အိမ်ခိုက်တက်တဲ့ ပစ္စည်း ၈မျိုးနဲ့ သင့်အိမ်ကို လာဘ်ပိတ်စေတဲ့ အကြောင်းရင်း ၄မျိုး…
အိမ်တစ်အိမ်မှာ ယတြာဘယ်လောက်ချေချေ ကံကိုမကောင်းဘူး။ လာဘ်တွေပိတ်နေတယ်။ စီးပွားရေးတွေတိုးတက်မလာဘူးဆို ခုပြောပြမယ့်အချက်တွေနဲ့ ငြိနေလို့လည်း ဖြစ်နိုင်ပါတယ်။
နံပါတ်…(၁)ဘုရားစင်မှာပြဿနာရှိနေတာ။ ဘုရားပန်းအမြဲညှိုးနေတာ။ ဘုရားသောက်တော်ရေ ခမ်းနေတာ။ ဘုရားစင်ရှုပ်ပွနေတာ။ ဒါမှမဟုတ် ဘုရားနဲ့မဆိုင်တဲ့ပစ္စည်းတင်ထားတာ။
နံပါတ်…(၂)မီးဖိုးချောင်မှာ ပြဿနာရှိနေတာ။ မီးဖိုချောင်မှာ မြင့်မြတ်တဲ့ ပစ္စည်းများရှိနေတာ ။ဥပမာ ဘုရာပန်းအိုး၊ အိမ်ထောင်ဦးစီးရဲ့ အိင်္ကျီကို လက်နှီးလုပ်ထားတာ။ မီးဖိုးချောင်သုံး ပစ္စည်းများကို နေရာတကျမထားမိတာ။
နံပါတ်(၃)…ဖိနပ်စင်မှာ ပြဿနာရှိနေတာ ဖိနပ်များကြုံသလိုချွတ်တာကြောင့် မှောက်လန်ဖြစ်နေတာ ။မိမိခါးထက်မြင့်တဲ့ ဖိနပ်စင်ပေါ် ဖိနပ်များတင်မိနေတာ။
နံပါတ်(၄)…လူမှာ ပြဿနာရှိတာ မနက်စောစော အမင်္ဂလာစကားဖြင့်နိုးထတာ ။မရှိစကား ပြောလွန်းတာ ဒါမှမဟုတ် အတင်းပြောလွန်းတာ။ အိမ်တွင်းရှိ မင်္ဂလာရှိတဲ့အရပ်မှာ မင်္ဂလာမဲ့အောင် နေမိတာတို့ဖြစ်ပါတယ်။
Crd
zawgyi
Crd
Leave a Reply
Your email address will not be published.