မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်

မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်

မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်ကို နားမလည်သေးတဲ့ ပုရိသတွေအတွက် မိန်းကလေးတစ်ယောက် ယောက်ျားတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားရမလည်းဆိုတဲ့အကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

တူတူလမ်းလျှောက်နေရင်း ကောင်လေးဘက်ကို အတင်းတိုးကပ်လာတဲ့အခါ သူမရဲ့လက်ကို ဆုပ်ကိုင်စေချင်လို့ ဖြစ်ပါတယ်။ချစ်သူဆီက ပွေ့ဖက်မှုကို လိုချင်တဲ့အခါ ရပ်နေရာက မရွှေ့ဘဲ ဆန္ဒပြတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက် အသည်းကွဲသွားတဲ့အခါ နောက်သုံးနှစ်လောက်ကြာလို့ ချစ်သူဟောင်းနဲ့ အမှတ်တမဲ့ ဆုံမိတဲ့အထိ အဲ့ဒီ့ဝေဒနာကို ခံစားနေတုန်း ဖြစ်ပါတယ်။

သူမ တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါ ထောင်နဲ့သောင်းနဲ့ချီတဲ့ အတွေးတွေ သူမရဲ့ခေါင်းထဲမှာ ပြေးလွှားနေလေ့ ရှိပါတယ်။

အငြင်းအခုန် မလုပ်တော့တဲ့အခါ တစ်စုံတစ်ရာကို နက်နက်နဲနဲ စဉ်းစားတွေးတောနေခြင်း ဖြစ်ပါတယ်။မေးခွန်းပေါင်းများစွာ ပါဝင်တဲ့အကြည့်နဲ့ ကြည့်လာတဲ့အခါ သူမရဲ့အနားမှာ ချစ်သက ဘယ်အချိန်ထိ ရှိနေပေးမှာ လည်းဆိုတာ သိချင်နေမိတာ ဖြစ်နိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ “အဆင်ပြေပါတယ်”ဆိုတဲ့ အဖြေစကားရဲ့နောက်ကွယ်မှာတော့ အမှန်တကယ် အဆင်မပြေ ဖြစ်နေတာ ဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်က သူမ ချစ်သူကို ငေးမောကြည့်နေတဲ့အခါ သူမချစ်သူ ဘာလို့ဒီလောက်တောင် အံ့သြ စရာကောင်းရတာလည်းလို့ တွေးနေမိလို့ ဖြစ်ပါတယ်။

ယောက်ျားတစ်ယောက်ရဲ့ ရင်ဘတ်ပေါ် ခေါင်းတင်ပြီး အိပ်စက်လိုက်တဲ့အခါ အဲ့ဒီ့ယောက်ျားကို သူမရဲ့ထာဝရ လက်တွဲဖော်အဖြစ် ဆန္ဒပြုပြီးသားမို့ ဖြစ်ပါတယ်။

“ရှင် မရှိဘဲ ကျွန်မ မနေနိုင်ဘူး ..” လို့ မိန်းကလေးတစ်ယောက်က ပြောလာရင်တော့ ထိုအမျိုးသားဟာ သူမရဲ့ အနာဂတ်လို့ သတ်မှတ်ထားပြီးမို့ပါပဲ။

မိန်းကလေးတစ်ယောက်က “လွမ်းတယ်… “လို့ ပြောလာရင် ကျန်တဲ့ကမ္ဘာပေါ်က ဘယ်သူကမှ သူမလောက် လွမ်းနေမှာ မဟုတ်ပါဘူး။

လမ်းခွဲပြီးနောက်မှ ရည်းစားဟောင်းကို ပြင်းပြင်းထန်ထန်တွေ ဆက်ဆံနေခြင်းဟာ ချစ်သူအနားကို ပြန်လာချင်ပေမယ့်လည်း သူမနောက်တစ်ခါ နာကျင်ရမှာကို ကြောက်ရွံ့နေပြီးချစ်သူဟောင်းကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ သူမဆီက အပြီးအပိုင် ထွက်ခွာသွားပြီဆိုတာကို သိရှိနားလည်လိုက်လို့ ဖြစ်ပါတယ်။

crd,

Zawgyi

crd.

Leave a Reply

Your email address will not be published.