
သင့် မျက်ခုံးက ပြောနေသော သင့်အကြောင်း၁။ ပုံနံပါတ် (၁) – ဖြောင့်တန်းနေသော မျက်ခုံး

ဖြောင့်တန်းနေတဲ့ မျက်ခုံးမျိုး ပိုင်ဆိုင်ထားတဲ့သူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကြုံတွေ့လာတဲ့ အန္တရာယ်ကို အကောင်းဆုံး ဖြေရှင်းနိုင်ပါတယ်။

လူအများရဲ့ ယုံကြည်စိတ်ချခြင်းကို ပိုင်ဆိုင် ရတဲ့သူပဲဖြစ်ပါတယ်။ မိသားစုအရေးရော အလုပ်တာဝန်တွေကိုပါ မလစ်ဟင်းရအောင် ဆောင်ရွက်နိုင်သူဖြစ်တယ်။

အောင်မြင်ဖို့အတွက် မွေးဖွားလာသူတွေ ဆိုလည်း မမှားပါဘူး။

၂။ ပုံနံပါတ် (၂) – အစွန်းဘက်ရောက်တဲ့အခါ ကွေးညွတ်သွားသော မျက်ခုံး

ပြထားတဲ့အတိုင်း အစွန်းဘက်ရောက်တဲ့အခါ ကွေးညွတ်သွားတဲ့ မျက်ခုံးပိုင်ရှင်တွေကတော့ အလုပ်တစ်ခုလုပ်ရင် အမြဲအဆုံးသတ်အောင် လုပ်တတ်ကြတဲ့ လက်ကြောတင်းတဲ့သူတွေပါ။

ဒီအချက်ကြောင့်လည်း ကြီးမားတဲ့ အောင်မြင်မှုတွေကို တောင် လက်လှမ်းမှီနိုင်သူတွေလို့် ပြောလို့ရပါတယ်။

အရောင်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တတ်တဲ့ သဘောရှိတာကြောင့် ပန်းချီလုပ်ငန်း၊ ဒီဇိုင်နာ လုပ်ငန်းနဲ့ အရောင် ဖန်တီးမှုအပေါ် အခြေ ခံတဲ့ အနုပညာလုပ်ငန်းတွေနဲ့ အကျိုးပေးပါတယ်။

၃။ ပုံနံပါတ် (၃) – အောက်ဖက်ကို စိုက်ကျသွားသော မျက်ခုံး

ပြထားတဲ့အတိုင်း မျက်ခုံးလေးကအောက်ဖက်ကို စိုက်ကျသွားတဲ့ သူတွေဟာ စိတ်ရောလူပါ နူးညံ့သိမ်မွေ့တတ်သူတွေပါ။

မိတ်ဆွေသစ်ဖွဲ့တဲ့နေရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ကြသူတွေပါ။

ကိုယ်ချင်းစာစိတ်အပြည့်ရှိပြီး တစ်ဖက်သားကို အရမ်းကူညီတတ်တာကြောင့် တစ်ခါတစ်လေ ကိုယ်ကသူများ အရှုပ်ထုပ်ထဲ ရောက်သွားတတ်ပါတယ်။

၄။ ပုံနံပါတ် (၄) – အပေါ်ဘက်ကို လန်တက်သွားသော မျက်ခုံး

အပေါ်ဘက်ကို လန်တက်သွားတဲ့ မျက်ခုံးပိုင်ရှင်တွေဟာ အမြဲတမ်း အပြိုင်အဆိုင်များတဲ့ ပတ်ဝန်းကျင်မှာ ရုန်းကန်ရတတ်ပါတယ်။

အရှုံးကို အရမ်းကြောက်တတ်တာကြောင့် ကိုယ့်အလုပ်မှာ ပြိုင်ဘက်တစ်ယောက်ရှိလာပြီဆို အလုပ်ကို နေ့မနားညမနား လုပ်တတ်ကြပါတယ်။၅။

ပုံနံပါတ် (၅) – အခုံးပုံသဏ္ဍန် မျက်ခုံး

မျက်ခုံး အခုံးပုံသဏ္ဍန်လေးပိုင်ဆိုင်ထားတဲ့ သူတွေကတော့ ကိုယ့်တာဝန်ကိုယ် အပြည့်ယူတတ်ကြသူတွေ ဖြစ်တဲ့အတွက်ကြောင့် လူအများရဲ့ ယုံကြည်ကိုးစားခြင်းကို ခံရသူတွေ ဖြစ်ကြပါတယ်။

လူအများနဲ့ ပူးပေါင်းဆောင်ရွက် နိုင်တဲ့ ခေါင်းဆောင်အရည်အချင်းနဲ့ ပြည့်စုံသူဖြစ်ပြီး ဘယ်သူနဲ့ဖြစ်ဖြစ် မျှမျှတတ ဆက်ဆံတတ်သူပဲဖြစ်ပါတယ်။

မိသားစုအတွက်ရော အလုပ်တာဝန်တွေကိုပါ မလစ်ဟင်းရအောင် စွမ်းဆောင်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

credit to gandawin

Leave a Reply

Your email address will not be published.