၇ တန်း ကျောင်းသား စစ်ကြောရေးမှာ Seemore….

ေက်ာင္းေစာင့္စစ္သားကို ဓားျဖင့္ထိုးခဲ့သည့္ ျပည္ၿမိဳ႕က ၇ တန္း ေက်ာင္းသား စစ္ေၾကာေရးမွာ ေသဆုံး

ျပည္ၿမိဳ႕မွာ ေက်ာင္းေစာင့္ စစ္ေကာင္စီတပ္သားကို ဓားနဲ႔ ထိုးခဲ့တဲ့ ၇ တန္းေက်ာင္းသားဟာ စစ္ေၾကာေရးမွာ ေသဆုံးသြားတယ္လို႔ နီးစပ္သူ ေဒသခံတေယာက္က ေျပာပါတယ္။

ဩဂုတ္ ၃ ရက္က ျပည္ၿမိဳ႕ ေမွာ္ဇာ(သေရေခတၱရာေရွးေဟာင္းနယ္ေျမ)ထဲက အေျခခံပညာ အထက္တန္းေက်ာင္းခြဲမွာ ကင္းေစာင့္ေနတဲ့ စစ္သားကို ၇ တန္းေက်ာင္းသား ေမာင္အာက်စ္က ဓားနဲ႔ ထိုးခဲ့ၿပီး ျဖစ္ျဖစ္ခ်င္းေန႔မွာေတာ့ အာက်စ္ရဲ႕ အေမ၊ အကိုနဲ႔ သူငယ္ခ်င္း ၇ ေယာက္ အပါအဝင္ ၉ ေယာက္ကို ဖမ္းဆီးခဲ့တာပါ။

ေဒသခံက “အခုေတာ့ အကုန္ျပန္လႊတ္ေပးလိုက္ၿပီ။ သူ႔သူငယ္ခ်င္းတေယာက္ပဲ ဖမ္းထားေတာ့တယ္။ အခု စစ္ေၾကာေရးမွာ အဖမ္းခံထားရတဲ့ တေယာက္ကေတာ့ အခုထိ မိဘေတြနဲ႔ ေတြ႕ခြင့္မေပးေသးဘူး။ အာက်စ္ကိုလည္း ၆ ရက္ေန႔ စစ္ေၾကာေရးအၿပီး ၇ ရက္ေန႔ မနက္ပိုင္းမွာ သတ္လိုက္တာ။ အဲဒါကို အခု ဆက္ဖမ္းထားတဲ့ ကေလးက အာက်စ္ကို သတ္တာ သိထားလို႔ မလႊတ္ေပးဘဲ ထားထားတာ။ သူ႔ကိုလည္း အာက်စ္က ေသနတ္ဒဏ္ရာအနာရွိန္နဲ႔ ေသတာလို႔ ထြက္ဆိုခိုင္းထားတယ္။ ေနာက္ နဂိုတည္းက ဒါမ်ိဳးလုပ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေက်ာင္းလာတက္ခဲ့တာပါလို႔လည္း ဝန္ခံခိုင္းထားတယ္။ အဲဒါေၾကာင့္ အခုထိ သူ႔ကိုေတာ့ ျပန္မလႊတ္ေပးေသးတာလို႔ ဒကစတပ္ထဲကေန သိရပါတယ္” လို႔ ေျပာပါတယ္။

ျပန္လႊတ္ေပးလိုက္သူေတြထဲက အာက်စ္ရဲ႕ အတန္းေဖာ္ ေက်ာင္းသား ၅ ေယာက္ကိုလည္း လတ္တေလာအမႈဖြင့္ထားသလို အာမခံနဲ႔ ျပန္လႊတ္လိုက္တာျဖစ္ၿပီး သူ႔မိေတြလည္း ခံဝန္လက္မွတ္ထိုးရတယ္လို႔ သူက ေျပာပါတယ္။

ဒါေပမယ့္ ျပန္လြတ္လာသူေတြဟာ အေၾကာက္လြန္ၿပီး ဘာမွ ေမးလို႔မရ၊ မေျပာရဲၾကဘူးလို႔လည္း သူက ဆက္ေျပာပါတယ္။

