ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများ အတွက် ဆေးနည်းကောင်းတလက်…









 

unicode

အချိန်မကုန် လွယ်ကူ သက်သာတဲ့ နည်းလမ်းဖြစ်ပေမယ့် နည်းလမ်း မှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ် ။ ပါဝင် ပစ္စည်းများ ကတော့ သံပုရာသီး တစ်လုံးဂျင်း လက် တစ်ဆစ်ခန့် နဲ့ပျားရည် ၂ ဇွန်းခန့်ပထမဆုံး သံပုရာသီးနဲ့ ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင်ဆေး ပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက်ပါးပါးလေး လှီးပေးပါ။

ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့် ပါပြီးရင် ရေနွေး ဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေး ပါ။

နာရီဝက် ခန့်နေလျှင် ရေနွေးနွေးလေး အနေအထားမှာ ဇွန်းဖြင့်မွှေပေးပြီးတစ်ခွက် လုံးသောက်ပါ အဖတ်တွေ ကိုလွှင့်ပစ် ရပါမယ်။ သတိထား ရမှာ ကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီး ချိန်နဲ့ နာရီဝက်ခန့်ခွါပြီး သောက်ရ ပါမယ် ။ ဒီရေနွေးသောက်ပြီး အစာမစားတော့လျှင် အကောင်းဆုံးပါပဲ

အနှစ်နှစ် အလအလ အဆီပိုတွေ ဖြစ်တဲ့ အတွက် အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန်သောက် ကြည့်ပေးပါ သိသာ တယ်ဆို ဆက်သောက်ချင် လာပါ လိမ့်မယ်

သောက်တာ ရက် ၂၀ လောက်ရှိပါပြီ သိသာ ပါတယ် ညီမလေး တစ်ယောက်ဆီ ကရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ သိသာလို့ လက်တို့ လိုက်ပါ တယ်နော်။

နို့တိုက် မိခင်များနဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့် ပါဘူး လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာဖြစ် လာတာမျိုး Pressure ကျ လာတယ် ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့် ပါဘူးရှင်။

ပျားရည်နဲ့ဂျင်း ပါဝင် တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်းပေးသွား တယ်လို့ထင်ပါတယ် သောက်တာကလည်း ညအချိန် ဖြစ်တော့အစာတွေ ရှိနေပြီလေ။ အစာအိမ်ကို မထိခိုက် နိုင်ပါဘူး အလွန် အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေး ပါဘူး..

ကိုယ်လိုချင် သလောက် အတိုင်းအတာရပြီ ဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင် စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိ ပြီး လိုသလို သုံးကြည့်ကြပေါ့။

ပိုပြီးထိရောက် ချင်ရင်တော့ ဒါလည်းသောက်မယ် လေ့ကျင့်ခန်းလည်း လုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့ အစားအစာ)ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ ဒါသောက်တာက
အဆီပြင်တွေကို ပျော့ပျောင်း လာစေပြီး လေ့ကျင့် ခန်းကြောင့် ကျစ်လစ် လာမှာပါ…။

Leave a Reply

Your email address will not be published.