၉နှစ်သမီး ဆီးချို (၆၀၀) အထိတက်မှန်း သိလိုက်ရတဲ့မိခင်ရဲ့ အဖြစ်
၉နှစ်သမီး ဆီးချို (၆၀၀) အထိတက်မှန်း သိလိုက်ရတဲ့မိခင်ရဲ့ အဖြစ်
😢 Edit
မေတ္တာဖြင့် ✍️❤️ Mommy of 3
unicode
၉နှစ်သမီး ဆီးချို၆ဝဝအထိတက်မှန်း သိလိုက်ရတဲ့မိခင်အဖြစ်ကတော့ အတော်ရှော့ဖြစ်သွားမှာပဲ😢😢
😌မိခင်ရဲ့ပိုစ့်မှာ ရေးထားတာက ကျောင်းကပြန်လာတဲ့ ၉နှစ်သမီး ပင်ပန်းနွမ်းလျပြီးအသက်ရှုဖို့အားမရှိသလိုဖြစ်နေလို့ နီးရာဆေး‌ခန်းပြေးပြတာ ဆေးခန်းက ကလေးအသက်ရှုတာပုံမှန်မဟုတ်ဘူးလို့ပြောပြီး ဆေးပေး အခြေနေစောင့်ကြည့်ဖို့ အိမ်ပြန်လွတ်လိုက်ပါတယ်။
😌အိမ်ရောက်တော့ ကလေးကိုကြည့်ရတာ အဆင်မပြေတော့လို့ အမေက နီးတဲ့ဆေးရုံပြေး အရေးပေါ်ခန်းဝင်ရသွေးစစ်တော့ ဆီးချို ၆ဝဝတက်နေတာကြောင့် အဆုတ်ဓါတ်မှန်ရိုက်ပြီး အောက်စီဂျင်ပေးထားရပါတယ်။
ကလေးရှော့ဖြစ်နိုင်တာကြောင့် တစ်ချိန်လုံး ဂရုစိုက်နေရတာပါ။
😌အဲဒီဆေးရုံကနေ နောက်ထပ်ဆေးရုံကိုပြောင်းပြီးကုသရပါတယ်။ဒါတောင် ဆီးချို ၂၉၅ ဖြစ်နေတုန်းပါ။
😢😢မိခင်က နှစ်ပါတ်အတွင်း ကလေးရဲ့ ကိုယ်အလေးချိန် ၇ ကီလို ကျသွားတယ် အစားနည်းလာတယ် ရေခဏခဏသောက်ပြီး ဆီးသွားတယ်လို့ ရေးထားပါတယ်။
😌မိခင်ကိုမေးထားတဲ့ ကွန်မန့်တွေထဲ ကလေးဘာကြောင့်ဆီးချိုဖြစ်ရတာလည်းဆိုတော့ bubble tea တွေ ကိုလာကိုလာအချိုရည်နဲ့ ရယ်ဒီမိတ်မုန့်ထုပ်တွေ စားရင်း ဖြစ်တယ်လို့ သိရပါတယ်။
😢 Edit
ရေးဖို့ကျန်ခဲ့တာက မိဘတွေ ဆီးချိုမဖြစ်ကြပါဘူးတဲ့။ အစားကြောင့်ဖြစ်တာပါ
✍️ဒါကြောင့် ကျမတို့မိဘတွေ ကလေးကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖျော်ရည်တွေ အစားသောက်တွေ မကျွေးဖို့ သတိပြုရမှာပါ။
💯ဆီချို‌ရောဂါက လှုပ်ရှားမှုနည်းရင်လည်း ဖြစ်တာကြောင့် ကလေးကို သဘာဝအတိုင်း ပြေးကစားကြဖို့ အားပေးပြီး Screen time ကို သတ်မှတ်ထားတဲ့ အချိန်ထက် ပိုမပေးကြပါနဲ့။
💯သဘာဝအရသာကိုပဲ ချက်ပြုတ်ကျွေးဖို့ အချိုမုန့် ကျက်သားမုန့်တွေကို နည်းနိုင်စလောက်နည်းအောင် ချက်ပြုတ်ကျွေးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
မေတ္တာဖြင့် ✍️❤️ Mommy of 3
Leave a Reply
Your email address will not be published.