ကော်ဖီမှုန့်ကို သုံးပြီး မျက်နှာအသားအရေ ထိန်းသိမ်းနည်း (၅) မျိုး
ကော်ဖီမှုန့်က မျက်နှာကို ချေးချွတ်တဲ့ နေရာမှာ ထိထိရောက်ရောက် ကူညီပေးနိုင်တဲ့ ပစ္စည်းတစ်မျိုးပါ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဝက်ခြံဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ဆဲလ်သေတွေကို ကွာကျစေပြီး အသားအရေကို စိုပြေကာ တောက်ပစေပါတယ်။ ဒီတော့ ကော်ဖီမှုန့်နဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Glow Skin ရဖို့
ကော်ဖီမှုန့်၊ ကုလားပဲမှုန့်၊ ဒိန်ချဉ်နဲ့ ပျားရည်တို့ကို ရောပြီး မျက်နှာပေါ် လိမ်းပေးရပါမယ်။ ပြီးနောက် ရေဆေးချပေးရပါမယ်။
၂။ ကြည်လင်ရှင်းသန့်တဲ့ အသားအရေရဖို့
ကော်ဖီမှုန့်၊ ပျားရည်နဲ့ သံပယိုရည်ကို ရောပေးရပါမယ်။ ပျားရည်က အသားအရေကို စိုပြေစေပြီး သံပယိုရည်က အသားအရေ တောက်ပစေပါတယ်။ အရောကို မျက်နှာပေါ် လိမ်းပေးရပါမယ်။
၃။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေအတွက်
ကော်ဖီမှုန့်၊ အုန်းဆီ၊ သစ်ကြမ်းပိုးခေါက်မှုန့်နဲ့ နနွင်းကို ရောပေးရပါမယ်။ ပြီးနောက် မျက်နှာပေါ် လိမ်းပေးရပါမယ်။
၄။ ခြောက်သွေ့တဲ့ အသားအရေအတွက်
ကော်ဖီမှုန့်၊ ငှက်ပျောသီးအနှစ်နဲ့ သံလွင်ဆီကို ရောပေးရပါမယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေကို စိုပြေစေပါတယ်။ ဒီအရောကို မျက်နှာပေါ် လိမ်းပြီးနောက် ၁၅ မိနစ် ထားရပါမယ်။ ပြီးတာနဲ့ ဆေးချရပါမယ်။
၅။ ချောမွေ့တဲ့ အသားအရေရဖို့
ချောမွတ်တဲ့ အသားအရေပိုင်ဆိုင်ဖို့ ကော်ဖီမှုန့်နဲ့ ရှားစောင်းလတ်ပတ်ဂျယ်ကို ရောပြီး ပေါင်းတင်ပေးနိုင်ပါတယ်။
Credit
Zawgyi
၁။ Glow Skin ရဖို့
Credit
Leave a Reply
Your email address will not be published.