
ဆွမ်းခံကြွနေသောကိုယ်တော်မှမွေးစားသမီးအားနှိပ်ပေးခိုင်းနေစဉ်See More…

မွေးစားသမီးအား အကြိမ်ကြိမ်သားမယား ပြုကျင့်ခဲ့တဲ့သူ ဖမ်းဆီးရမိ၁၃ နှစ်အရွယ် ကောင်မလေးကို အသက်၆၈နှစ်အရွယ် သက်န်းဝတ်ထားသူ ဦးစိုးမြင့် ခေါ် ဦးမှတ်ကခြိမ်းခြောက်ပြီး အကြိမ်ကြိမ်သားမယားကျင့်လို့ ဆိုပြီး တိုင်တန်းလို့ လပွတ္တာမြို့နယ်၊ပြင်စလူနယ်မြေရဲစခန်းအပိုင်၊——ကျေးရွာအုပ်စု၊—–ကျေးရွာနေဒေါ်——သည် မိမိတို့၏အသက်(၁၃)နှစ်အရွယ်

မွေးစားသမီးငယ်မ——- အားခြိမ်းခြောက်၍သားမယားအဖြစ်ပြုကျင့်ခဲ့သူယင်းမြို့နယ်၊သပြေချောင်းအုပ်စု၊ဝဲဒေါင့်ကျေးရွာ”ပညာလင်္ကာကျောင်း”တွင်သီတင်းသုံးနေထိုင်သောသင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်(ဘ)ဦးမှတ်၊အသက်(၆၈)နှစ်အား ဥပဒေအရအမှုဖွင့်အရေးယူပေးပါရန်

ပြင်စလူရဲတပ်ဖွဲ့စခန်းမှူးထံတိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။ဖြစ်စဉ်မှာလပွတ္တာမြို့နယ်၊ပြင်စလူရဲစခန်း အပိုင်၊——-အုပ်စု၊——-ကျေးရွာနေ၊လယ်လုပ်ငန်းလုပ်ကိုင်သူ တရားလိုဒေါ်——(ဗမာ/ဗုဒ္ဓ)နှင့်ခင်ပွန်းတို့သည် တစ်ရွာတည်းနေ(ဦး—— + ဒေါ်——-)တို့ကွယ်လွန်သွားကြ၍ ၎င်းတို့၏အသက်(၁၃)နှစ်အရွယ်သမီးငယ်မ-အားမွေးစားခဲ့ကြသည်။

တရားလိုဖြစ်သူဒေါ်——–တို့မိသားစုမှာဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြသူများဖြစ်သည့်အလျှောက် လပွတ္တာမြို့နယ်၊သပြေချောင်းအုပ်စုဝဲဒေါင့်ကျေးရွာရှိ”ပညာလင်္ကာကျောင်း”တွင် သီတင်းသုံးနေထိုင်သော သင်္ကန်းဝတ်ဦးဇောတိက(ခ)လူအမည်ဦးစိုးမြင့်-အသက်(၆၈)နှစ်အား- သိက္ခာထပ်၍ရဟန်းဒါယကာ/ဒါယိကာမအဖြစ်လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပါသည်။

သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်သည် တရားလိုရဟန်းဒါယိကာမ ဒေါ်—– တို့မိသားစုနေအိမ်သို့မကြာခဏလာရောက်ပြီး နေထိုင်လေ့ရှိရာမှ ည(၈)နာရီအချိန်တွင် တရားလိုဖြစ်သူဒေါ်——သည် ယင်းတို့ကျေးရွာဈေးဆိုင်မှ ဈေးဝယ်၍အိမ်သို့ပြန်လာစဉ် မွေးစားသမီးဖြစ်သူမ———အသက်(၁၃)နှစ်အားနေအိမ်အပြင်ဘက် မှခေါ်ကြည့်ရာ

၎င်းမွေးစားသမီးမှာ မိမိတို့အိမ်တွင်ရောက်ရှိ သီတင်းသုံးနေသော သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်၏ ခြင်ထောင်အတွင်းမှ ဘောင်းဘီမပါပဲ အောက်ပိုင်းဗလာဖြင့်နေအိမ်အိပ်ခန်းအတွင်းသို့ ပြေးဝင်သွားခဲ့ပြီးနောက် ဘောင်းဘီဝတ်ကာ ပြန်ထွက်လာသဖြင့် တရားလိုဒေါ်—-မှမေးမြန်းရာ သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့် မှသူမအားခိုင်းစေ၍

