အိမ်ထောင်ရေးလမ်းနှစ်ခု အပြိုင်ပါသူတွေအကြောင်း…

ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက်လက်ပုံဖြင့်မျှဝေပေးပါတယ်..ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ..

သိတဲ့မိတ်ဆွေများလဲ သိကြမှာပါ..မသိသေးသူတွေအတွက် မျှဝေပေးလိုက်ပါတယ်…ဗဟုသုတရရှိဖို့ရည်ရွယ်ပါသည်..Photo Crd. ..🙏

ဝါသနာပါသူများအနေနဲ့..ပုံပါအတိုင်း အိမ်ထောင်ရေးလမ်းနှစ်ခုပါမယ်…ပြီးတော့ လမ်းနှစ်ခုကပြိုင်ပြီးထွက်လာခဲ့ရင်အညံ့လေးတွေကြုံရနိုင်ပါတယ်…

ဒါဟာ ဘဝမှာ အိမ်ထောင်ရေးအားနည်းမှုကိုပြပေးထားတယ်…အိမ်ထောင်ဖက်ကြောင့် စိတ်ညစ်ရခြင်း၊စိတ်သောကများရခြင်း၊အိမ်ထောင်ဖက်ရဲ့ဆိုးသမျှကို မိမိက ခံစားရခြင်းများကြုံရမယ်…

စိတ်ပင်ပန်းမှုဒဏ်ကိုကောင်းစွာရင်ဆိုင်ရမယ်…မေတ္တာရေးနဲ့အိမ်ထောင်ရေးမှာအားနည်းချက်ကရှိနေတယ်…

လမ်းနှစ်ခုအပြိုင်ရှိနေတာကြောင့် အိမ်ထောင်ဖက်ဟာမိမိ ကွယ်ရာမှာ စိတ်ဖောက်ပြန်မှုလေးတွေထားနေတက်တယ်..

စိတ်ခံစားချက်တွေ..စဉ်းစားတွေဝေမှုတွေများနေမယ်လို့ပြပေးထားတယ်…မိမိအမြင်မှာတော့ အများအားဖြင့် ကောင်းနေတက်တယ်…

ကွယ်ရာမှာဆို မိမိအိမ်ထောင်ဖက်ဟာ တခြားသောသူကိုပိုပြီးအလေးထားနေတက်တယ်…

စိတ်ကတခြားသူစီကိုရောက်နေတက်တယ်…နောက်ဆုံး အိမ်ထောင်ဖက်ရဲ့ဖောက်ပြန်မှုကိုလက္ခဏာရှင်က ခံစားကြုံတွေ့ရတက်ပါတယ်…

အဓိက ထိုအမှတ်အသားမျိုးဟာ အိမ်ထောင်ဖက်ရဲ့စိတ်အနေအထားထိကိုပြပေးတာဖြစ်တယ်…

နောက်တစ်ချက်က အိမ်ထောင်ဆက်သတိပြုပေးရမယ်…ဒါက ဆုံးဖြတ်မှုတွေ ၊နားလည်မှုတွေအားနည်းမှကြုံရနိုင်မယ့်အရာမျိုးဖြစ်ပါတယ်…

ဘဝမှာ အိမ်ထောင်ရေးအကြောင်းအမျိုးမျိုးကြောင့် ခွဲခွာရတက်ပါတယ်…

အဓိက ဒီအမှတ်အသားဟာ မိမိအိမ်ထောင်ရေးနဲ့အိမ်ထောင်ဖက်ကိုသတိထားနိုင်အောင် မျှဝေပေးတာဖြစ်ပါတယ်..

အချိန်မှီပြုပြင်နိုင်တော့ အညံ့နည်းပါလိမ့်မယ်…

ဒါနဲ့ ပြောပြချင်တာတစ်ခုကတော့ လူအများစုက အိမ်ထောင်ရေးလမ်းများတိုင် အိမ်ထောင်ဆက်တွေများမယ်လို့ထင်တက်ကြပါတယ်…

တကယ်တော့အဲ့လိုမျိုးမဟုတ်ပါဘူး…အိမ်ထောင်ဆက်ဆိုတာ လမ်းတစ်ခုပါလဲ အိမ်ထောင်ဆက်ကြုံတက်ကြပါတယ်…ဒါလေးတော့သတိပြုပေးပါ..

လက္ခဏာကိုလေ့လာသူများနဲ့ဝါသနာရှင်များအဓိကလေ့လာနိုင်ဖို့အသေးစိတ်မျှဝေချင်ပါ..

မိတ်ဆွေတို့ကိုနားလည်စေချင်တဲ့စေတနာနဲ့အသေးစိတ်မျှဝေပေးတာပါ..

(မှတ်ချက်) ဒီလိုအမှတ်အသားမျိုးပါနေရင်ကြိုတင်သတိထားပြုပြင်လို့ရပါတယ်…

အညံ့နည်းအောင်ကိုယ်ကအားပြုပြင်ဆင်ပေးရဖို့လိုအပ်ပါတယ်…

ကျေးဇူးရှင်များ နဲ့ ခုနှစ်ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ…အခက်ခဲများလဲ အဆင်ပြေစွာကျော်ဖြတ်နိုင်ကြပါစေ..🙏🏻🙏🏻🙏🏻

လက္ခဏာပညာရပ်ဖြင့် မိတ်ဆွေတို့ကံဇာတာကိုစစ်ဆေးပြီး အဆိုးအကောင်းများကိုတက်နိုင်သ၍ ပြုပြင်ပြောင်းလဲနိုင်ကြပါစေ..🙏🙏🙏🙏🙏

Leave a Reply

Your email address will not be published.