Unicode
“တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်အထိ အနားယူရတော့မယ့် အယ်ကန်တာရာ”
လီဗာပူးကွင်းလယ်လူ အယ်ကန်တာရာဟာ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။
အယ်ကန်တာရာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်က ” အသင်းအတွက် ကောင်းတဲ့အခြေ အနေမျိုး မဟုတ်ပေမယ့် ကွင်းလယ်လူတွေကို ခေါ်ယူမှာ မဟုတ်ပါဘူး။
ကွင်းလယ်ကစားသမားအချို့မှာ ဒဏ်ရာရှိနေတယ် ဆိုပေမယ့် အသင်းရဲ့ကွင်းလယ်မှာ ကစားနိုင်တဲ့သူတွေ ရှိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
အယ်ကန်တာရာ ဟာ မန်ယူနဲ့ကစားမယ့် အင်္ဂလန်ဒါဘီ ပွဲအပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲခန့်ကို လွဲချော်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
Leave a Reply
Your email address will not be published.