ခြင်ထောင်အတွင်းတွင် နှိပ်ပေးနေစဉ်”အော်ရင်ဓါးနှင့်ထိုးသတ်မယ်”ဟုခြိမ်းခြောက်ကာ သူမ၏ဘောင်းဘီအားချွတ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းသိရသည်။ ထိုနောက် တရားလိုဖြစ်သူဒေါ်—–နှင့်ခင်ပွန်းတို့ လပွတ္တာမြို့သို့ရောက်နေစဉ် သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်မှ ရှေးနည်းအတိုင်းသူမအား

ခြင်ထောင်အတွင်းနှိပ်ခိုင်းစေ၍ နှိပ်ပေးနေစဉ် ဘောင်းဘီကိုဆွဲချွတ်ကာ “မအော်နဲ့ အော်ရင်ဓါးနှင့်ထိုးမယ်”ဟုပြောဆိုကာ ထပ်မံ၍သားမယားအဖြစ်ပြုကျင့်ခဲကြောင်းကိုမွေးစားသမီးမ—–မှ တရာလိုဖြစ်သူ မိမိထံသို့ဖုံးဖြင့်ဆက်သွယ်ပြောဆိုသိရှိရကာ မိမိတို့၏မွေးစားသမီးအား ခြိမ်းခြောက်၍သားမယားပြုကျင့်ခဲ့သူ လပွတ္တာမြို့နယ်၊

သပြေချောင်းအုပ်စု ဝဲဒေါင့်ကျေးရွာရှိပညာလင်္ကာကျောင်း”ထိုင်ဖြစ်သူ သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်အားအရေးယူပေးပါရန် လပွတ္တာမြို့နယ် ပြင်စလူရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်ကြည်စိုးနိုင်ထံသို့တိုင်ကြားခဲ့ကြောင်း သိရှိရပါသည်။

သားမယားအဖြစ်ပြုကျင့်သူဦးဇောတိက(ခ)ဦးစိုးမြင့်မှ အစစ်ခံထွက်ဆိုရာတွင်”မိမိမှာ ဦးမှတ်၏မွေးချင်း(၁၀)ဦးအနက်(၆)ယောက် မြောက်ဖြစ်ပြီး အသက်{၁၈)နှစ်ခန့်အရွယ်တွင်ဖျာပုံမြို့နယ်ဒေါ်နှင့်အိမ်ထောင်ကျပြီး သမီးတစ်ဦးထွန်းကားကာ ဇနီးဖြစ်သူကွယ်လွန်ခဲ့၍ သပြေချောင်းအုပ်စု ဝဲဒေါင့်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်နေထိုင်ခဲ့ကြောင်း၊

ဝဲဒေါင့်ကျေးရွာရှိ’ပညာလင်္ကာကျောင်း’တွင် ကျောင်းထိုင်ဘုန်းကြီးအဖြစ်(၈)နှစ်ခန့်နေထိုင်ကာ လွန်ခဲ့သော(၃)နှစ်ခန့်က—-ကျေးရွာနေတရာလိုဖြဝ်သူဒေါ်နှင့်ခင်ပွန်းတို့မှရဟန်းဒါယကာ/ ဒါယိကာမများအဖြစ်သိက္ခာထပ်၍၎င်းတို့အိမ်သို့မကြာခဏသွားရောက်နေခဲ့သည်။

ထိုကဲ့သို့ဖြင့် လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က တရားလိုဖြစ်သူမိမိ၏ရဟန်းဒါယိကာမဒေါ်—— ၏မွေးစားသမီးမ——-အား ခြင်ထောင်ထဲတွင်တစ်ကြိမ်၊ပြာသိုလထဲတွင်တစ်ကြိမ်၊တန်ခူးလဆုတ်နေ့တွင်တစ်ကြိမ် ယခင်နည်းအတိုင်း သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း”ကို အစစ်ခံထွက်ဆိုချက်ပေးခဲ့သည်။

သို့ဖြစ်ပါ၍ လပွတ္တာမြို့နယ်၊ ပြင်စလူရဲစခန်းမှ ခြိမ်းခြောက်၍သားမယား ပြုကျင့်ခဲ့သူဦးဇောတိက(ခ)ဦးစိုးမြင့်အား(ပ)၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုစစ် စခန်းမှူးရဲအုပ်ကြည်စိုးနိုင်မှ အရေးယူဆောင်လျှက်ပြီး လုပ်ထုံးလုပ်ငန်းများနှင့်အညီထိထိရောက်ရောက်အမြန်ဆုံးအရေးတရားစွဲဆိုနှိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရိပါသည်။

ရွှေသပြေ(UMB

 

Zawgyi















ရွှေသပြေ(UMB)

Leave a Reply

Your email address will not be published.