လတ္တေလာမွာေတာ့ ေက်ာင္းျပန္ဖြင့္ထားၿပီး ေက်ာင္းအုပ္ကိုလည္း လုံၿခဳံေရးအတြက္ ေသနတ္အတိုတလက္ေပးထားသလို ပစ္ခတ္နည္းကို အမွတ္ ၇၅ တပ္ထဲမွာ ေခၚယူသင္ေပးၿပီး သြားေလရာ အၿမဲေဆာင္ခိုင္းထားတယ္လို႔လည္း ေဒသခံတေယာက္က ေျပာပါတယ္။

ေဒသခံ ေနာက္တေယာက္က “အာက်စ္အေဖက လြန္ခဲ့တဲ့ ၆ လ ေလာက္က ဆုံးသြားတာ။ လက္ရွိ အေမ၊ အကိုေတြနဲ႔အတူေနပါတယ္။ ကေလးကေအးတယ္၊ ႐ိုးတယ္။ သူ႔အေမကိုလည္း အရမ္းခ်စ္တာ။ သူတို႔က ေမွာ္ဇာေဈးနားပဲ ေနၾကတာ။ ေက်ာင္းမွာ လုံၿခဳံေရးခ်ထားတဲ့ စစ္ေကာင္စီတပ္သားက အၿမဲလိုလို ကေလးေတြကို အေမနဲ႔ကိုင္တုတ္ၿပီး ဆဲဆိုတာေၾကာင့္ သူက ဓားနဲ႔ထိုးလိုက္တာ” လို႔ ဆိုပါတယ္။

ဓားနဲ႔ အထိုးခံရသူဟာ ျပည္ၿမိဳ႕တဖက္ကမ္း ထုံးဘို ကပစ ၅ က စစ္သားတေယာက္ျဖစ္ၿပီး ဒီကိစၥနဲ႔ပတ္သက္လို႔ စစ္ေကာင္စီအာေဘာ္ သတင္းစာေတြမွာေတာ့ ေက်ာင္းသား အာက်စ္ကို အၾကမ္းဖက္လို႔ သုံးႏႈန္းထားသလို အမွား၊ အမွန္ မခြဲျခားႏိုင္ေသးတဲ့ ကေလးငယ္ေတြကို ၿခိမ္းေျခာက္ အၾကပ္ကိုင္ စည္း႐ုံး မက္လုံးေပး သိမ္းသြင္းၿပီး အခုလို အၾကမ္းဖက္လုပ္ရပ္ေတြ ေစခိုင္းေနၾကတာလို႔လည္း ဆိုပါတယ္။

ၿပီးေတာ့ အာက်စ္နဲ႔အတူ ဒဏ္ရာရတဲ့ စစ္သားကို ကုတင္ ၁၀၀ စစ္ေဆး႐ုံမွာ ေဆးကုသေပးေနတယ္လို႔လည္း ဆိုပါတယ္။

source-DVB

Unicode
ကျောင်းစောင့်စစ်သားကို ဓားဖြင့်ထိုးခဲ့သည့် ပြည်မြို့က ၇ တန်း ကျောင်းသား စစ်ကြောရေးမှာ သေဆုံး

ပြည်မြို့မှာ ကျောင်းစောင့် စစ်ကောင်စီတပ်သားကို ဓားနဲ့ ထိုးခဲ့တဲ့ ၇ တန်းကျောင်းသားဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

ဩဂုတ် ၃ ရက်က ပြည်မြို့ မှော်ဇာ(သရေခေတ္တရာရှေးဟောင်းနယ်မြေ)ထဲက အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ ကင်းစောင့်နေတဲ့ စစ်သားကို ၇ တန်းကျောင်းသား မောင်အာကျစ်က ဓားနဲ့ ထိုးခဲ့ပြီး ဖြစ်ဖြစ်ချင်းနေ့မှာတော့ အာကျစ်ရဲ့ အမေ၊ အကိုနဲ့ သူငယ်ချင်း ၇ ယောက် အပါအဝင် ၉ ယောက်ကို ဖမ်းဆီးခဲ့တာပါ။

