မင်းအောင်လှိုင် သားသမီး ခင်သီရိသက်မွန် နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခုအပါအဝင် လုပ်ငန်း ၃ ခု ကို ဗြိတိန် က ဒဏ်ခတ် ပိတ်ဆို့၊

မင်းအောင်လှိုင် သားသမီး ခင်သီရိသက်မွန် နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခုအပါအဝင် လုပ်ငန်း ၃ ခု ကို ဗြိတိန် က ဒဏ်-ခတ် ပိတ်-ဆို့၊

မင်းအောင်လှိုင် သားသမီး ခင်သီရိသက်မွန် နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခုအပါအဝင် လုပ်ငန်း ၃ ခု ကို ဗြိတိန် က ဒဏ်-ခတ် ပိတ်ဆို့၊ ICJ တွင် မြန်မာကို လူမျိုးတုန်းသတ်-ဖြတ်မှုဖြင့် တရားစွဲထားသည့် ဂမ်ဘီယာဘက်မှ ဗြိတိန်က ပူးပေါင်း

ရန်ကုန်၊ ဩဂုတ် ၂၅

အ-ကြမ်-းဖက်xစ်ခေါင်းဆောင် မင်းအောင်လှိုင် သားသမီးများဖြစ်ကြသည့် ခင်သီရိသက်မွန်နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခု အပါအဝင် xစ်တပ်နှင့်ဆက်နွယ်နေသော ကုမ္ပဏီ ၃ ခုကို ဗြိတိန်က စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ကြောင်း ကြေညာသည်။

မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့်ဆက်နွယ်နေသော Star Sapphire Group of Companies ၊ မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံပိုင် Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ International Gateways Group of Companies Limited (IGG) တို့ကို xစ်တပ်နှင့် ဆက်နွယ်နေခြင်းတို့ကြောင့် ဒဏ်-ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံးICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်-ဖြတ်မှု ဖြင့် တရားစွဲထားမှုကို ဗြိတိန်နိုင်ငံက ထပ်တိုးပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

ဗြိတိန်အစိုးရ အာရှရေးရာဝန်ကြီး Amanda Milling က ” လွတ်လပ်မှုနှင့် ဒီမိုကရေစီတန်ဖိုးများကို ချိုး-နှိမ်ဖျက်-ဆီးဖို့ ကြိုးစားသူတွေကို ဗြိတိန်က အမြဲတမ်းရင်ဆိုင်သွားမှာပါ။ ၅ နှစ်အတွင်း ရိုဟင်ဂျာလူမျိုးတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်ပြီး မြန်မာxစ်တပ်ရဲ့ ကြောက်-မက်ဖွယ်ရာ လူ-မျို=းတုံးသ-တ်-ဖြ-တ်မှုကို ရှုတ်ချပါတယ်” ဟု ပြောဆိုသည်။

ဓာတ်ပုံ- မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်နှင့်သား အောင်ပြည့်စုံ။

#Credit



ရန်ကုန်၊ ဩဂုတ် ၂၅






#Credit

Leave a Reply

Your email address will not be published.