ရန်ကုန်တွင် မိုးကြီးမှုကြောင့် YBS ယာဉ်များပေါ်ထိ ရေဝင်နေသည့်(ရုပ်သံ)















#Credit

unicode

ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းတာမျိုးရှိနေပါတယ်။

သြဂုတ်လ ၁၆ရက်နေ့ ညပိုင်းကစလို့ သြဂုတ်လ ၁၇ရက်၊ ဒီကနေ့မနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာတာကြောင့်

မြို့နယ်တချို့ရဲ့ လမ်းမပေါ်တွေသာမက၊ နေအိမ်တွေအထဲထိ ရေဝင်တာတွေရှိနေပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ကပ္ပလီပင်လယ်ပြင်မှာ

မုတ်သုံလေအားကောင်းတာကနေ အားအလွန်ကောင်းတာကြောင့် ဒီရက်ပိုင်းအတွင်း

ရန်ကုန်တိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မိုးဆက်တိုက်ရွာသွန်းလို့ လမ်းမပေါ်တွေမှာ ရေလျှံနေတာကြောင့် အလုပ်သွားရသူတွေ ဘာတွေအခက်ခဲဖြစ်နေပါသလဲ၊

နေအိမ်တွေအထဲထိ ရေဝင်လို့ ဘယ်လိုအခက်အခဲတွေ ဖြစ်ပေါ်နေကြပါသလဲ။

အခုဘီဘီစီက သိရသလောက် အင်းစိန်၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊

ကမာရွတ် စတဲ့မြို့နယ်တွေမှာ ‌ရေကြီးရေလျှံတာကို ကြုံတွေ့နေရပါတယ်။

ဒါ့အပြင် ဘယ်မြို့နယ်တွေမှာ ရေကြီးရေလျှံတာတွေအထိဖြစ်နေပါသလဲ စတာကို

ဘီဘီစီရဲ့ အခုပို့စ်ကတဆင့် မှတ်ချက်ပြု မျှဝေပေးနိုင်သလို၊ ရေကြီးရေလျှံနေတဲ့

ဓါတ်ပုံ၊ ဗီဒီယိုအစရှိတာတွေကိုလည်း ပေးပို့ပြောပြနိုင်ပါတယ်။

ပုံစာ- ဩဂုတ် ၁၇ ရက် ရန်ကုန်မြို့ အခြေအနေ 

Leave a Reply

Your email address will not be published.