ဒေသခံက “အခုတော့ အကုန်ပြန်လွှတ်ပေးလိုက်ပြီ။ သူ့သူငယ်ချင်းတယောက်ပဲ ဖမ်းထားတော့တယ်။ အခု စစ်ကြောရေးမှာ အဖမ်းခံထားရတဲ့ တယောက်ကတော့ အခုထိ မိဘတွေနဲ့ တွေ့ခွင့်မပေးသေးဘူး။ အာကျစ်ကိုလည်း ၆ ရက်နေ့ စစ်ကြောရေးအပြီး ၇ ရက်နေ့ မနက်ပိုင်းမှာ သတ်လိုက်တာ။ အဲဒါကို အခု ဆက်ဖမ်းထားတဲ့ ကလေးက အာကျစ်ကို သတ်တာ သိထားလို့ မလွှတ်ပေးဘဲ ထားထားတာ။ သူ့ကိုလည်း အာကျစ်က သေနတ်ဒဏ်ရာအနာရှိန်နဲ့ သေတာလို့ ထွက်ဆိုခိုင်းထားတယ်။ နောက် နဂိုတည်းက ဒါမျိုးလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းလာတက်ခဲ့တာပါလို့လည်း ဝန်ခံခိုင်းထားတယ်။ အဲဒါကြောင့် အခုထိ သူ့ကိုတော့ ပြန်မလွှတ်ပေးသေးတာလို့ ဒကစတပ်ထဲကနေ သိရပါတယ်” လို့ ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေထဲက အာကျစ်ရဲ့ အတန်းဖော် ကျောင်းသား ၅ ယောက်ကိုလည်း လတ်တလောအမှုဖွင့်ထားသလို အာမခံနဲ့ ပြန်လွှတ်လိုက်တာဖြစ်ပြီး သူ့မိတွေလည်း ခံဝန်လက်မှတ်ထိုးရတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ပြန်လွတ်လာသူတွေဟာ အကြောက်လွန်ပြီး ဘာမှ မေးလို့မရ၊ မပြောရဲကြဘူးလို့လည်း သူက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းပြန်ဖွင့်ထားပြီး ကျောင်းအုပ်ကိုလည်း လုံခြုံရေးအတွက် သေနတ်အတိုတလက်ပေးထားသလို ပစ်ခတ်နည်းကို အမှတ် ၇၅ တပ်ထဲမှာ ခေါ်ယူသင်ပေးပြီး သွားလေရာ အမြဲဆောင်ခိုင်းထားတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

ဒေသခံ နောက်တယောက်က “အာကျစ်အဖေက လွန်ခဲ့တဲ့ ၆ လ လောက်က ဆုံးသွားတာ။ လက်ရှိ အမေ၊ အကိုတွေနဲ့အတူနေပါတယ်။ ကလေးကအေးတယ်၊ ရိုးတယ်။ သူ့အမေကိုလည်း အရမ်းချစ်တာ။ သူတို့က မှော်ဇာဈေးနားပဲ နေကြတာ။ ကျောင်းမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်သားက အမြဲလိုလို ကလေးတွေကို အမေနဲ့ကိုင်တုတ်ပြီး ဆဲဆိုတာကြောင့် သူက ဓားနဲ့ထိုးလိုက်တာ” လို့ ဆိုပါတယ်။

ဓားနဲ့ အထိုးခံရသူဟာ ပြည်မြို့တဖက်ကမ်း ထုံးဘို ကပစ ၅ က စစ်သားတယောက်ဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ ကျောင်းသား အာကျစ်ကို အကြမ်းဖက်လို့ သုံးနှုန်းထားသလို အမှား၊ အမှန် မခွဲခြားနိုင်သေးတဲ့ ကလေးငယ်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စည်းရုံး မက်လုံးပေး သိမ်းသွင်းပြီး အခုလို အကြမ်းဖက်လုပ်ရပ်တွေ စေခိုင်းနေကြတာလို့လည်း ဆိုပါတယ်။

ပြီးတော့ အာကျစ်နဲ့အတူ ဒဏ်ရာရတဲ့ စစ်သားကို ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

source-DVB

Leave a Reply

Your email address will not be published.