ကျမတို့မှမတိုက်ရင် နောက်မျိုးဆက်တွေက ဆက်ခံနေရအုံးမယ်ဆိုတဲ့ သူနာပြုဆရာမလေး(ရုပ်/သံ)












#မြေလတ်အသံ

Unicode
ကျမတို့မှမတိုက်ရင် နောက်မျိုးဆက်တွေက ဆက်ခံနေရအုံးမယ်ဆိုတဲ့ သူနာပြုဆရာမလေး(ရုပ်/သံ)

မြေလတ်အသံ၊ သြဂုတ်၉၊ ၂၀၂၂

အစ်ကိုဖြစ်သူက လက်နက်ကိုင်မှ တော်လှန်ရေးလို့ ထင်တာလား ဆိုပြီး

ညီမဖြစ်သူရဲ့ စစ်ပညာသင်ချင်တဲ့ တောင်းဆိုတာကို လက်မခံခဲ့သလို မိဘနှစ်ပါးကလည်း သမီးဖြစ်သူကို ခွင့်မပေးခဲ့ပါဘူး။

ကိုယ်တိုင် ဘာမှ မထောက်ပံ့နိုင်တဲ့အပြင် သူများတွေ လက်နက်ကိုင်ချိန်မှာ

အိမ်မှာ အနေရှောင် အစားရှောင် နေရတယ်ဆိုပြီး ပြောခံရမှာကို သူမ နေ့စဉ် တွေးပူနေခဲ့တယ်။

လက်နက်ပဲ ကိုင်ရကိုင်ရ၊ တိုက်ပဲတိုက်ရတိုက်ရ တော်လှန်ရေးလုပ်ချင်တယ့်

သူမရဲ့ စိတ်အရင်းခံက တနေ့မှာတော့ သူ့မကို တောထဲကို အရောက်ပို့ပေးခဲ့ပါတော့တယ်။

သူမကတော့ ယောမြို့သူ သူနာပြု ဆရာမလေးပါ။

စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးနယ်ပယ်ထဲက နိစ္စဓူ၀တွေကို

သူမ ဘယ်လို ဖြတ်သန်းနေသလဲဆိုတာကို မြေလတ်အသံ ရုပ်သံမှာ တင်ဆက်ထားပါတယ်။

#မြေလတ်အသံ

Leave a Reply

Your email address will not be published.