












အကုန်သိသတင်းဌာန

unicode

တော်လှန်ရေးရန်ပုံငွေတွေ အလွဲသုံးစားလုပ်တဲ့ စက်မှုအင်ဂျင်နီယာကျောင်းသား စိုင်းထက်အောင် (ခ)ထင်လင်း

တော်လှန်ရေးရန်ပုံငွေတွေ အလွဲသုံးစားလုပ်တဲ့ စိုင်းထက်အောင် (ခ)ထင်လင်း ကို နာမည်ပျက်စာရင်းသွင်း ကြေညာ

ပင်လုံနည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ဘာသာရပ်မှာ တက်​ရောက်သူ စိုင်းထက်အောင် (ခ)ထင်လင်း ကို သျှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်က နာမည်ပျက်စာရင်းသွင်း ကြေညာလိုက်ပါတယ်။

တော်လှန်ရေး ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် မိမိ ကျူးလွန်ထားတဲ့ အပြစ်တွေကို အမြန်ဆုံးဖြေရှင်းဖို့ ကြေညာချက်မထုတ်ခင်မှာ

အချိန်ပေး တိုက်တွန်းထားပေမယ့်လည်း စိုင်းထက်အောင် (ခ)ထင်လင်းမှာ လာရောက်ဖြေရှင်းခဲ့ခြင်း မရှိခဲ့တာကြောင့် အခုလို ကြေညာချက်ထုတ်လိုက်တာလို့ ဆိုပါတယ်။

၎င်းလုပ်ရပ်ဟာ အများပြည်သူ ၊ကျောင်းသူ ကျောင်းသားများ အသက်ရင်းပြီးတော့ အဘက်ဘက်မှ အာဏာရှင်ကို တော်လှန်နေကြရသည်ကိုမှ မထောက်ရှုဘဲ

တော်လှန်ရေးအကြောင်းပြပြီး ရန်ပုံငွေတွေကို အလွဲသုံးစားပြုလုပ်တဲ့လုပ်ရပ်ဟာ တော်လှန်ရေးအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်​တယ်လို့

သျှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးသစ္စာဖောက် စိုင်းထက်အောင် (ခ) ထင်လင်း ကို မိမိတို့ သျှမ်းပြည်နယ် ကျောင်းသားသမဂ္ဂများကွန်ရက်မှ

အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ကျောင်းများနဲ့ ကျောင်းသားထုများကလည်း ဝိုင်းဝန်းဖယ်ကျဉ်ကြပါဖို့

တိုက်တွန်းထားတဲ့အပြင် တော်လှန်ရေးကာလအတွင်းအရေးမယူနိုင်ခဲ့ရင်တောင်မှ အသွင်ကူး​ပြောင်းရေးကာလမှာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကုန်သိသတင်းဌာန


Leave a Reply

Your email address will not be published.