သူရယ္ ကြၽန္မရယ္ ေအးစက္မႈေတြရယ္

သူရယ် ကျွန်မရယ် အေးစက်မှုတွေရယ်

သူနဲ့ကျွန်မကြားမှာ အရင်က နွေးထွေးမှုလေးပဲရှိခဲ့တာပါကိုယ်မရီနိုင်လောက်အောင် ဖြစ်နေတဲ့အချိန်တွေဆိုသူက ရီအောင်အမြဲစပြီး ဟာသတွေပြောခဲ့ဖူးတယ်လေ။

သူ အဆင်မပြေတဲ့အချိန်တွေဆိုရင်တော့ သူ့အလိုကျ တိတ်ဆိတ်နေခဲ့ပြီးတော့ ကျွန်မ အလိုက်သိပေးခဲ့တယ်။

စကားတွေ ပြောစရာမရှိရင်တောင် တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်းကျွန်မတို့ အချိန်တွေ ကျော်ဖြတ်ခဲ့ဖူးတယ်။

အဲ့ဒီအချိန်တွေမှာတော့ ကျွန်မ အချစ်ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ဖူးတဲ့အထိကို ပျော်ရွှင်ခဲ့ရဖူးပါတယ်။

ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်သလိုအနားမှာရှိပေးခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်ပါတယ်။

ခုလောလောဆယ်တော့ ကိုယ့်အနားကျန်ခဲ့တာဆိုလို့အေးစက်မှုလေးတွေရယ် အထီးကျန်မှုလေးတွေရယ် မျက်ရည်တွေပဲ ကျန်နေခဲ့တော့တယ်။

သူ အရင်လို ကျွန်မအနားမရှိတော့ဘူး ပြောစရာတွေရှိလာရင်တောင်ကျွန်မခေါ်နေကျ သူ့ဖုန်းလေးတွေ မအားတော့ဘူးလေ။

ကျွန်မ လွမ်းနေတဲ့အခါအရင်ကလို လွမ်းတိုင်းပြေးတွေ့မယ်ဆိုတဲ့သူကကိုယ်မျှော်နေမလားလို့မတွေးတတ်တော့ဘူး။

အမှတ်မရတော့ဘူးထင်ပါတယ်ဘာတွေကြောင့် ပြောင်းလဲသွားတာလဲဆိုတာအဖြေတွေရှာပေမယ့် မရခဲ့ပါဘူး။

ကျွန်မအရှေ့ရှိနေပေမယ့် သူ့အတွေးတွေမှာ ကျွန်မရှိမနေတော့တာ သိပ်သိသာတာပဲ အရင်ကဆို အဲ့ဒီမျက်လုံးတွေကကျွန်မကို စိုက်ကြည့်နေတတ်သလောက်။

ခုဆို တစ်နေရာရာကို သွားဖို့ ဟန်ပြင်နေသလိုဂနာမငြိမ်ခဲ့ဘူးလေ ကျွန်မနဲ့စကားပြောရင် ပြုံးလာတတ်တဲ့ နှုတ်ခမ်းတွေက ခု မဲ့နေသယောင်သိပ်ချစ်ပေးခဲ့ဖူးတဲ့အချစ်တွေအတွက်တော့ကျေးဇူးတင်ပါတယ်။

လိမ်ညာပြီးပဲ ချစ်ချစ် တကယ်ပဲ ချစ်ချစ်ဘာပဲဖြစ်ဖြစ်ပါ အပြစ်လို့တော့ မမှတ်ပါဘူး။

အဲ့တာကို အမြဲတမ်းရနေလိမ့်မယ်လို့ထင်ခဲ့တဲ့ကျွန်မလဲ မှားသွားတယ်ထင်ပါတယ်ခုတော့ သူရယ် ကျွန်မရယ် ပြီးတော့ အေးစက်မှုတွေရယ်။

အဆုံးသတ်ဖို့အချိန်တွေ နီးနေသယောင် ခံစားလာရတယ် မိန်းမသားတို့အတွက်

သျှင်ယွန်း

Zawgyi

သူရယ္ ကြၽန္မရယ္ ေအးစက္မႈေတြရယ္

သူနဲ႔ကြၽန္မၾကားမွာ အရင္က ေႏြးေထြးမႈေလးပဲရွိခဲ့တာပါကိုယ္မရီႏိုင္ေလာက္ေအာင္ ျဖစ္ေနတဲ့အခ်ိန္ေတြဆိုသူက ရီေအာင္အၿမဲစၿပီး ဟာသေတြေျပာခဲ့ဖူးတယ္ေလ။

