





Unicode

“စီရော်နယ်ဒို မရှိတဲ့နောက် ကိုယ်ကိုယ်ကို ပွဲအဖြေ ပြောင်းလဲသူအဖြစ် သတ်မှတ်ခဲ့တဲ့ ဘင်ဇီမာ “

ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာက အသင်းကနေ စီရော်နယ်ဒိုထွက်သွားပြီးနောက်မှာ အသင်းအတွက် ပွဲအဖြေကို ပြောင်းလဲနိုင်သူအဖြစ် ကိုယ်ကိုယ်ကို သတ်မှတ်ခဲ့ပြီး ယုံကြည်ခဲ့တယ်လို့ ဒီနေ့ည ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ဥရောပစူပါဖလားပွဲမတိုင်ခင်မှာ ပြောကြားသွားခဲ့ပါတယ်။

ဘင်ဇီမာ နဲ့ စီရော်နယ်ဒို တို့ဟာ ၂၀၀၉ ခုနှစ်ကတည်းက ရီးရဲလ်မှာ အတူတွဲကစားခဲ့ကြတာဖြစ်ပြီး ဘင်ဇီမာထက် စီရော်နယ်ဒိုတို့နဲ့အတူ တွဲကစားဖူးခဲ့တဲ့ ကစားသမား မရှိဘူးလို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

ဥရောပစူပါဖလားပွဲ မတိုင်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဘင်ဇီမာက ” စီရော်နယ်ဒို မရှိတော့တဲ့နောက် အသင်းအတွက် ကျွန်တော်အနေနဲ့ ဂိုးပိုသွင်းဖို့ လိုအပ်လာသလို အသင်းရဲ့တိုက်စစ်ကိုလည်း ဦးဆောင်ရမယ့်သူ ဖြစ်လာတယ်လို့ ယုံကြည်မိပါတယ်။

အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေရဲ့ စံပြကစားသမားဖြစ်အောင်လည်း လုပ်ဆောင်ရမယ်လို့ စဉ်းစားမိခဲ့တာကြောင့် အကောင်းဆုံး ကြိုးစားခဲ့တာပါ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published.