ပြန်ကောင်းဖို့ မသေချာပေမဲ့…..အိမ်ပြန်ရတော့ ပျော်နေရှာတဲ့ သမီးလေး













☎️ – 095408437

Unicode
ပြန်ကောင်းဖို့ မသေချာပေမဲ့…..

အိမ်ပြန်ရတော့ ပျော်နေရှာတဲ့ သမီးလေး

သွေးကော…ရိုးတွင်းချဉ်ဆီ စစ်တော့… အဖြေအားလုံးက ရှိသင့်တာထက် အရမ်းနည်းနေတယ်

(Platelets 150~400 ရှိရမယ့်နေရာမှာ… 32ပဲရှိတယ် )

ရွာပြန်ဖို့ စရိတ်မတတ်နိုင်လို့…ဆေးရုံက ကားပါကင်လေးမှာ သားဖ(၂)ယောက် ငုတ်တုပ်လေး ထိုင်နေရှာတယ်

ရွာကို အခမဲ့(အခမဲ့) ပြန်ပို့ပေးခဲ့သလို… သမီးလေး စားချင်တာ လိုချင်တာ ဝယ်ဖို့ နှင့် ဆေးဖိုး… (100,000) Ks လှူဒါန်းပေးခဲ့ပါတယ်

သမီးလေးကို ချစ်လို့…အမှတ်တရလေး ရိုက်ထားတာပါနော်

(အဖေကော သမီးလေးကော ခွင့်ပြုချက်နဲ့ပါ🙏🏻)

` ဦးဦးကို အရမ်း ကျေးဇူးတင်တာပါ…သမီးကို ရွာ ရောက်တဲ့ထိ ပို့ပေးလို့ ချစ်တယ်ဆိုတဲ့ ‘ စကားလေးကြားရတော့ ပျော်ရသလို စိတ်မကောင်းလဲ ဖြစ်ရတယ် သမီးလေးရယ်

•အော…အရွယ်လေးနဲ့ မလိုက် ဝေဒနာတွေပါလား ကွယ်

လူနာတင်ယာဉ် အကူညီလိုအပ်ပါက……

ကိုပူတူးနှင့်ဘော်ဒါများ

☎️ – 095408437

Leave a Reply

Your email address will not be published.