မိုးနတ်သမီးလေး စုစုစံရဲ့ ယနေ့ည မိုးခန့်မှန်းချက်🌧🌧

မိုးနတ်သမီးလေး စုစုစံရဲ့ ယနေ့ည မိုးခန့်မှန်းချက်🌧🌧












မေလ၂၇ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးကို အနောက်တောင်မုတ်သုန်လေ လွှမ်းခြုံရောက်ရှိသွားနိုင်ပါတယ် မေလမကုန်မှိ ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်း ရှမ်းပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နှင့် ကျန်ဒေသတွေအားလုံးစိုက်ပျိုးရေအလုံအလောက်ရရှိစေမှာဖြစ်ပါတယ်

93B Tropical Depression TD ယနေ့ည ၉နာရီ ဘီလူးကျွန်းကို ဖြတ်ကျော်ဝင်ရောက်ကာ ဘားအံကို မနက် ၃နာရီမှာဖြတ်သန်းနိုင်ပါတယ် အိန္ဒိယမိုးလေဝသဌာနကြီး IMD က တစ်နာရီ 25kts မိုင်၃ဝခန့်ဟု ဖော်ပြခန့်မှန်းပေးထားပါတယ်

မွန်ပြည်နယ် ကရင်ပြည်နယ် မိုးကြီးရေလျှံသတိပြုကြပါ သက်နုတောင်များအနီးဆောက်လုပ်နေထိုင်ကြသူများ မြစ်နီးချောင်နီး မြေနိမ့်ဒေသနေထိုင်သူများ အထူးသတိထားကြပါ ခန့်မှန်းချိန် 20/05/2022 at 7:45PM(MMT)

ရန်ကုန်ညနဲ့မိုး၊ ရေးမြို့ ၂၀၂၂ မေလ ၂ဝရက်နေ့မှ ၂၂ရက်နေ့အထိ မိုးကြီးနိုင်သဖြင့် ရေးမြစ်ရေကြီးနိုင်ပါတယ် မင်း ဂွတ် သီး လေး Su Su San

၂၀၂၂ မေလ ၂၁ရက် ၂၂ရက်နေ့များတွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင် မြန်မာနိုင်ငံ လွိုင်ကော်ခရိုင် လင်းခေးခရိုင် တာချီလိတ်ခရိုင် ထိုင်းမြန်မာနယ်စပ်တလျှောက်မိုးကြီးရေလျှံနိုင်ပါတယ်

၂၀၂၂ မေလ ၂ဝရက်နေ့ည ၂၁ရက်နေ့မနက်ပိုင်းတွင် သံဖြူဇရပ် လမိုင်း ရေး ရေဖြူ ကန်ပေါက် ထားဝယ် လောင်းလုံ သရက်ချောင်း ပုလောက် ပုလော မြိတ် လမ်းပိုင်း မိုးကြီးရေလျှံနိုင်သဖြင့်

ခရီးသွားပြည်သူများ ကုန်စည်သယ်ယူပိုဆောင်သောမော်တော်ယာဉ်ကြီးများ အထူးသတိထားမောင်းနှင်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်

စပါးပျိုးကြဲခင်းတွေသတိ 🌧🌧၂၀၂၂ မေလ ၂ဝရက် ၂၁ရက် ရန်ကုန်တိုင်း သုံးခွ ခရမ်း ပိန်းကန် အုန်းနှဲ ကဝ ဒါးပိန် သက္ကလ သနပ်ပင် မိုးကြီးနိုင်သဖြင့် စပါးပျိုးကြဲခင်းများ ရေလွှမ်းနစ်မြုပ်မှုမဖြစ်အောင် ရေနုတ်မြောင်းများဖောက်လုပ်ကြပါလို့အကြံပြုလိုက်ပါတယ်

မုတ္တမပင်လယ်ကွေ့အတွင်းမှာ 93B လေဖိအားနည်လေဝဲတစ်ခုဖြစ်ပေါ်နေပြီး တစ်နာရီ ၂၅မိုင်နှုန်းတိုက်ခတ်နေပါတယ် လေပြင်းတိုက်ချိန် (​​ဆောက်တိုက်လေ)

တိုက်ခတ်နှုန်းမှာ တစ်နာရီ မိုင်၃ဝအထိတိုက်ခတ်နိုင်ပါတယ် မုတ္တမပင်လယ်ကွေ့ဒေသတွင်း စစ်တောင်းမြစ်ဝ မွန်ပြည်နယ် ကရင်ပြည်နယ် မိုးကြီးရေလျှံနိုင်ပါတယ်

အနောက်တောင်မုတ်သုန်လေသည် ရခိုင်ပြည်နယ်တောင်ပိုင်း ကျိန္တလိအထရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသများ ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးအားလုံးကိုလွှမ်းခြုံရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်

အနောက်တောင်မုတ်သုန်လေသည် မြန်မာကမ်းရိုးတန်း အားလုံးကို လွှမ်းခြုံဖို့ အသင့်ဖြစ်နေပါတယ် ၂၀၂၂ မေလ ၂၅ရက်နေ့ ၂၆ရက်နေ့တွေမှာ ရခိုင်ကမ်းရိုးတန်းအနီး Monsoon Low တစ်ခုဖြစ်လာနိုင်ပြီး

မေလ၂ရရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးကို အနောက်တောင်မုတ်သုန်လေ လွှမ်းခြုံရောက်ရှိသွားနိုင်ပါတယ် မေလမကုန်မှိ ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်း ရှမ်းပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နှင့် ကျန်ဒေသတွေအားလုံးစိုက်ပျိုးရေအလုံအလောက်ရရှိစေမှာဖြစ်ပါတယ်

 


Leave a Reply

Your email address will not be published.