးအနှံ့ခေါ်သွားလည်ခဲ့သော မိန်းကလေး

လောကကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် မိဘနှစ်ပါး စုံလင်စွာနဲ့အတူမနေခဲ့ရပဲ မိခင်မရှိသည့်မိသားစုတွေမှာ တစ်ယောက်တည်းရုန်းကန်ပြီး သားသမီးတွေကိုရှာကျွေးတဲ့ကြင်ဖော်မဲ့ ဖခင်တွေရှိကြပြီး လူအများအထင်ကြီးလေးစားစရာဖြစ်စေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ဖခင်တစ်ဦးသည် ဇနီးသည်ဆုံးပါးသွားပြီးနောက်ပိုင်း အရွယ်ကောင်းသေးပေမယ့် အိမ်ထောင်ထပ်မပြုတော့ပဲ ကျန်ရစ်ခဲ့သောသမီးလေးကို အဖေလိုရော အမေလိုပါချစ်ပေးဂရုစိုက်ပေးကာ ပညာတတ်ကြီးဖြစ်သည်ထိကို ဒုက္ခအခက်အခဲတွေကြား ကျောင်းထားပေးခဲ့သည်။

ဖခင်ဖြစ်သူသည် လုပ်အားခရသမျှကို သူ့အတွက်ဆိုတာမသုံးပဲ သမီးလေးအတွက်သာ စုဆောင်းပေးခဲ့ရာ သမီးဖြစ်သူကလည်း ကျေးဇူးသိတတ်စွာနဲ့ သူမအလုပ်လုပ်၍ရသောလစာလေးနဲ့ ဖခင်ဖြစ်သူကို အပန်းဖြေခရီးခေါ်ထွက်ခဲ့သည်။

မိန်းကလေးသည် သူမအတွက်နဲ့ပင်ပန်းခဲ့ရသော ဖခင်အပေါ် သိတတ်နားလည်ကာ နေကောင်းကျန်းမာသည့်အချိန်လေးမှာ ဖခင်သွားချင်ခဲ့သည့်နေရာအနှံ့သို့ အလည်အပတ်ခရီးခေါ်ထွက်ပြီး ဖခင်မစားဖူးသေးသည့် စားစရာမျိုးစုံတို့ကိုလည်း ဝယ်ကျွေးခဲ့ခြင်းဖြင့် အများရဲ့ချီးကျူးခြင်းကို ခံနေရသည်။

#Credit

Leave a Reply

Your email address will not be published.