ယနေ့ ရန်ကုန်မှာ သင်္ဘောစီးနေရတဲ့ မြင်ကွင်းရုပ်သံနှင့် ညနေပိုင်းထိ ရေကြီးနေမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား

မုတ်သုံလေ အားကောင်းနေလို့ ယနေ့ ညနေပိုင်းအထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးအုံးမယ်လို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မိုး/ဇလရဲ့ ဩဂုတ်လ (၁၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတွင်နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ပြောပါတယ်။

ယင်းအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ဆိုပါတယ်။

နောက်(၂)ရက်အတွင်းလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေအုံးမယ်လို့ ပြောပါတယ်။

Unicode

crd

Leave a Reply

Your email address will not be published.