သူ အဆင္မေျပတဲ့အခ်ိန္ေတြဆိုရင္ေတာ့ သူ႔အလိုက် တိတ္ဆိတ္ေနခဲ့ၿပီးေတာ့ ကြၽန္မ အလိုက္သိေပးခဲ့တယ္။

စကားေတြ ေျပာစရာမရွိရင္ေတာင္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ေငးရင္းကြၽန္မတို႔ အခ်ိန္ေတြ ေက်ာ္ျဖတ္ခဲ့ဖူးတယ္။

အဲ့ဒီအခ်ိန္ေတြမွာေတာ့ ကြၽန္မ အခ်စ္ကံေကာင္းတယ္လို႔ ကိုယ့္ကိုယ္ကို ထင္ခဲ့ဖူးတဲ့အထိကို ေပ်ာ္႐ႊင္ခဲ့ရဖူးပါတယ္။

ေပ်ာ္ေစခဲ့တာေတြအတြက္ ေက်းဇူးတင္သလိုအနားမွာရွိေပးခဲ့တဲ့အခ်ိန္ေတြအတြက္ေက်းဇူးတင္ပါတယ္။

ခုေလာေလာဆယ္ေတာ့ ကိုယ့္အနားက်န္ခဲ့တာဆိုလို႔ေအးစက္မႈေလးေတြရယ္ အထီးက်န္မႈေလးေတြရယ္ မ်က္ရည္ေတြပဲ က်န္ေနခဲ့ေတာ့တယ္။

သူ အရင္လို ကြၽန္မအနားမရွိေတာ့ဘူး ေျပာစရာေတြရွိလာရင္ေတာင္ကြၽန္မေခၚေနက် သူ႔ဖုန္းေလးေတြ မအားေတာ့ဘူးေလ။

ကြၽန္မ လြမ္းေနတဲ့အခါအရင္ကလို လြမ္းတိုင္းေျပးေတြ႕မယ္ဆိုတဲ့သူကကိုယ္ေမွ်ာ္ေနမလားလို႔မေတြးတတ္ေတာ့ဘူး။

အမွတ္မရေတာ့ဘူးထင္ပါတယ္ဘာေတြေၾကာင့္ ေျပာင္းလဲသြားတာလဲဆိုတာအေျဖေတြရွာေပမယ့္ မရခဲ့ပါဘူး။

ကြၽန္မအေရွ႕ရွိေနေပမယ့္ သူ႔အေတြးေတြမွာ ကြၽန္မရွိမေနေတာ့တာ သိပ္သိသာတာပဲ အရင္ကဆို အဲ့ဒီမ်က္လုံးေတြကကြၽန္မကို စိုက္ၾကည့္ေနတတ္သေလာက္။

ခုဆို တစ္ေနရာရာကို သြားဖို႔ ဟန္ျပင္ေနသလိုဂနာမၿငိမ္ခဲ့ဘူးေလ ကြၽန္မနဲ႔စကားေျပာရင္ ၿပဳံးလာတတ္တဲ့ ႏႈတ္ခမ္းေတြက ခု မဲ့ေနသေယာင္သိပ္ခ်စ္ေပးခဲ့ဖူးတဲ့အခ်စ္ေတြအတြက္ေတာ့ေက်းဇူးတင္ပါတယ္။

လိမ္ညာၿပီးပဲ ခ်စ္ခ်စ္ တကယ္ပဲ ခ်စ္ခ်စ္ဘာပဲျဖစ္ျဖစ္ပါ အျပစ္လို႔ေတာ့ မမွတ္ပါဘူး။

အဲ့တာကို အၿမဲတမ္းရေနလိမ့္မယ္လို႔ထင္ခဲ့တဲ့ကြၽန္မလဲ မွားသြားတယ္ထင္ပါတယ္ခုေတာ့ သူရယ္ ကြၽန္မရယ္ ၿပီးေတာ့ ေအးစက္မႈေတြရယ္။

အဆုံးသတ္ဖို႔အခ်ိန္ေတြ နီးေနသေယာင္ ခံစားလာရတယ္ မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Leave a Reply

Your email address will not be published.